သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ လက်မခံဖို့ အာဆီယံကို EU တိုက်တွန်း 


Belgium EU ASEAN Summit
Belgium EU ASEAN Summit

မြန်မာစစ်ကောင်စီက ရှေ့နှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂနဲ့အတူ လက်မခံပဲ ဆန့်ကျင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကို EU က တိုက်တွန်းလိုက်ပါတယ်။ 

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ လက်မခံဖို့ အာဆီယံကို EU တိုက်တွန်း


{{Zawgyi/Unicode}}

မြန်မာစစ်ကောင်စီက ရှေ့နှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂနဲ့အတူ လက်မခံပဲ ဆန့်ကျင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကို EU က တိုက်တွန်းလိုက်ပါတယ်။

“၂၀၂၃ ခုနှစ် သြဂုတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ၊ ရွေးကောက်ပွဲ အဖြစ်နဲ့တောင် မခေါ်နိုင်တာကြောင့် EU နဲ့ အာဆီယံ တို့က ရှင်းရှင်းလင်းလင်း၊ တညီတညွတ်တည်း လက်မခံကြဖို့ လိုပါတယ်။” လို့ EU ပါလီမန် ဒု-ဥက္ကဋ္ဌ Heidi Hautala ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ပြောဆိုလိုက်တာပါ။

အာဆီယံနဲ့ EU သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အဖြစ် ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ်မြို့က ထိပ်သီးအစည်းအဝေးမှာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကိုတော့ ဖိတ်ကြားမထားပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး မြန်မာစစ်အာဏာပိုင်တွေကို အဆင့်မြင့်အစည်းအဝေးတွေမှာ မဖိတ်ဖို့ ဆုံး အာဆီယံက ဖြတ်ထားတာပါ။

စစ်ကောင်စီကတော့ အာဆီယံရဲ့ လုပ်ရပ်ဟာ အသင်းရဲ့ အခြေခံမူတွေကို ဖောက်ဖျက်ရာရောက်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။ အာဆီယံနဲ့ EU ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာတော့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အထူးစိုးရိမ်ပူပမ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသလို၊ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို EU က ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို ဇူလိုင်လထဲ ကွက်မျက်ခဲ့တဲ့အပေါ် ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံရဲ့လူအခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်ဖို့ ဆထက်ထမ်းပိုး တိုးလုပ်ဆောင်သွားမယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်







XS
SM
MD
LG