သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ကုလလက်ခံဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြ


U Kyaw Moe Tun UN NY (17 SEP 2022)
U Kyaw Moe Tun UN NY (17 SEP 2022)

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူ သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိပေးဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသား ထောင်ကျော်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စနေနေ့က ဆန္ဒပြတောင်းဆို ခဲ့ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ကုလလက်ခံဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြ

{{Zawgyi/Unicode}}
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူ သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိပေးဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသား ထောင်ကျော်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စနေနေ့က ဆန္ဒပြတောင်းဆို လိုက်ကြသလို ၊ အခြား နိုင်ငံတချို့မှာပါ တပြိုင်နက်ထဲ တောင်းဆိုခဲ့ကြတာပါ။

ကုလသမဂ္ဂရဲ့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်နေရာကို ရရှိရေး စစ်ကောင်စီဖက်ကလည်း ကြိုးပမ်းနေချိန်မှာ ဒီဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။


ကုလသမဂ္ဂမှာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိပေးဖို့ Global Credentials Campaign အဖြစ်နဲ့ အမေရိကန်နိုင်ငံတလွှား ပြည်နယ်ပေါင်း (၁၅)ခုက မြန်မာနိုင်ငံသား(၂,၀၀၀)နီးပါးဟာ နယူးယောက်မြို့လယ် လမ်းမတွေကို လှည့်လည်ပြီး ကုလသမဂ္ဂရုံးချုပ်ရှေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ ကုလသမဂ္ဂ ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ Credential Committee အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခုလို ဆန္ဒထုတ်ဖေါ်မှုကို ထည့်သွင်းစဉ်းစားမယ်ဆိုတာ ယုံကြည်တယ်လို့ နယူးဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးနေတင်မြင့်က ပြောပါတယ်။

" အဓိကတော့ NUG အစိုးရက ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ထားရှိရေး ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရော Credential Committee ကိုရော ကျနော်တို့ရဲ့သဘောထား ကြေညာချက်တွေ ပေးပို့ထားပြီးသား ဖြစ်ပါတယ်။ အဲဒါအပြင် မေတ္တာရပ်ခံလွှာမှာ မြန်မာတွေ သိန်းနဲ့ချီ လက်မှတ်ရေးထိုးထားတဲ့ စာကိုလည်း ပေးပို့ထားပါတယ်။ ကုလအဖွဲ့ဝင် နိုင်ငံတွေကရော ခရီဒန်ရှယ် (၉)နိုင်ငံကရော ဒါတွေကို သိရှိတဲ့အခါမှာ ဒါက ပြည်သူက လက်ခံထားတဲ့လူဆိုတာမျိုး သူတို့ သိရှိပြီးတော့ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ အရမ်းအရေးပါတဲ့ လုပ်ဆောင်ချက်လို့ ထင်ပါတယ်။"

အလားတူ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံ (၂၅၀)ဝန်းကျင်ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ထားရှိပေးရေး ဗန်ကူးဗားမြို့မှာ တောင်းဆိုဆန္ဒပြခဲ့ကြောင်း ကိုမြင့်ဝေက ပြောပါတယ်။

" စစ်အစိုးရကို ကျနော်တို့က လုံးဝ ဆန့်ကျင်တာ ဖြစ်တဲ့အတွက် မြန်မာရဲ့ ကုလ အမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့ ဦးကျော်မိုးထွန်းကို ကျနော်တို့ ဆက်လက်ရှိစေချင်တယ် ၊ ထောက်ခံတယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒပြနေတာပါ။ ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာ ဆက်လက်ရရှိဖို့ ကနေဒါအစိုးရကလည်း ထောက်ခံမှု ပေးဖို့ တောင်းဆိုနေတာပါ။"

ဥရောပ နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း အမ်စတာဒမ်မြို့ (စ ပေါက်လ်) ကွင်းပြင်မှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးဆောင်ပါဝင်တဲ့ သံဃာတော် ဒေါက်တာ အရှင်စန္ဒာဝရ မိန့်တာက -

" စစ်အာဏာရှင် ပြုတ်ကျရေး တော်လှန်ရေးအတွက်က ဦးကျော်မိုးထွန်းရဲ့ နေရာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်ပြီး ရရှိရေး ဆန္ဒ ထုတ်ဖေါ်နေတာပါ။"

Global Credentials Campaign အဖြစ်လုပ်တဲ့ ဒီပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ Credential Committee ဆီကို လက်မှတ်ပေါင်း သိန်းကျော်ပါဝင်တဲ့ မေတ္တာရပ်ခံစာကို ပေးပို့ထားပြီး NUG အစိုးရကို အသိမှတ်ပြုပေးရေးနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားရေး တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

......................................................................................


{{Zawgyi/Unicode}}









XS
SM
MD
LG