သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမယ့္သူ ေရြးခ်ယ္ေရး အလားအလာ


Online conference on Myanmar representative and UN Credential Committee

အခု က်င္းပေနတဲ့ (၇၇) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံရဲ႕ Creditional ေကာ္မတီကေန ကုလသမဂၢမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳမယ့္ ကိုယ္စားလွယ္ စိစစ္ေ႐ြးခ်ယ္မယ့္ကိစၥကို ဆက္လက္ဆုံးျဖတ္ရဖို႔ရွိေနပါတယ္။ ေကာ္မတီအေနနဲ႔ မႏွစ္ကလို မဆုံးျဖတ္ႏိုင္ဘဲ ေ႐ႊ႕ဆိုင္းဖို႔ျဖစ္လာႏိုင္မလား၊ဒါမွမဟုတ္ ျမန္မာေနရာအတြက္ လစ္လပ္ထားမယ့္ အေျခအေနမ်ိဳးျဖစ္လာမလား။ ျမန္မာႏိုင္ငံရဲ႕ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လူထုကေ႐ြးေကာက္ထားတဲ့ အစိုးရကို ကုလသမဂၢအေနနဲ႔ ဘာေၾကာင့္အသိအမွတ္ျပဳသင့္သလဲဆိုတဲ့ အဂၤါေန႔က ျပဳလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲ ေကာက္ႏုတ္ခ်က္ကို မအင္ၾကင္းႏိုင္က တင္ျပမွာပါ။


ဒီအြန္လိုင္းေဆြးေႏြးပြဲကို ျမန္မာ့အေရး (၇၇) ႀကိမ္ေျမာက္ ကုလသမဂၢ Creditional လႈပ္ရွားမႈအဖြဲ႕က ဦးေဆာင္ျပဳလုပ္ခဲ့တာပါ။ မႏွစ္က အေျခအေနနဲ႔ ယွဥ္ရင္ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဘက္က အသိအမွတ္ျပဳေရး ပိုမိုေဆာင္႐ြက္လာႏိုင္တဲ့အေျခအေနေတြရွိပါတယ္လို႔ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေဆြးေႏြးပြဲမွာ တင္ျပသြားပါတယ္။ ဒါဆိုရင္ ႏိုင္ငံတကာအစိုးရေတြဘက္က NUG ကိုတရားဝင္အစိုးရအျဖစ္အသိအမွတ္ျပဳေရး ဘယ္လိုအခက္အခဲစိန္ေခၚမႈေတြရွိေနပါသလဲ။ ဗြီအိုေအရဲ႕ သီးသန႔္ေမးျမန္းခ်က္ကိုေတာ့ ဦးေအာင္မ်ိဳးမင္းက အခုလို တုံ႔ျပန္ေျဖဆိုခဲ့ပါတယ္။

"NUG ကို အစိုးရတရပ္ျဖစ္ဖို႔ဆိုရင္ေတာ့ ဒီအၾကမ္းဖက္စစ္အုပ္စုကို လံုး၀အသိအမွတ္မျပဳဖို႔ဆိုတဲ့ ကိစၥရွိလာမယ္။ အဲဒါကို အသိအမွတ္မျပဳဘူး။ လုပ္ေဆာင္မယ္ဆိုရင္ ဒီျပည္တြင္းမွာရွိေနတဲ့ သူတို႔ရဲ႕ ႏိုင္ငံကိုယ္စားျပဳ သံရံုးေတြအေပၚ ၿခိမ္းေျခာက္မႈေတြရွိလာမယ္။ သံ၀န္ထမ္းေတြနဲ႔ ပတ္သက္လို႔ အခက္အခဲေတြႀကံဳလာမယ္။ အဲဒါကို တခ်ဳိ႕ႏိုင္ငံေတြက ထည့္သြင္းစဥ္းစားတေတြရွိလာတယ္။ ဒါမ်ဳိးရွိလာၿပီးဆိုရင္ေတာ့ ျပည္တြင္းမွာ လုပ္ေနတဲ့ လုပ္ငန္းေတြ၊ ျမန္မာျပည္နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ၊ ေနာက္တခါ ဆက္ဆံမႈအပိုင္းေတြမွာ ထိခိုက္ႏိုင္တယ္ဆိုတဲ့ စိုးရိမ္ခ်က္ကို ေတာ္ေတာ္မ်ားမ်ားေတြ႕ရပါတယ္။


ေနာက္ထပ္ ပင္တိုင္ေဆြးေႏြးသူ ၾသစေၾတးလ် လူ႔အခြင့္အေရးေရွ႕ေနလည္းျဖစ္ ျမန္မာ့အေရးကြၽမ္းက်င္သူလည္းျဖစ္တဲ့ Chris Sidoti ကေတာ့ ကုလသမဂၢဘက္က အားနည္းခ်က္ေတြရွိေနတဲ့အခ်က္ေတြကို ေထာက္ျပသြားပါတယ္။ အထူးသျဖင့္ ကုလသမဂၢ Creditional ေကာ္မတီကေန ျမန္မာကို ဘယ္သူကိုယ္စားျပဳမလဲ ဆိုတာကို အရင္ႏွစ္ကလိုပဲ မဆုံးျဖတ္ဘဲ ထပ္ၿပီးအခ်ိန္ေ႐ႊ႕ဆိုင္းမယ္ဆိုရင္ ျမန္မာႏိုင္ငံအတြက္ အေကာင္းအဆိုးဘာေတြျဖစ္မလဲလို႔ ဗြီအိုေအရဲ႕ ေမးခြန္းကို အခုလို တုံ႔ျပန္ေျပာဆိုသြားပါတယ္။


"ေကာင္းတဲ့အေျခအေနကေတာ့ စစ္ေကာင္စီအေနနဲ႔ ကုလသမဂၢမွာ ကိုယ္စားျပဳခြင့္ရမွာ မဟုတ္ပါဘူး။ မႏွစ္က ဆုံးျဖတ္ခ်က္အတိုင္းပဲ နယူးေယာက္မွာရွိတဲ့ ျမန္မာကိုယ္စားလွယ္ကိုပဲ ဆက္ၿပီး ယာယီထားရွိမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ မေကာင္းတဲ့ အေျခအေနကေတာ့ ယာယီေ႐ႊ႕ဆိုင္းထားတဲ့ ကုလသမဂၢအေထြေထြညီလာခံရဲ႕ ဆုံးျဖတ္ခ်က္ထဲမွာ လက္ေအာက္ခံ ကုလသမဂၢအဖြဲ႕ေတြျဖစ္တဲ့ လူ႔အခြင့္အေရးေကာင္စီ၊ ကမာၻ႔က်န္းမာေရးအဖြဲ႕၊ အျပည္ျပည္ဆိုင္ရာအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္၊ UNESCO စတဲ့ အဖြဲ႕ေတြမွာ ျမန္မာကို ကိုယ္စားျပဳမယ့္ကိစၥ အဆုံးျဖတ္မေပးထားတာျဖစ္ပါတယ္။ အဲဒီလို ကုလ အဖြဲ႕အစည္းေတြမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳမယ့္ေနရာလြတ္ေနတဲ့ အေျခအေနက အရမ္းကို ဆိုး႐ြားပါတယ္။"

ကုလသမဂၢအေနနဲ႔ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳမယ့္ အစိုးရ အသိအမွတ္ျပဳေရး ဆုံးျဖတ္ခ်က္ ၾကန႔္ၾကာေနမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ အေျခအေနဟာ ပိုၿပီးဆိုးလာမယ္လို႔ သုံးသပ္ေနၾကေၾကာင္း ေနာက္ထပ္ ပင္တိုင္ ေဆြးေႏြးသူ Western Sydney တကၠသိုလ္ရဲ႕ ဥပေဒဘာသာရပ္ ပါေမာကၡ Catherine Renshaw က ေျပာပါတယ္။ ဒီေနရာမွာ NUG ကို အသိအမွတ္ျပဳမလား မျပဳဘူးလားဆိုတဲ့ ေမးခြန္းရွိေနတယ္လို႔လည္း သူက ဆိုပါတယ္။ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈ အေျခအေနေတြ အရွိန္ျမင့္တက္လာေနတာ၊ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ျမင့္မားေနတာ၊ လူသားခ်င္းစာနာမႈအကူအညီေတြ အေရးတႀကီးလိုအပ္ေနတာ စတဲ့ ဆိုး႐ြားေနတဲ့ အေျခအေနေတြကို ထိန္းခ်ဳပ္ႏိုင္ေရး အခြင့္အာဏာအျပည့္အဝရွိတဲ့ လူထုက ယုံၾကည္တဲ့ အစိုးရတရပ္လိုအပ္ေနတယ္လို႔ Catherine Renshaw က သုံးသပ္ပါတယ္။ အဲဒီထဲမွာ Credential ေကာ္မတီအေနနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အသိအမွတ္ျပဳေရး ဘာေၾကာင့္အေရးႀကီးသလဲဆိုတဲ့ အခ်က္ေတြထဲက တခ်က္ကို Catherine Renshaw ကအခုလို ေထာက္ျပေျပာဆိုသြားပါတယ္။


" ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနအရဆိုရင္ တရားဝင္အစိုးရ အသိအမွတ္ျပဳေရးကိစၥဟာ ဘာေၾကာင့္အေရးႀကီးေနသလဲဆိုတဲ့ အေၾကာင္းရင္းေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ အဲဒီထဲက တခုကေတာ့ NUG ဝန္ႀကီးေျပာသြားသလိုပါပဲ။ အဲဒါကေတာ့ ႏိုင္ငံတကာတရား႐ုံးေတြမွာ အမႈေတြရင္ဆိုင္ေနရတဲ့ကိစၥပါ။ အခုဆိုရင္ ICJ ႏိုင္ငံတကာတ႐ုံးေရးမွာ ျမန္မာ အမႈရင္ဆိုင္ေနရပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ ဂမ္ဘီယာစြဲတင္ထင္းတဲ့ အမႈမွာ စစ္တပ္က ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ICJ မွာ ရင္ဆိုင္ေနပါတယ္။ ဒီအမႈကို နယ္သာလန္မွာရွိတဲ့ စစ္ေကာင္စီကိုယ္စားျပဳတဲ့ သံအမတ္ကို တရားဝင္ကိုယ္စားျပဳၿပီး တရား႐ုံးနဲ႔ စစ္ေကာင္စီၾကားဆက္သြယ္ေရးကို လုပ္ေဆာင္ေပးေနရပါတယ္။ ဒါေပမယ့္လည္း ဒီလိုကိုယ္စားျပဳလုပ္ေဆာင္ေနတဲ့ကိစၥက အေရးမႀကီးပါဘူး။ တရား႐ုံးက ျမန္မာရဲ႕ ကနဦးကန႔္ကြက္ခ်က္ေလးခ်က္စလုံးကို ပယ္ခ်လိုက္ၿပီးျဖစ္ပါတယ္။ အမႈကလည္း ဆက္ၿပီးသြားေနပါတယ္။
ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ကိစၥမွာ ေစာေစာက မိနစ္ပိုင္းအတြင္း NUG ဝန္ႀကီးေျပာသြားသလို သူတို႔အေနနဲ႔ ျမန္မာအေပၚ ICC ရဲ႕ စီရင္ပိုင္ခြင့္ကို အသိအမွတ္ျပဳ လက္ခံထားၿပီျဖစ္ပါတယ္။ ၂၀၀၂ ခုႏွစ္ကတည္းက စစ္ရာဇဝတ္မႈေတြကိုပါ စစ္ေဆးဖို႔ NUG က သေဘာတူထားပါတယ္။ ဒါေၾကာင့္ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အသိအမွတ္ျပဳတာဟာ ဒီလိုတရားစီရင္ေရးကိစၥေတြအေပၚ အမွန္တကယ္ အက်ိဳးသက္ေရာက္ႏိုင္ၿပီး အေရးလည္း ပါပါတယ္။ ဒါမွသာ က်မတို႔ ျမင္ေတြ႕ခဲ့ရတဲ့ ျပစ္ဒဏ္က ကင္းလြတ္ခြင့္ရေနတဲ့ အေျခအေနနဲ႔ အၾကမ္းဖက္မႈသံသရာကိုရပ္တန႔္ႏိုင္မွာျဖစ္ပါတယ္။"


လက္ရွိမွာေတာ့ ကုလသမဂၢအေထြေထြညီလာခံက ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစိုးရ ခန႔္အပ္ခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဆက္လက္ အသိအမွတ္ျပဳထားပါတယ္။

ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အဂၤါေန႔က ျပဳလုပ္တဲ့ သတင္းစားရွင္းလင္းပြဲမွာ ကုလသမဂၢ Credential ေကာ္မတီနဲ႔ပတ္သက္တဲ့ ေမးခြန္းကို တုံ႔ျပန္ေျဖၾကားျခင္းမရွိပါဘူး။ မႏွစ္ကေတာ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေနရာအတြက္ စစ္ေကာင္စီက ဝါရွင္တန္ရွိ ျမန္မာစစ္သံ႐ုံးက စစ္သံမႉး ဗိုလ္မႉးႀကီး ေအာင္သူရိန္ကို ခန႔္အပ္ထားေၾကာင္း Credential ေကာ္မတီ ကိုေပးပို႔ထားပါတယ္။

ဒီႏွစ္အတြက္ ကုလသမဂၢ Credential ေကာ္မတီ ဝင္ ကိုးႏိုင္ငံကေတာ့- အေမရိကန္၊ တ႐ုတ္၊ ႐ုရွား စတဲ့ အၿမဲတမ္းအဖြဲ႕ဝင္ သုံးႏိုင္ငံနဲ႔ အဖြဲ႕ဝင္အသစ္ေတြအျဖစ္ Angola, Austria, Guyana (ဂီယာနာ), Maldives, Uruguay နဲ႔ Zambia တို႔ျဖစ္တယ္လို႔ ကုလသမဂၢနဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ေတြမွာ ေဖၚျပထားပါတယ္။

--------------------

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့်သူ ရွေးချယ်ရေး အလားအလာ

အခု ကျင်းပနေတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ Creditional ကော်မတီကနေ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ် စိစစ်ရွေးချယ်မယ့်ကိစ္စကို ဆက်လက်ဆုံးဖြတ်ရဖို့ရှိနေပါတယ်။ ကော်မတီအနေနဲ့ မနှစ်ကလို မဆုံးဖြတ်နိုင်ဘဲ ရွှေ့ဆိုင်းဖို့ဖြစ်လာနိုင်မလား၊ဒါမှမဟုတ် မြန်မာနေရာအတွက် လစ်လပ်ထားမယ့် အခြေအနေမျိုးဖြစ်လာမလား။ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုကရွေးကောက်ထားတဲ့ အစိုးရကို ကုလသမဂ္ဂအနေနဲ့ ဘာကြောင့်အသိအမှတ်ပြုသင့်သလဲဆိုတဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲ ကောက်နုတ်ချက်ကို မအင်ကြင်းနိုင်က တင်ပြမှာပါ။


ဒီအွန်လိုင်းဆွေးနွေးပွဲကို မြန်မာ့အရေး (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ Creditional လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာပါ။ မနှစ်က အခြေအနေနဲ့ ယှဉ်ရင် NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဘက်က အသိအမှတ်ပြုရေး ပိုမိုဆောင်ရွက်လာနိုင်တဲ့အခြေအနေတွေရှိပါတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆွေးနွေးပွဲမှာ တင်ပြသွားပါတယ်။ ဒါဆိုရင် နိုင်ငံတကာအစိုးရတွေဘက်က NUG ကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရေး ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရှိနေပါသလဲ။ ဗွီအိုအေရဲ့ သီးသန့်မေးမြန်းချက်ကိုတော့ ဦးအောင်မျိုးမင်းက အခုလို တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

"NUG ကို အစိုးရတရပ်ဖြစ်ဖို့ဆိုရင်တော့ ဒီအကြမ်းဖက်စစ်အုပ်စုကို လုံးဝအသိအမှတ်မပြုဖို့ဆိုတဲ့ ကိစ္စရှိလာမယ်။ အဲဒါကို အသိအမှတ်မပြုဘူး။ လုပ်ဆောင်မယ်ဆိုရင် ဒီပြည်တွင်းမှာရှိနေတဲ့ သူတို့ရဲ့ နိုင်ငံကိုယ်စားပြု သံရုံးတွေအပေါ် ခြိမ်းခြောက်မှုတွေရှိလာမယ်။ သံဝန်ထမ်းတွေနဲ့ ပတ်သက်လို့ အခက်အခဲတွေကြုံလာမယ်။ အဲဒါကို တချို့နိုင်ငံတွေက ထည့်သွင်းစဉ်းစားတတွေရှိလာတယ်။ ဒါမျိုးရှိလာပြီးဆိုရင်တော့ ပြည်တွင်းမှာ လုပ်နေတဲ့ လုပ်ငန်းတွေ၊ မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ နောက်တခါ ဆက်ဆံမှုအပိုင်းတွေမှာ ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကို တော်တော်များများတွေ့ရပါတယ်။


နောက်ထပ် ပင်တိုင်ဆွေးနွေးသူ သြစတြေးလျ လူ့အခွင့်အရေးရှေ့နေလည်းဖြစ် မြန်မာ့အရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ Chris Sidoti ကတော့ ကုလသမဂ္ဂဘက်က အားနည်းချက်တွေရှိနေတဲ့အချက်တွေကို ထောက်ပြသွားပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ Creditional ကော်မတီကနေ မြန်မာကို ဘယ်သူကိုယ်စားပြုမလဲ ဆိုတာကို အရင်နှစ်ကလိုပဲ မဆုံးဖြတ်ဘဲ ထပ်ပြီးအချိန်ရွှေ့ဆိုင်းမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အကောင်းအဆိုးဘာတွေဖြစ်မလဲလို့ ဗွီအိုအေရဲ့ မေးခွန်းကို အခုလို တုံ့ပြန်ပြောဆိုသွားပါတယ်။


"ကောင်းတဲ့အခြေအနေကတော့ စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရမှာ မဟုတ်ပါဘူး။ မနှစ်က ဆုံးဖြတ်ချက်အတိုင်းပဲ နယူးယောက်မှာရှိတဲ့ မြန်မာကိုယ်စားလှယ်ကိုပဲ ဆက်ပြီး ယာယီထားရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အခြေအနေကတော့ ယာယီရွှေ့ဆိုင်းထားတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ထဲမှာ လက်အောက်ခံ ကုလသမဂ္ဂအဖွဲ့တွေဖြစ်တဲ့ လူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်၊ UNESCO စတဲ့ အဖွဲ့တွေမှာ မြန်မာကို ကိုယ်စားပြုမယ့်ကိစ္စ အဆုံးဖြတ်မပေးထားတာဖြစ်ပါတယ်။ အဲဒီလို ကုလ အဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့်နေရာလွတ်နေတဲ့ အခြေအနေက အရမ်းကို ဆိုးရွားပါတယ်။"

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အစိုးရ အသိအမှတ်ပြုရေး ဆုံးဖြတ်ချက် ကြန့်ကြာနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ပိုပြီးဆိုးလာမယ်လို့ သုံးသပ်နေကြကြောင်း နောက်ထပ် ပင်တိုင် ဆွေးနွေးသူ Western Sydney တက္ကသိုလ်ရဲ့ ဥပဒေဘာသာရပ် ပါမောက္ခ Catherine Renshaw က ပြောပါတယ်။ ဒီနေရာမှာ NUG ကို အသိအမှတ်ပြုမလား မပြုဘူးလားဆိုတဲ့ မေးခွန်းရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အခြေအနေတွေ အရှိန်မြင့်တက်လာနေတာ၊ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင့်မားနေတာ၊ လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတာ စတဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ရေး အခွင့်အာဏာအပြည့်အဝရှိတဲ့ လူထုက ယုံကြည်တဲ့ အစိုးရတရပ်လိုအပ်နေတယ်လို့ Catherine Renshaw က သုံးသပ်ပါတယ်။ အဲဒီထဲမှာ Credential ကော်မတီအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေး ဘာကြောင့်အရေးကြီးသလဲဆိုတဲ့ အချက်တွေထဲက တချက်ကို Catherine Renshaw ကအခုလို ထောက်ပြပြောဆိုသွားပါတယ်။


" မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေအရဆိုရင် တရားဝင်အစိုးရ အသိအမှတ်ပြုရေးကိစ္စဟာ ဘာကြောင့်အရေးကြီးနေသလဲဆိုတဲ့ အကြောင်းရင်းတော်တော်များများရှိနေပါတယ်။ အဲဒီထဲက တခုကတော့ NUG ဝန်ကြီးပြောသွားသလိုပါပဲ။ အဲဒါကတော့ နိုင်ငံတကာတရားရုံးတွေမှာ အမှုတွေရင်ဆိုင်နေရတဲ့ကိစ္စပါ။ အခုဆိုရင် ICJ နိုင်ငံတကာတရုံးရေးမှာ မြန်မာ အမှုရင်ဆိုင်နေရပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ဂမ်ဘီယာစွဲတင်ထင်းတဲ့ အမှုမှာ စစ်တပ်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ ရင်ဆိုင်နေပါတယ်။ ဒီအမှုကို နယ်သာလန်မှာရှိတဲ့ စစ်ကောင်စီကိုယ်စားပြုတဲ့ သံအမတ်ကို တရားဝင်ကိုယ်စားပြုပြီး တရားရုံးနဲ့ စစ်ကောင်စီကြားဆက်သွယ်ရေးကို လုပ်ဆောင်ပေးနေရပါတယ်။ ဒါပေမယ့်လည်း ဒီလိုကိုယ်စားပြုလုပ်ဆောင်နေတဲ့ကိစ္စက အရေးမကြီးပါဘူး။ တရားရုံးက မြန်မာရဲ့ ကနဦးကန့်ကွက်ချက်လေးချက်စလုံးကို ပယ်ချလိုက်ပြီးဖြစ်ပါတယ်။ အမှုကလည်း ဆက်ပြီးသွားနေပါတယ်။
ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ကိစ္စမှာ စောစောက မိနစ်ပိုင်းအတွင်း NUG ဝန်ကြီးပြောသွားသလို သူတို့အနေနဲ့ မြန်မာအပေါ် ICC ရဲ့ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြု လက်ခံထားပြီဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက စစ်ရာဇဝတ်မှုတွေကိုပါ စစ်ဆေးဖို့ NUG က သဘောတူထားပါတယ်။ ဒါကြောင့် NUG အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုတာဟာ ဒီလိုတရားစီရင်ရေးကိစ္စတွေအပေါ် အမှန်တကယ် အကျိုးသက်ရောက်နိုင်ပြီး အရေးလည်း ပါပါတယ်။ ဒါမှသာ ကျမတို့ မြင်တွေ့ခဲ့ရတဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေနဲ့ အကြမ်းဖက်မှုသံသရာကိုရပ်တန့်နိုင်မှာဖြစ်ပါတယ်။"

လက်ရှိမှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုထားပါတယ်။

မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ကုလသမဂ္ဂ Credential ကော်မတီနဲ့ပတ်သက်တဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။ မနှစ်ကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာအတွက် စစ်ကောင်စီက ဝါရှင်တန်ရှိ မြန်မာစစ်သံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ခန့်အပ်ထားကြောင်း Credential ကော်မတီ ကိုပေးပို့ထားပါတယ်။

ဒီနှစ်အတွက် ကုလသမဂ္ဂ Credential ကော်မတီ ဝင် ကိုးနိုင်ငံကတော့- အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ အမြဲတမ်းအဖွဲ့ဝင် သုံးနိုင်ငံနဲ့ အဖွဲ့ဝင်အသစ်တွေအဖြစ် Angola, Austria, Guyana (ဂီယာနာ), Maldives, Uruguay နဲ့ Zambia တို့ဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG