သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလဆိုင္ရာ ျမန္မာကိုယ္စားလွယ္ကိစၥ ႏွင္႔ ေရွ႕အလားအလာ


ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း

[[ ZAWGYI / UNICODE ]]

ကုလဆိုင္ရာ ျမန္မာကိုယ္စားလွယ္ကိစၥႏွင္႔ ေရွ႕အလားအလာ

ကုလသမဂၢမွာ ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဦးေက်ာ္မိုးထြန္းကိုပဲ ဆက္ၿပီး ေနရာေပးတာက ျမန္မာျပည္အေရးအတြက္ တစုံတရာ အေထာက္အကူ ျဖစ္ေစလိမ့္မယ္လို႔ ႏိုင္ငံေရးေလ့လာသူတခ်ိဳ႕က သုံးသပ္ေပမဲ့ ျမန္မာျပည္တြင္း အၾကမ္းဖက္မႈေတြ ရပ္တန႔္သြားေစေရး ႀကိဳးပမ္းမႈအပိုင္းမွာေတာ့ စိန္ေခၚမႈေတြ ရွိေနလိမ့္ဦးမယ္လို႔ ျမင္ၾကပါတယ္။ ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမယ့္ အၿမဲတမ္းကိုယ္စားလွယ္ ေနရာအတြက္ NUG အစိုးရနဲ႔ စစ္ေကာင္စီတို႔ အၿပိဳင္အဆိုင္ အဆို တင္သြင္းေနခ်ိန္မွာ ခုလို ေျပာဆိုလိုက္ၾကတာပါ။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

၂၀၂၂-၂၃ သက္တမ္းအတြက္ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဘယ္သူ႔ကို ေ႐ြးခ်ယ္ရမလဲဆိုတာ ၊ နယူးေယာက္ၿမိဳ႕မွာ လက္ရွိက်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံရဲ႕ ကိုယ္စားလွယ္စိစစ္ေရးအဖြဲ႕ (Credential Committee)က ထပ္မံ ဆုံးျဖတ္ဖို႔ အခ်ိန္ ေရာက္လာျပန္ပါတယ္။ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ရာထူးအတြက္ စစ္ေကာင္စီကေရာ ၊ NUG အစိုးရဖက္ကပါ အမည္စာရင္း တင္သြင္းထားၿပီး သံတမန္ေရးအရ ႀကိဳးပမ္းေနၾကပါတယ္။

ျမန္မာျပည္တြင္းမွာ လက္ရွိ ရင္ဆိုင္ေနရတဲ့ ဖမ္းဆီးမႈေတြ၊ အၾကမ္းဖက္ သတ္ျဖတ္ ခံရမႈေတြ၊ ဘာသာေရးေက်ာင္း အပါအဝင္ ေက်း႐ြာေတြ မီးရႈိ႕ခံရတာ၊ စတဲ့ မၿငိမ္းခ်မ္းဖြယ္ အေျခအေနေတြကိုၾကည့္ၿပီး ကုလသမဂၢ Credential ေကာ္မတီအဖြဲ႕ဝင္ႏိုင္ငံေတြက NUG ရဲ႕ကိုယ္စားလွယ္ျဖစ္တဲ့ ဦးေက်ာ္မိုးထြန္းကိုသာ အသိအမွတ္ျပဳ ေ႐ြးခ်ယ္ဖို႔ မ်ားတယ္လို႔ ျမင္သူကေတာ့ အေမရိကန္အလယ္ပိုင္း အင္ဒီယားနားျပည္နယ္က ႏိုင္ငံေရးသုံးသပ္သူ ေဒါက္တာ ႐ိုဒင္းငါ ျဖစ္ပါတယ္။

" ကုလသမဂၢ အေထြေထြညီလာခံ ဆုံးျဖတ္တဲ့အခါ ဦးေက်ာ္မိုးထြန္း ျဖစ္ႏိုင္ေျခ မ်ားတယ္လို႔ က်ေနာ္ယူဆပါတယ္။ ဘာလို႔လဲ ဆိုေတာ့ အဓိက ကန္႔ကြက္ႏိုင္မယ့္ ႐ုရွားက ဒီေလာက္ႀကီး ကန္႔ကြက္လိမ့္မယ္လို႔ မထင္ဘူး။ ႐ုရွားနဲ႔ တ႐ုတ္သည္ပင္လွ်င္ အမိုက္မဲခံၿပီး စစ္ေကာင္စီခန္႔ ကိုယ္စားလွယ္ကို ေထာက္ခံ ေရြးခ်ယ္မယ္လို႔ မထင္ဘူး။ ေနာက္ၿပီး အာဖရိကႏိုင္ငံေတြ ဖက္ကလည္း ကန္႔ကြက္မယ့္ဟာ သိပ္ရွိမယ္လို႔ မထင္ဘူး။ ဒါေၾကာင့္ ဦးေက်ာ္မိုးထြန္းကပဲ ျမန္မာျပည္အတြက္ ဆက္လက္ၿပီးေတာ့ ကုလသမဂၢမွာ ကိုယ္စားျပဳသြားမယ္လို႔ က်ေနာ္ အမ်ားႀကီး ေမွ်ာ္လင့္ပါတယ္။ "

ကုလသမဂၢမွာ ျမန္မာရဲ႕ တရားဝင္ကိုယ္စားလွယ္အျဖစ္ မႏွစ္က တင္သြင္းထားတဲ့ ဝါရွင္တန္ဒီစီ ျမန္မာစစ္သံမႉး ဗိုလ္မႉးႀကီး ေအာင္သူရိန္ကိုပဲ စစ္ေကာင္စီက ဆက္လက္ အဆိုျပဳထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာဆိုထားပါတယ္။

ဒါေပမဲ့ ဦးေက်ာ္မိုးထြန္းနဲ႔ ဗိုလ္မႉးႀကီး ေအာင္သူရိန္တို႔ ႏွစ္ဦးအနက္ ဘယ္သူ႔ကို ေရြးခ်ယ္မလဲဆိုတာ Credential ေကာ္မတီက ဒီႏွစ္မွာ ျပတ္ျပတ္သားသား ဆုံးျဖတ္ပါ့မလားဆိုတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚေနတာပါ။ ကုလသမဂၢ သံတမန္အသိုင္းအဝိုင္းနဲ႔ နီးစပ္တဲ့ ဗြီအိုေအရဲ႕သတင္းရင္းျမစ္ကေတာ့ တေယာက္ေယာက္ကို ေရြးခ်ယ္လိုက္တာမ်ဳိး မလုပ္ပဲ ၊ Credential ေကာ္မတီက မႏွစ္တုန္းကလို ဆုံးျဖတ္ခ်က္မခ်ပဲ ထားလိုက္တာမ်ဳိး ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီအခ်က္နဲ႔ တသေဘာထဲ သုံးသပ္သူကေတာ့ အင္ဒီယာနာ ပိုလိဇ္ျမဳိ႕မွာေနထိုင္တဲ့ ျမန္မာ့ႏိုင္ငံေရးေလ့လာသူ ေဒါက္တာ တင္ေဆြပဲ ျဖစ္ပါတယ္။

" မႏွစ္ကလည္း က်ေနာ္တို႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆက္လက္ရွိေရးကိစၥမွာ တ႐ုတ္နဲ႔ အေမရိကန္ၾကား ညႇိႏႈိင္းႏိုင္ခဲ့တယ္လို႔ ျမင္ပါတယ္။ ဒီႏွစ္ေတာ့ကာ လုံျခဳံေရးေကာင္စီမွာ အၿမဲတမ္းအဖြဲ႔ဝင္ျဖစ္တဲ့ ႐ုရွားနဲ႔ စစ္ေကာင္စီက ပလူးပလဲလုပ္ၿပီးေတာ့ ဆရာတင္ေနတဲ့အခ်ိန္ျဖစ္ေနေတာ့ ၊ ဒီဟာကို အေမရိကန္ျပည္ေထာင္စုက သံတမန္နည္းအရ ႐ုရွားရယ္ ၊ တ႐ုတ္ရယ္ကို ဘယ္ေလာက္ စည္း႐ုံးႏိုင္မလဲ ဆိုတဲ့အေပၚမွာ မူတည္လိမ့္မယ္လို႔ က်ေနာ္ ယူဆပါတယ္ ခင္ဗ်။ သို႔ေသာ္ က်ေနာ္ကေတာ့ ဒီ သံတမန္ေရး လႈပ္ရွားမႈမွာ ျပည္သူလူထုဖက္က အႏိုင္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ဆဲျဖစ္ပါတယ္။ "

ဒါဆိုရင္ ခုလို သံတမန္ေရး အားျပဳိင္မႈမွာ ကာယကံရွင္ျဖစ္တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ အျမင္က ဘယ္လိုရွိပါသလဲ။ Credential ေကာ္မတီထဲမွာ ျမန္မာ့ဒီမိုကေရစီေရးကို အားေပးေထာက္ခံတဲ့ႏိုင္ငံ အေတာ္မ်ားမ်ားရွိတယ္လို႔ သူက VOA ကို ေျပာပါတယ္။

" ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီလႈပ္ရွားမႈမွာ အားေပးေနတဲ့ ႏိုင္ငံေတြ ၾကားမွာေတာ့ေပါ့ေနာ္ ၊ ျပည္သူေတြကို ကိုယ္စားျပဳတဲ့ လူကိုသာ ဆက္လက္ၿပီးေတာ့ ဒီေနရာမွာ ရွိေစဖို႔အတြက္ ဆက္ၿပီးေတာ့ သူတို႔ကိုယ္တိုင္ကိုက တြန္းအားေပးတယ္၊ သူတို႔ကိုယ္တိုင္က အားေပး ေဆာင္ရြက္တယ္ေပါ့ေနာ္။ ဒါေၾကာင့္ ေထာက္ခံအားေပးျခင္း အားေပးပံ့ပိုးျခင္းေတြကို သူတို႔အေနနဲ႔ လုပ္သြားမယ္လို႔ က်ေနာ္ ယုံၾကည္ပါတယ္ ခင္ဗ်။ "

ကုလသမဂၢရဲ႕ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ေနရာမွာ ဦးေက်ာ္မိုးထြန္း ဆက္ရွိေနဦးမယ္ ဆိုရင္ေတာင္ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈ ျပသနာေတြ ေလ်ာ့က်သြားေအာင္လို႔ ကုလသမဂၢမွာ လုပ္ေဆာင္ႏိုင္မွာပါလား။ ကယ္လီဖိုးနီးယားျပည္နယ္က ျမန္မာ့အေရး ေလ့လာသုံးသပ္သူ ေဒါက္တာ စိုင္းေထြးေမာင္က ခုလိုျမင္ပါတယ္။

" တကယ္လို႔ ဦးေက်ာ္မိုးထြန္းကို ဆက္ၿပီးထားမယ္ဆိုရင္ ဒါ အေကာင္းဆုံးပဲ။ အနည္းဆုံးေတာ့သူက ျမန္မာျပည္သူရဲ႕အသံကို ကုလသမဂၢမွာ သူေျပာျပလို႔ ရတယ္။ ေနာက္ၿပီး စိန္ေခၚမႈအပိုင္းကေတာ့ စစ္အစိုးရက လုပ္ေနတဲ့ အၾကမ္းဖက္မႈေတြ ေလ်ာ့သြားမလား ဆိုတဲ့အပိုင္းမွာက်ေတာ့ - အဲဒီလို ေလ်ာ့သြားေစႏိုင္တဲ့ အာဏာ သူ႔မွာ မရွိဘူး။ သူ႔အေနနဲ႔က ျမန္မာျပည္မွာ ျဖစ္ပ်က္ေနတဲ့ အရာအားလုံး - အၾကမ္းဖက္မႈေတြ မတရားမႈေတြ ႏွိပ္စက္ညႇဥ္းဆဲမႈေတြ သတ္ျဖတ္မႈေတြ .. အားလုံးကို ကုလသမဂၢကို သူက တခုမက်န္ တင္ျပေပးဖို႔လိုတယ္။ အဲဒါ သူ႔ရဲ႕စိန္ေခၚမႈပဲ ျဖစ္ပါတယ္။ "

လာမယ့္ သီတင္းပတ္ေတြထဲမွာေတာ့ ျမန္မာျပည္သူအမ်ားစုရဲ႕အသံကို ကိုယ္စားျပဳႏိုင္မယ့္ NUG ရဲ႕ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကပဲ ကုလသမဂၢမွာ ဆက္ရွိေနမလား၊ စစ္ေကာင္စီက တင္သြင္းတဲ့ ကိုယ္စားလွယ္ကပဲ ေနရာ ရသြားႏိုင္သလားဆိုတာကိုေတာ့ စောင့္ၾကည့္ရမွာ ျဖစ္ပါတယ္ခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

====================

{{ UNICODE }}

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကိစ္စ နှင့် ရှေ့အလားအလာ

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီး နေရာပေးတာက မြန်မာပြည်အရေးအတွက် တစုံတရာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပေမဲ့ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ ရပ်တန့်သွားစေရေး ကြိုးပမ်းမှုအပိုင်းမှာတော့ စိန်ခေါ်မှုတွေ ရှိနေလိမ့်ဦးမယ်လို့ မြင်ကြပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့် အမြဲတမ်းကိုယ်စားလှယ် နေရာအတွက် NUG အစိုးရနဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင် အဆို တင်သွင်းနေချိန်မှာ ခုလို ပြောဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၂၀၂၂-၂၃ သက်တမ်းအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ ၊ နယူးယောက်မြို့မှာ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့ (Credential Committee)က ထပ်မံ ဆုံးဖြတ်ဖို့ အချိန် ရောက်လာပြန်ပါတယ်။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရာထူးအတွက် စစ်ကောင်စီကရော ၊ NUG အစိုးရဖက်ကပါ အမည်စာရင်း တင်သွင်းထားပြီး သံတမန်ရေးအရ ကြိုးပမ်းနေကြပါတယ်။

မြန်မာပြည်တွင်းမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ ဖမ်းဆီးမှုတွေ၊ အကြမ်းဖက် သတ်ဖြတ် ခံရမှုတွေ၊ ဘာသာရေးကျောင်း အပါအဝင် ကျေးရွာတွေ မီးရှို့ခံရတာ၊ စတဲ့ မငြိမ်းချမ်းဖွယ် အခြေအနေတွေကိုကြည့်ပြီး ကုလသမဂ္ဂ Credential ကော်မတီအဖွဲ့ဝင်နိုင်ငံတွေက NUG ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြု ရွေးချယ်ဖို့ များတယ်လို့ မြင်သူကတော့ အမေရိကန်အလယ်ပိုင်း အင်ဒီယားနားပြည်နယ်က နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရိုဒင်းငါ ဖြစ်ပါတယ်။

" ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်တဲ့အခါ ဦးကျော်မိုးထွန်း ဖြစ်နိုင်ခြေ များတယ်လို့ ကျနော်ယူဆပါတယ်။ ဘာလို့လဲ ဆိုတော့ အဓိက ကန့်ကွက်နိုင်မယ့် ရုရှားက ဒီလောက်ကြီး ကန့်ကွက်လိမ့်မယ်လို့ မထင်ဘူး။ ရုရှားနဲ့ တရုတ်သည်ပင်လျှင် အမိုက်မဲခံပြီး စစ်ကောင်စီခန့် ကိုယ်စားလှယ်ကို ထောက်ခံ ရွေးချယ်မယ်လို့ မထင်ဘူး။ နောက်ပြီး အာဖရိကနိုင်ငံတွေ ဖက်ကလည်း ကန့်ကွက်မယ့်ဟာ သိပ်ရှိမယ်လို့ မထင်ဘူး။ ဒါကြောင့် ဦးကျော်မိုးထွန်းကပဲ မြန်မာပြည်အတွက် ဆက်လက်ပြီးတော့ ကုလသမဂ္ဂမှာ ကိုယ်စားပြုသွားမယ်လို့ ကျနော် အများကြီး မျှော်လင့်ပါတယ်။ "

ကုလသမဂ္ဂမှာ မြန်မာရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် မနှစ်က တင်သွင်းထားတဲ့ ဝါရှင်တန်ဒီစီ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကိုပဲ စစ်ကောင်စီက ဆက်လက် အဆိုပြုထားတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဦးကျော်မိုးထွန်းနဲ့ ဗိုလ်မှူးကြီး အောင်သူရိန်တို့ နှစ်ဦးအနက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ Credential ကော်မတီက ဒီနှစ်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။ ကုလသမဂ္ဂ သံတမန်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဗွီအိုအေရဲ့သတင်းရင်းမြစ်ကတော့ တယောက်ယောက်ကို ရွေးချယ်လိုက်တာမျိုး မလုပ်ပဲ ၊ Credential ကော်မတီက မနှစ်တုန်းကလို ဆုံးဖြတ်ချက်မချပဲ ထားလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအချက်နဲ့ တသဘောထဲ သုံးသပ်သူကတော့ အင်ဒီယာနာ ပိုလိဇ်မြို့မှာနေထိုင်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ တင်ဆွေပဲ ဖြစ်ပါတယ်။

" မနှစ်ကလည်း ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိရေးကိစ္စမှာ တရုတ်နဲ့ အမေရိကန်ကြား ညှိနှိုင်းနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ဒီနှစ်တော့ကာ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားနဲ့ စစ်ကောင်စီက ပလူးပလဲလုပ်ပြီးတော့ ဆရာတင်နေတဲ့အချိန်ဖြစ်နေတော့ ၊ ဒီဟာကို အမေရိကန်ပြည်ထောင်စုက သံတမန်နည်းအရ ရုရှားရယ် ၊ တရုတ်ရယ်ကို ဘယ်လောက် စည်းရုံးနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော် ကျနော်ကတော့ ဒီ သံတမန်ရေး လှုပ်ရှားမှုမှာ ပြည်သူလူထုဖက်က အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ဆဲဖြစ်ပါတယ်။ "

ဒါဆိုရင် ခုလို သံတမန်ရေး အားပြိုင်မှုမှာ ကာယကံရှင်ဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။ Credential ကော်မတီထဲမှာ မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့နိုင်ငံ အတော်များများရှိတယ်လို့ သူက VOA ကို ပြောပါတယ်။

" မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အားပေးနေတဲ့ နိုင်ငံတွေ ကြားမှာတော့ပေါ့နော် ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ လူကိုသာ ဆက်လက်ပြီးတော့ ဒီနေရာမှာ ရှိစေဖို့အတွက် ဆက်ပြီးတော့ သူတို့ကိုယ်တိုင်ကိုက တွန်းအားပေးတယ်၊ သူတို့ကိုယ်တိုင်က အားပေး ဆောင်ရွက်တယ်ပေါ့နော်။ ဒါကြောင့် ထောက်ခံအားပေးခြင်း အားပေးပံ့ပိုးခြင်းတွေကို သူတို့အနေနဲ့ လုပ်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ် ခင်ဗျ။ "

ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် နေရာမှာ ဦးကျော်မိုးထွန်း ဆက်ရှိနေဦးမယ် ဆိုရင်တောင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှု ပြသနာတွေ လျော့ကျသွားအောင်လို့ ကုလသမဂ္ဂမှာ လုပ်ဆောင်နိုင်မှာပါလား။ ကယ်လီဖိုးနီးယားပြည်နယ်က မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းထွေးမောင်က ခုလိုမြင်ပါတယ်။

" တကယ်လို့ ဦးကျော်မိုးထွန်းကို ဆက်ပြီးထားမယ်ဆိုရင် ဒါ အကောင်းဆုံးပဲ။ အနည်းဆုံးတော့သူက မြန်မာပြည်သူရဲ့အသံကို ကုလသမဂ္ဂမှာ သူပြောပြလို့ ရတယ်။ နောက်ပြီး စိန်ခေါ်မှုအပိုင်းကတော့ စစ်အစိုးရက လုပ်နေတဲ့ အကြမ်းဖက်မှုတွေ လျော့သွားမလား ဆိုတဲ့အပိုင်းမှာကျတော့ - အဲဒီလို လျော့သွားစေနိုင်တဲ့ အာဏာ သူ့မှာ မရှိဘူး။ သူ့အနေနဲ့က မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံး - အကြမ်းဖက်မှုတွေ မတရားမှုတွေ နှိပ်စက်ညှဉ်းဆဲမှုတွေ သတ်ဖြတ်မှုတွေ .. အားလုံးကို ကုလသမဂ္ဂကို သူက တခုမကျန် တင်ပြပေးဖို့လိုတယ်။ အဲဒါ သူ့ရဲ့စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ "

လာမယ့် သီတင်းပတ်တွေထဲမှာတော့ မြန်မာပြည်သူအများစုရဲ့အသံကို ကိုယ်စားပြုနိုင်မယ့် NUG ရဲ့ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကပဲ ကုလသမဂ္ဂမှာ ဆက်ရှိနေမလား၊ စစ်ကောင်စီက တင်သွင်းတဲ့ ကိုယ်စားလှယ်ကပဲ နေရာ ရသွားနိုင်သလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG