သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး လႈပ္ရွားသူေတြ ကန္ အထက္လႊတ္ေတာ္ အမတ္တခ်ိဳ႕နဲ႔ ေတြ႕ဆုံ


[[ ZAWGYI / UNICODE ]]

ျမန္မာ့အေရး လႈပ္ရွားသူေတြ ကန္ အထက္လႊတ္ေတာ္ အမတ္တခ်ိဳ႕နဲ႔ ေတ့ြဆုံ

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီ တဝိုက္မွာရွိတဲ့ ျမန္မာ့ဒီမိုကေရစီအေရးလႈပ္ရွား သူေတြဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ဆီးနိတ္ လႊတ္ေတာ္ကိုယ္စားလွယ္ တခ်ိဳ႕ကို ၾကာသာပေတးေန႔က သြားေရာက္ေတြ႕ဆုံ တိုက္တြန္းခဲ့သလို၊ ထိုင္းႏိုင္ငံသ႐ုံးေရွ႕မွာလည္း ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။

အေမရိကန္ ေအာက္လႊတ္ေတာ္မွာ အတည္ျပဳထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ Burma Act 2021 ဥပေဒကို အထက္လႊတ္ေတာ္ အမတ္ေတြကပါ ေထာက္ခံ အတည္ျပဳေပးႏိုင္ဖို႔ စည္း႐ုံးတိုက္တြန္းအေနနဲ႔ မယ္ရီလန္းျပည္နယ္အေျခစိုက္ ခ်င္းတိုင္းရင္းသားမ်ားအဖြဲ႕က ၾကာသာပေတးေန႔မွာ အထက္လႊတ္ေတာ္အမတ္ တခ်ိဳ႕နဲ႔ သြားေရာက္ေတြ႕ဆုံၿပီး တိုက္တြန္းခဲ့ေၾကာင္း ေတြဆုံရာမွာ ပါဝင္တဲ့ တာဝန္ရွိသူေတြက ေျပာဆိုပါတယ္။

ဆီနိတ္တာ Chuck Grassley နဲ႔ ဆီနိတ္တာ Josh Hawley တို႔ အပါအဝင္ လႊတ္ေတာ္တာဝန္ရွိသူတခ်ိဳ႕နဲ႔ေတြ႕ဆုံရာမွာ ဦးေဆာင္ပါဝင္တဲ့ ဦးဇိုသုန္းမႈန္က ေျပာပါတယ္။

လက္ရွိစစ္ေကာင္စီက ခ်င္းျပည္နယ္ အပါအဝင္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကယားျပည္နယ္ေတြမွာ ႐ြာေတြကို မီးရႈိ႕ဖ်က္စီးေနတာ၊ အရပ္သားေတြ အသတ္ခံေနရတာကိုလည္း ေျပာဆိုခဲ့တယ္လို႔ဆိုပါတယ္။

တၿပိဳင္နက္ထဲမွာ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းအထူးကိုယ္စားလွယ္ Pornpimol "Pauline" Kanchanalak က ျမန္မာစစ္အစိုးရနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ စကၤာပူရွန္ဂရီလာ ေဆြးေႏြးပြဲမွာ မွတ္ခ်က္ျပဳ ေျပာဆိုခဲ့တာဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းက ျမန္မာႏိုင္ငံကိုခ်ဥ္းကပ္ လုပ္ေဆာင္ေနတဲ့မူနဲ႔ လြဲေခ်ာ္ေနတဲ့အတြက္ဆိုကာ မယ္ရီလန္းနဲ႔ ဝါရွင္တန္ဒီစီတဝိုက္ ျမန္မာ့အေရးတက္ႂကြလႈပ္ရွားသူေတြက ၾကာသာပေတးေန႔ ေန႔လည္ပိုင္း ဝါရွင္တန္ဒီစီ ထိုင္းသံ႐ုံးေရွ႕ ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။

ထိုင္းသံ႐ုံး တာဝန္ရွိသူေတြ လက္ခံေတြဆုံခဲ့ၿပီး ကန႔္ကြက္စာေပးတာကို လက္ခံယူခဲ့တယ္လို႔ ဦးေဆာင္လုပ္ကိုင္သူ ကိုယဥ္ေအးက VOA ကိုေျပာဆိုပါတယ္။

===================================

{{ UNICODE }}

မြန်မာ့အရေး လှုပ်ရှားသူတွေ ကန် အထက်လွှတ်တော် အမတ်တချို့နဲ့ တေ့ွဆုံ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ တဝိုက်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှား သူတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်ဆီးနိတ် လွှတ်တော်ကိုယ်စားလှယ် တချို့ကို ကြာသာပတေးနေ့က သွားရောက်တွေ့ဆုံ တိုက်တွန်းခဲ့သလို၊ ထိုင်းနိုင်ငံသရုံးရှေ့မှာလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ Burma Act 2021 ဥပဒေကို အထက်လွှတ်တော် အမတ်တွေကပါ ထောက်ခံ အတည်ပြုပေးနိုင်ဖို့ စည်းရုံးတိုက်တွန်းအနေနဲ့ မယ်ရီလန်းပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားများအဖွဲ့က ကြာသာပတေးနေ့မှာ အထက်လွှတ်တော်အမတ် တချို့နဲ့ သွားရောက်တွေ့ဆုံပြီး တိုက်တွန်းခဲ့ကြောင်း တွေဆုံရာမှာ ပါဝင်တဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဆီနိတ်တာ Chuck Grassley နဲ့ ဆီနိတ်တာ Josh Hawley တို့ အပါအဝင် လွှတ်တော်တာဝန်ရှိသူတချို့နဲ့တွေ့ဆုံရာမှာ ဦးဆောင်ပါဝင်တဲ့ ဦးဇိုသုန်းမှုန်က ပြောပါတယ်။

လက်ရှိစစ်ကောင်စီက ချင်းပြည်နယ် အပါအဝင်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်တွေမှာ ရွာတွေကို မီးရှို့ဖျက်စီးနေတာ၊ အရပ်သားတွေ အသတ်ခံနေရတာကိုလည်း ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

တပြိုင်နက်ထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ် Pornpimol "Pauline" Kanchanalak က မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ စင်္ကာပူရှန်ဂရီလာ ဆွေးနွေးပွဲမှာ မှတ်ချက်ပြု ပြောဆိုခဲ့တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကိုချဉ်းကပ် လုပ်ဆောင်နေတဲ့မူနဲ့ လွဲချော်နေတဲ့အတွက်ဆိုကာ မယ်ရီလန်းနဲ့ ဝါရှင်တန်ဒီစီတဝိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ကြာသာပတေးနေ့ နေ့လည်ပိုင်း ဝါရှင်တန်ဒီစီ ထိုင်းသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းသံရုံး တာဝန်ရှိသူတွေ လက်ခံတွေဆုံခဲ့ပြီး ကန့်ကွက်စာပေးတာကို လက်ခံယူခဲ့တယ်လို့ ဦးဆောင်လုပ်ကိုင်သူ ကိုယဉ်အေးက VOA ကိုပြောဆိုပါတယ်။

XS
SM
MD
LG