သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးသံအျဖစ္ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ယူမည္


၇၇ႀကိမ္ေျမာက္ ကုလအေထြေထြညီလာခံမွာေတေြ႔ရတဲ့ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီ (Retno Marsudi) (စက္တင္ဘာ ၂၆၊ ၂၀၂၃)

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးသံအျဖစ္ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ယူမည္

ျမန္မာ့အေရး ကိုင္တြယ္ေျဖရွင္းမယ့္ အာဆီယံအထူးသံအျဖစ္ သူမကိုယ္တိုင္ ဦးေဆာင္ တာဝန္ယူသြားမယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။

လက္ရွိမွာ အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ ရဲ႕ အလွည္က် ဥကၠ႒ျဖစ္လာတဲ့ အင္ဒိုနီးရွားရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီ (Retno Marsudi) က ျမန္မာကိစၥကိုင္တြယ္ဖို႔ အင္ဒိုနီးရွားကဖြင့္မယ့္ အာဆီယံ႐ုံးကို ဦးေဆာင္သြားမယ္လို႔ ႏွစ္စဥ္ေျပာတဲ့ ႏွစ္သစ္မိန႔္ခြန္းအတြင္း ဒီေန႔ ဇန္နဝါရီ ၁၁ ရက္ေန႔မွာ ေျပာၾကားလိုက္တာပါ။

ျမန္မာစစ္ေကာင္စီဘက္က အရင္သေဘာတူခဲ့တဲ့ အာဆီယံ ဘုံသေဘာတူခ်က္ ၅ ရပ္ကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ေနတယ္လို႔ အာဆီယံဘက္က ေျပာလာခဲ့ခ်ိန္မွာ ကေမာၻဒီးယားႏိုင္ငံကေန အလွည့္က်ဥကၠ႒ လႊဲယူခဲ့တဲ့ အင္ဒိုနီးရွားဘက္က အခုလို ျပင္ဆင္လာတာပါ။

အာဆီယံ အထူးသံတမန္အသစ္အျဖစ္ ျမန္မာ့အေရးမွာ အဓိကသက္ဆိုင္သူအားလုံးနဲ႔ ခ်ဥ္းကပ္ ဆက္ဆံေဆာင္႐ြက္သြားမယ္၊ ဘာလို႔လဲဆိုေတာ့ ဒီအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမွာ ခံစားေနရတဲ့ အၾကပ္အတည္းအတြက္ ႏိုင္ငံေတာ္အဆင့္ ေဆြးေႏြးပြဲျဖစ္ဖို႔ အေရးႀကီးေနလို႔ပါလို႔ ဆက္ေျပာခဲ့ပါတယ္။

ျမန္မာစစ္ေကာင္စီဘက္က ေ႐ြးေကာက္ပြဲလုပ္ဖို႔ စီစဥ္ထားခ်ိန္မွာ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးမာဆူဒီကေတာ့ အာဆီယံ အတြင္းေရးမႈးခ်ဳပ္အေနနဲ႔ ျမန္မာက အေရးပါတဲ့ သက္ဆိုင္သူအားလုံးနဲ႔ ေတြ႕ခြင့္ရဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးမာဆူဒီက ဆက္ၿပီး ျမန္မာအေနနဲ႔ လက္ရွိ ႏိုင္ငံေရးအၾကပ္အတည္းထဲကေန ျပန္ထြက္ႏိုင္ဖို႔ လုပ္ႏိုင္တာအားလုံး ႀကိဳးပမ္း ေဆာင္႐ြက္သြားမယ္လို႔လည္း ကတိျပဳခဲ့ပါတယ္။ တဆက္ထဲမွာ ျမန္မာအာဏာပိုင္ေတြအေနနဲ႔ လူ႔သားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြကို ခြင့္ျပဳေပးဖို႔ကိုလည္း ဝန္ႀကီးမာဆူဒီက ဆက္ေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================================

[Unicode]

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံအဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမည်

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမယ့် အာဆီယံအထူးသံအဖြစ် သူမကိုယ်တိုင် ဦးဆောင် တာဝန်ယူသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

လက်ရှိမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ရဲ့ အလှည်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က မြန်မာကိစ္စကိုင်တွယ်ဖို့ အင်ဒိုနီးရှားကဖွင့်မယ့် အာဆီယံရုံးကို ဦးဆောင်သွားမယ်လို့ နှစ်စဉ်ပြောတဲ့ နှစ်သစ်မိန့်ခွန်းအတွင်း ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောကြားလိုက်တာပါ။

မြန်မာစစ်ကောင်စီဘက်က အရင်သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူချက် ၅ ရပ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ အာဆီယံဘက်က ပြောလာခဲ့ချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကနေ အလှည့်ကျဥက္ကဋ္ဌ လွှဲယူခဲ့တဲ့ အင်ဒိုနီးရှားဘက်က အခုလို ပြင်ဆင်လာတာပါ။

အာဆီယံ အထူးသံတမန်အသစ်အဖြစ် မြန်မာ့အရေးမှာ အဓိကသက်ဆိုင်သူအားလုံးနဲ့ ချဉ်းကပ် ဆက်ဆံဆောင်ရွက်သွားမယ်၊ ဘာလို့လဲဆိုတော့ ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံမှာ ခံစားနေရတဲ့ အကြပ်အတည်းအတွက် နိုင်ငံတော်အဆင့် ဆွေးနွေးပွဲဖြစ်ဖို့ အရေးကြီးနေလို့ပါလို့ ဆက်ပြောခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဘက်က ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်ထားချိန်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမာဆူဒီကတော့ အာဆီယံ အတွင်းရေးမှုးချုပ်အနေနဲ့ မြန်မာက အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးမာဆူဒီက ဆက်ပြီး မြန်မာအနေနဲ့ လက်ရှိ နိုင်ငံရေးအကြပ်အတည်းထဲကနေ ပြန်ထွက်နိုင်ဖို့ လုပ်နိုင်တာအားလုံး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ တဆက်ထဲမှာ မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့သားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ခွင့်ပြုပေးဖို့ကိုလည်း ဝန်ကြီးမာဆူဒီက ဆက်တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG