သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



FILE - A security officer walks past the Association of Southeast Asian Nations (ASEAN) sign as he guards outside its secretariat building in Jakarta, Indonesia, Oct. 27, 2022.

[[ ZAWGYI ]]








တိုက်ရိုက် လင့်ခ်

{{ UNICODE }}

၂၀၂၃ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာမယ့် အင်ဒိုနီးရှားရဲ့ မြန်မာအပေါ် သဘောထား


မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအနေနဲ့ ကူညီဖြေရှင်းဖို့ရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်သာလျှင်အဖြစ်နိုင်ဆုံးနည်းလမ်းဖြစ်ပြီး၊ ဒီသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်ခြင်းဖြင့်သာ မြန်မာစစ်ကောင်စီအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာမယ့် အင်ဒိုနီးရှားက ပြောဆိုထားပါတယ်။

အင်ဒိုနီးရှား အာဆီယံဥက္ကဌတာဝန် ယူပြီးပြီးခြင်း ဒီအချက်တွေကို ချက်ခြင်း အကောင်အထည်ဖေါ်ဖို့လိုမယ်လို့ ဂျကာတာအခြေစိုက် သုတေသနဌာနကြီးဖြစ်တဲ့ BRIN က ASEAN ဆိုင်ရာသုတေသီ Pandu Prayoga ကပြောဆိုပါတယ်။

“ အင်ဒိုနီးရှားအနေနဲ့ ဥက္ကဌ တာဝန်ယူပြီးပြီးခြင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်ကို အမြန်ဆုံးခန့်အပ်ပြီး၊ ဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖေါ်ရပါမယ်။ သံတမန်ရေးအရ ကြိုးပမ်းမှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်ရပါမယ်။ မြန်မာစစ်ကောင်စီ အနေနဲ့ ဆွေးနွေးပြောဆိုမှုတွေမှာ ပါဝင်လာအောင်နဲ့ ဒီဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်လာအောင် တိုက်တွန်းရပါမယ်” လို့ သုတေသီ Pandu Prayoga ကပြောဆိုသွား တာပါ။

အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီ ပြောတာကို လိုက်ပါ လုပ်ဆောင်ရမှာ မဟုတ်ပဲ၊ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်ခြင်းဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ထားတဲ့ ဆုံးဖြတ်ချက်ဟာလည်း အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရက်ကို လိုက်ပါ အကောင်အထည် ဖေါ်လာအောင်ပိုမို ဖိအားပေး လုပ်ဆောင်နိုင်ဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ သုတေသီ Pandu Prayoga ကပြောဆို ပါတယ်။

XS
SM
MD
LG