သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ ျမန္မာကိုယ္စားလွယ္ေနရာ စစ္ေကာင္စီ အၿပိဳင္အဆိုျပဳ


UN General Assembly

ကုလသမဂၢမွာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္ကိုယ္စားလွယ္ေနရာအတြက္ မႏွစ္ကတင္သြင္းထားတဲ့ ဝါရွင္တန္ျမန္မာစစ္သံ႐ုံးက စစ္သံမႉးဗိုလ္မႉးႀကီး ေအာင္သူရိန္ကိုပဲ စစ္ေကာင္စီက ဆက္လက္အဆိုျပဳထားေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။ NUG ဘက္ကလည္း မႏွစ္ကထက္စာရင္ ျပည္တြင္းမွာ ထိန္းခ်ဳပ္ႏိုင္တဲ့ ေနရာေတြ ပိုမိုရရွိလာသလို ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈ ပိုၿပီးရရွိလာတယ္လို႔ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးက ဆိုပါတယ္။
ဒီႏွစ္ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ Credential ေကာ္မတီကေန ထပ္မံဆုံးျဖတ္ရမယ့္ ျမန္မာႏိုင္ငံရဲ႕ ကိုယ္စားလွယ္ကိစၥအတြက္ NUG နဲ႔ စစ္ေကာင္စီ တို႔ဘာေတြျပင္ဆင္ေနၾကသလဲ။
မအင္ၾကင္းႏိုင္က တင္ျပမွာပါ။


ကုလသမဂၢနဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ေတြမွာ ေဖၚျပထားတာကေတာ့ ဒီႏွစ္အတြက္ ကုလသမဂၢ Credential ေကာ္မတီ ဝင္ ကိုးႏိုင္ငံထဲမွာ- အေမရိကန္၊ တ႐ုတ္၊ ႐ုရွား စတဲ့ အၿမဲတမ္းအဖြဲ႕ဝင္ သုံးႏိုင္ငံနဲ႔ အဖြဲ႕ဝင္အသစ္ေတြအျဖစ္ Angola, Austria, Guyana (ဂီယာနာ), Maldives (ေမာ္လ္ဒိုက္), Uruguay နဲ႔ Zambia တို႔ျဖစ္တယ္လို႔ ဆိုပါတယ္။ ႏွစ္စဥ္ ျပဳလုပ္တဲ့ ကုလသမဂၢအေထြေထြညီလာခံကေန ေ႐ြးခ်ယ္ထားတဲ့ Credential ေကာ္မတီဝင္ေတြကေန ႏိုင္ငံေတြရဲ႕ ကိုယ္စားလွယ္သံမတ္ေတြကို အတည္ျပဳတဲ့ေနရာမွာ ၂၀၂၁ခုႏွစ္က အာဏာသိမ္းထားတဲ့ ျမန္မာနဲ႔ တာလီဘန္ေတြ ျပန္ၿပီးအုပ္ခ်ဳပ္တဲ့ အာဖဂန္နစၥတန္ႏိုင္ငံေတြအတြက္ အျငင္းပြားဖြယ္ရာ ကိုယ္စားလွယ္ကိစၥကို မႏွစ္က အစည္းအေဝးမွာ အဆုံးအျဖတ္မေပးပဲ ေ႐ႊ႕ဆိုင္းခဲ့ၿပီး လက္ရွိတာဝန္ယူထားတဲ့ သံအမတ္ႀကီးေတြကိုပဲ ဆက္လက္အသိအမွတ္ျပဳထားခဲ့တာပါ။

ျမန္မာႏိုင္ငံကိစၥမွာေတာ့ ဆက္လက္တာဝန္ထမ္းေဆာင္ေနတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ၂၀၂၁ခုႏွစ္ ေဖေဖၚဝါရီလမွာ အာဏာသိမ္းခဲ့တဲ့ စစ္ေကာင္စီကို ဆန႔္က်င္ၿပီး သူ႔ကို ခန႔္အပ္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစိုးရကိုပဲ ကိုယ္စားျပဳ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ စစ္ေကာင္စီကေတာ့ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းကို ရာထူးကေန ထုတ္ပယ္ထားၿပီး ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ တရားစြဲထားတာပါ။ သူ႔ေနရာမွာ အစားထိုးခန႔္အပ္ဖို႔ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္က ျမန္မာစစ္သံ႐ုံးရဲ႕ စစ္သံမႉးဗိုလ္မႉးႀကီး ေအာင္သူရိန္ကို မႏွစ္ကတည္းက Credential ေကာ္မတီ ကို တင္သြင္းထားတာျဖစ္ပါတယ္။ ဒီႏွစ္အတြက္လည္း သူ႔ကိုပဲ ဆက္လက္ထားရွိမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

"ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ က်ေနာ္တို႔ ယခင္ကတည္းကအတိုင္း ကိုယ္စားလွယ္ေပးၿပီးျဖစ္တယ္။ တက္ေရာက္ႏိုင္တဲ့ ကိုယ္စားလွယ္၊ ေဆာင္႐ြက္ႏိုင္လမ္းေတြအတိုင္း ေဆာင္႐ြက္ၿပီးျဖစ္တယ္။ UN အေနနဲ႔ကေတာ့ လုပ္ေဆာင္ျခင္း၊ မလုပ္ေဆာင္ျခင္းက သူတို႔အပိုင္းပဲျဖစ္ပါတယ္။"

၂၀၂၀ျပည့္ေ႐ြးေကာက္ပြဲ အႏိုင္ရ လႊတ္ေတာ္အမတ္ေတြ ဦးေဆာင္ဖြဲ႕စည္းထားတဲ့ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဘက္ကေရာ ကုလသမဂၢဘက္မွာ တရားဝင္ကိုယ္စားျပဳခြင့္ရေရး ဘယ္လိုအေျခအေနရွိေနသလဲ။ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ဗြီအိုေအကို အခုလိုေျပာပါတယ္။

" က်ေနာ္တို႔ NUG ကို အစိုးရတရပ္အေနနဲ႔ အသိအမွတ္ျပဳဖို႔ကိစၥကေတာ့ အရင္တုန္းက သူတို႔ေျပာပါတယ္။ ႏိုင္ငံကိုပဲ အသိအမွတ္ျပဳမယ္။ အစိုးရကို အသိအမွတ္မျပဳဘူးဆိုတဲ့ အေနအထားမ်ိဳးေပ့ါေနာ္။ ဒါက အရင္က "old school of thoughts" ( အေတြးအေခၚေဟာင္းေတြ) ပါ။ ေျပာမယ္ဆိုရင္ေတာ့ အစိုးရတရပ္ျဖစ္ဖို႔အတြက္ ဧရိယာရွိရမယ္။ ထိန္းခ်ဳပ္ႏိုင္မႈရွိရမယ္ ဆိုတဲ့ အေၾကာင္းအရာကို အဓိကထားတယ္ေပါ့။ ဒါေပမယ့္ အခုခ်ိန္မွာ က်ေနာ္တို႔က တရားဝင္မႈကိုေတာ့ ဘယ္သူမွ ျငင္းလို႔မရပါဘူး။ NUG သာ တကယ့္ကို တရားဝင္အစိုးရျဖစ္တယ္ဆိုတာ ျပႏိုင္တယ္။ ဒါေပမယ့္ ေစာေစာကေျပာတဲ့ ထိန္းခ်ဳပ္မႈေတြ၊ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ အစိုးရကဲ့သို႔ လည္ပတ္မႈအပိုင္းေတြမွာေတာ့ က်ေနာ္တို႔ အခုဆိုရင္ အရင္ကထက္စာရင္ ေျပာအားရွိေနပါတယ္။"

လက္ရွိမွာ ျမန္မာကိုယ္စားလွယ္ေနရာအတြက္ Credentialေကာ္မတီက ဆုံးျဖတ္ဖို႔ အခ်ိန္ေ႐ႊ႕ဆိုင္းထားတဲ့အတြက္ လူ႔အခြင့္အေရးေကာင္စီ၊ ကမာၻ႔က်န္းမာေရးအဖြဲ႕၊ အျပည္ျပည္ဆိုင္ရာအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ILO စတဲ့ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းေတြမွာ ျမန္မာကိုယ္စားလွယ္ေနရာလြတ္လပ္ေနတဲ့အတြက္ ဆုံးရႈံးနစ္နာမႈေတြရွိေနတယ္လို႔ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။ ဒါဆိုရင္ ေကာ္မတီအေနနဲ႔ တဖက္ဖက္ကို ေ႐ြးခ်ယ္မလား၊ ဒါမွမဟုတ္ မႏွစ္ကလို မဆုံးျဖတ္ပဲ ဆက္ၿပီး အခ်ိန္ေ႐ႊ႕ဆိုင္းမလား၊ ဒါမွမဟုတ္ ျမန္မာေနရာအတြက္ အလြတ္ပဲထားမလား။ ဦးေအာင္မ်ိဳးမင္းရဲ႕ အျမင္ကေတာ့-

" NUG ကိုတရားဝင္အစိုးရျဖစ္ၿပီးေတာ့ ဦးေက်ာ္မိုးထြန္းကို ဆက္လက္ထားရွိျခင္းအားျဖင့္ ဘယ္လိုမ်ိဳးကုလသမဂၢရဲ႕ charter (စာခ်ဳပ္၊ စာတမ္းေတြ)၊ ႏိုင္ငံတကာရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ လႈပ္ရွားမႈေတြအတြက္ ဘယ္လိုမ်ိဳးအက်ိဳးရွိတဲ့ဆိုတဲ့ အေၾကာင္းကိုေတာ့ နည္းအမ်ိဳးမ်ိဳးနဲ႔ တင္ျပေနပါတယ္။"

စစ္ေကာင္စီကေတာ့ ကုလသမဂၢ ဘက္က ကိုယ္စားလွယ္ေနရာအတြက္ အဆုံးျဖတ္ေပးေပး၊ မေပးေပး သူတို႔ကေတာ့ အစိုးရတရပ္အေနနဲ႔ ကုလသမဂၢကိုယ္စားလွယ္ေတြကို လက္ခံ၊ အသိအမွတ္ျပဳ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

" က်ေနာ္တို႔ကို လက္ခံျခင္း၊ မခံျခင္းက သူတို႔အပိုင္းပါပဲ။ က်ေနာ္တို႔အေနနဲ႔က ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံတႏိုင္ျဖစ္တာနဲ႔အညီ ကုလသမဂၢရဲ႕ ပဋိဉာဥ္၊ စာခ်ဳပ္စာတမ္းေတြအတိုင္း တည္ဆဲအစိုးရတရပ္အေနနဲ႔ တင္ျပထားၿပီးျဖစ္တယ္။ က်ေနာ္တို႔အေနနဲ႔ ကုလသမဂၢအဖြဲ႕အစည္းေတြအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္တယ္။ UN က ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ကိုယ္စားလွယ္လည္း လာၿပီးျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕ အေျခအေန ရွင္းလင္းၿပီးျဖစ္တယ္။"

တခ်ိန္တည္းမွာပဲ ကုလသမဂၢအေနနဲ႔ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳမယ့္ အစိုးရ အသိအမွတ္ျပဳေရး ဆုံးျဖတ္ခ်က္ ၾကာေနမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ အေျခအေနဟာ ပိုၿပီးဆိုးလာမယ္လို႔ ျမန္မာ့အေရးေလ့လာေစာင့္ၾကည့္ေနသူေတြက သုံးသပ္ပါတယ္။ အထူးသျဖင့္ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈ အေျခအေနေတြ အရွိန္ျမင့္တက္လာေနတာ၊ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ျမင့္မားေနတာ၊ လူသားခ်င္းစာနာမႈအကူအညီေတြ အေရးတႀကီးလိုအပ္ေနတာ စတဲ့ ဆိုး႐ြားေနတဲ့ အေျခအေနေတြကို ထိန္းခ်ဳပ္ႏိုင္ေရး အခြင့္အာဏာအျပည့္အဝရွိတဲ့ လူထုက ယုံၾကည္တဲ့ အစိုးရတရပ္လိုအပ္ေနတယ္လို႔ Western Sydney တကၠသိုလ္ရဲ႕ ဥပေဒဘာသာရပ္ ပါေမာကၡ Catherine Renshaw ကဆိုပါတယ္။

ကုလ မြန်မာကိုယ်စားလှယ်နေရာ မြန်မာစစ်ကောင်စီ အပြိုင်အဆိုပြု

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်နေရာအတွက် မနှစ်ကတင်သွင်းထားတဲ့ ဝါရှင်တန်မြန်မာစစ်သံရုံးက စစ်သံမှူးဗိုလ်မှူးကြီး အောင်သူရိန်ကိုပဲ စစ်ကောင်စီက ဆက်လက်အဆိုပြုထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ NUG ဘက်ကလည်း မနှစ်ကထက်စာရင် ပြည်တွင်းမှာ ထိန်းချုပ်နိုင်တဲ့ နေရာတွေ ပိုမိုရရှိလာသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ပိုပြီးရရှိလာတယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးက ဆိုပါတယ်။
ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ Credential ကော်မတီကနေ ထပ်မံဆုံးဖြတ်ရမယ့် မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ကိစ္စအတွက် NUG နဲ့ စစ်ကောင်စီ တို့ဘာတွေပြင်ဆင်နေကြသလဲ။
မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖေါ်ပြထားတာကတော့ ဒီနှစ်အတွက် ကုလသမဂ္ဂ Credential ကော်မတီ ဝင် ကိုးနိုင်ငံထဲမှာ- အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ အမြဲတမ်းအဖွဲ့ဝင် သုံးနိုင်ငံနဲ့ အဖွဲ့ဝင်အသစ်တွေအဖြစ် Angola, Austria, Guyana (ဂီယာနာ), Maldives (မော်လ်ဒိုက်), Uruguay နဲ့ Zambia တို့ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်စဉ် ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ ရွေးချယ်ထားတဲ့ Credential ကော်မတီဝင်တွေကနေ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်သံမတ်တွေကို အတည်ပြုတဲ့နေရာမှာ ၂၀၂၁ခုနှစ်က အာဏာသိမ်းထားတဲ့ မြန်မာနဲ့ တာလီဘန်တွေ ပြန်ပြီးအုပ်ချုပ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအတွက် အငြင်းပွားဖွယ်ရာ ကိုယ်စားလှယ်ကိစ္စကို မနှစ်က အစည်းအဝေးမှာ အဆုံးအဖြတ်မပေးပဲ ရွှေ့ဆိုင်းခဲ့ပြီး လက်ရှိတာဝန်ယူထားတဲ့ သံအမတ်ကြီးတွေကိုပဲ ဆက်လက်အသိအမှတ်ပြုထားခဲ့တာပါ။

မြန်မာနိုင်ငံကိစ္စမှာတော့ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီး သူ့ကို ခန့်အပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကိုပဲ ကိုယ်စားပြု လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ရာထူးကနေ ထုတ်ပယ်ထားပြီး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲထားတာပါ။ သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်က မြန်မာစစ်သံရုံးရဲ့ စစ်သံမှူးဗိုလ်မှူးကြီး အောင်သူရိန်ကို မနှစ်ကတည်းက Credential ကော်မတီ ကို တင်သွင်းထားတာဖြစ်ပါတယ်။ ဒီနှစ်အတွက်လည်း သူ့ကိုပဲ ဆက်လက်ထားရှိမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ကတော့ ကျနော်တို့ ယခင်ကတည်းကအတိုင်း ကိုယ်စားလှယ်ပေးပြီးဖြစ်တယ်။ တက်ရောက်နိုင်တဲ့ ကိုယ်စားလှယ်၊ ဆောင်ရွက်နိုင်လမ်းတွေအတိုင်း ဆောင်ရွက်ပြီးဖြစ်တယ်။ UN အနေနဲ့ကတော့ လုပ်ဆောင်ခြင်း၊ မလုပ်ဆောင်ခြင်းက သူတို့အပိုင်းပဲဖြစ်ပါတယ်။"

၂၀၂၀ပြည့်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဘက်ကရော ကုလသမဂ္ဂဘက်မှာ တရားဝင်ကိုယ်စားပြုခွင့်ရရေး ဘယ်လိုအခြေအနေရှိနေသလဲ။ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျနော်တို့ NUG ကို အစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုဖို့ကိစ္စကတော့ အရင်တုန်းက သူတို့ပြောပါတယ်။ နိုင်ငံကိုပဲ အသိအမှတ်ပြုမယ်။ အစိုးရကို အသိအမှတ်မပြုဘူးဆိုတဲ့ အနေအထားမျိုးပေ့ါနော်။ ဒါက အရင်က "old school of thoughts" ( အတွေးအခေါ်ဟောင်းတွေ) ပါ။ ပြောမယ်ဆိုရင်တော့ အစိုးရတရပ်ဖြစ်ဖို့အတွက် ဧရိယာရှိရမယ်။ ထိန်းချုပ်နိုင်မှုရှိရမယ် ဆိုတဲ့ အကြောင်းအရာကို အဓိကထားတယ်ပေါ့။ ဒါပေမယ့် အခုချိန်မှာ ကျနော်တို့က တရားဝင်မှုကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ NUG သာ တကယ့်ကို တရားဝင်အစိုးရဖြစ်တယ်ဆိုတာ ပြနိုင်တယ်။ ဒါပေမယ့် စောစောကပြောတဲ့ ထိန်းချုပ်မှုတွေ၊ ဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရကဲ့သို့ လည်ပတ်မှုအပိုင်းတွေမှာတော့ ကျနော်တို့ အခုဆိုရင် အရင်ကထက်စာရင် ပြောအားရှိနေပါတယ်။"

လက်ရှိမှာ မြန်မာကိုယ်စားလှယ်နေရာအတွက် Credentialကော်မတီက ဆုံးဖြတ်ဖို့ အချိန်ရွှေ့ဆိုင်းထားတဲ့အတွက် လူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ် ILO စတဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေမှာ မြန်မာကိုယ်စားလှယ်နေရာလွတ်လပ်နေတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဒါဆိုရင် ကော်မတီအနေနဲ့ တဖက်ဖက်ကို ရွေးချယ်မလား၊ ဒါမှမဟုတ် မနှစ်ကလို မဆုံးဖြတ်ပဲ ဆက်ပြီး အချိန်ရွှေ့ဆိုင်းမလား၊ ဒါမှမဟုတ် မြန်မာနေရာအတွက် အလွတ်ပဲထားမလား။ ဦးအောင်မျိုးမင်းရဲ့ အမြင်ကတော့-

" NUG ကိုတရားဝင်အစိုးရဖြစ်ပြီးတော့ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိခြင်းအားဖြင့် ဘယ်လိုမျိုးကုလသမဂ္ဂရဲ့ charter (စာချုပ်၊ စာတမ်းတွေ)၊ နိုင်ငံတကာရဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ဘယ်လိုမျိုးအကျိုးရှိတဲ့ဆိုတဲ့ အကြောင်းကိုတော့ နည်းအမျိုးမျိုးနဲ့ တင်ပြနေပါတယ်။"

စစ်ကောင်စီကတော့ ကုလသမဂ္ဂ ဘက်က ကိုယ်စားလှယ်နေရာအတွက် အဆုံးဖြတ်ပေးပေး၊ မပေးပေး သူတို့ကတော့ အစိုးရတရပ်အနေနဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေကို လက်ခံ၊ အသိအမှတ်ပြု အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

" ကျနော်တို့ကို လက်ခံခြင်း၊ မခံခြင်းက သူတို့အပိုင်းပါပဲ။ ကျနော်တို့အနေနဲ့က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ဖြစ်တာနဲ့အညီ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်၊ စာချုပ်စာတမ်းတွေအတိုင်း တည်ဆဲအစိုးရတရပ်အနေနဲ့ တင်ပြထားပြီးဖြစ်တယ်။ ကျနော်တို့အနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ UN က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်လည်း လာပြီးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ ရှင်းလင်းပြီးဖြစ်တယ်။"

တချိန်တည်းမှာပဲ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် အစိုးရ အသိအမှတ်ပြုရေး ဆုံးဖြတ်ချက် ကြာနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ပိုပြီးဆိုးလာမယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အခြေအနေတွေ အရှိန်မြင့်တက်လာနေတာ၊ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင့်မားနေတာ၊ လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတာ စတဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ရေး အခွင့်အာဏာအပြည့်အဝရှိတဲ့ လူထုက ယုံကြည်တဲ့ အစိုးရတရပ်လိုအပ်နေတယ်လို့ Western Sydney တက္ကသိုလ်ရဲ့ ဥပဒေဘာသာရပ် ပါမောက္ခ Catherine Renshaw ကဆိုပါတယ်။

XS
SM
MD
LG