သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကူညီဆောင်ရွက်ဖို့ ကန်ရောက်မြန်မာတွေ ထိုင်းသံရုံးရှေ့တောင်းဆို


Burmese protested in front of Thai Embassy in DC
Burmese protested in front of Thai Embassy in DC

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ဖို့၊ မြန်မာစစ်ကောင်စီ အပေါ်မှာ အာဆီယံ အဖွဲ့ကြီးမူအတိုင်း ပြတ်ပြတ်သားသား ဆက်ဆံဖို့ အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီ ရှိ ထိုင်းသံရုံးရှေ့မှာ မြန်မာဒီမိုကရေစီအင်အားစုတွေ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာ့အရေး ကူညီဆောင်ရွက်ဖို့ ကန်ရောက်မြန်မာတွေ ထိုင်းသံရုံးရှေ့တောင်းဆို

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ဖို့၊ မြန်မာစစ်ကောင်စီ အပေါ်မှာ အာဆီယံ အဖွဲ့ကြီးမူအတိုင်း ပြတ်ပြတ်သားသား ဆက်ဆံဖို့ အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီ ရှိ ထိုင်းသံရုံးရှေ့မှာ မြန်မာဒီမိုကရေစီအင်အားစုတွေ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အိတ်ဖွင့်ပေးစာ တဆောင်လည်း ပေးခဲ့တယ်လို့ အဲဒီ ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးရင်အေး က ပြောပါတယ်။

" ထိုင်းနိုင်ငံအနေနဲ့ လက်ရှိ NUG အပါအဝင် နွေဦးတော်လှန် အင်အားစုတွေကို ပြတ်ပြတ်သားသားရပ်တည်ပေးဖို့ ၊ လိုအပ်တာတွေ ကူညီပေးဖို့ ၊မကြာခင်မှာပဲ NDAA မှာပါတဲ့ Burma Act က လာမဲ့ အကူအညီတွေကို အမေရိကန် ကနေ အများကြီးလာတော့မယ်။ ဒါတွေကို ထိုင်းနိုင်ငံကနေ ထဲထဲဝင်ဝင် ကူညီပြီးတော့မှ တကယ် ဒုက္ခရောက်နေကြတဲ့ အင်အားစုတွေဆီကို ရောက်အောင်ပိုပေးဖို့ ၊ ဒါတွေကို လုပ်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မျက်နှာပျက်နေတာကို ပြန်လည် အဖတ်ဆယ်ဖို့အတွက် အိပ်ဖွင့်ပေးစာ ပေးတာဖြစ်ပါတယ် "

ဒါအပြင် ပြည်တွင်းမှာ တိုက်ပွဲတွေနဲ့ အပြင်းအထန် ပြန်လည်ခုခံနေကြသလို နိုင်ငံတကာ မျက်နှာစာမှာလည်း မျက်နှာမလှ ဖြစ်နေတဲ့ မြန်မာစစ်ကောင်စီကို ထိုင်းအစိုးရက မျက်နှာသာပေး ဆက်ဆံရေးမှု မလုပ်ဖို့လည်း ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး နဲ့ မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ပိုစတာတွေကိုလည်း ပြသထားကြပါတယ်။

အဲဒီ ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီ မြို့တော် နဲ့ အနီးတဝိုက်က မြန်မာ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေပါဝင်ကြပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}







XS
SM
MD
LG