သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စားနပ်ရိက္ခာ ဖူလုံမှုပြဿနာ လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ 


kyaw moe htun un (မှတ်တမ်းဓါတ်ပုံ)
kyaw moe htun un (မှတ်တမ်းဓါတ်ပုံ)

မြန်မာနိုင်ငံက စားနပ်ရိက္ခာ ဖူလုံမှု ပြဿနာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အဓိက ဆက်နွယ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။


မြန်မာနိုင်ငံ စားနပ်ရိက္ခာ ဖူလုံမှုပြဿနာ လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံက စားနပ်ရိက္ခာ ဖူလုံမှု ပြဿနာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အဓိက ဆက်နွယ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်ဆင်ရေးတွေနဲ့ နှိမ်နင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဖြတ်လေးဖြတ်လုပ်တာ၊ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်ရတာ၊ နိုင်ငံတကာ အကူအညီတွေ မဝင်နိုင်အောင် ဟန့်တားတဲ့ လုပ်ရပ်တွေဟာ စားနပ်ရိက္ခာ ဖူလုံမှု ပြဿနာ ဖြစ်ရတဲ့ အကြောင်းရင်းတွေအဖြစ် ကြာသပတေးနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေး အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

“စစ်တပ်ရဲ့အခုလို လူမဆန်တဲ့မှုဝါဒဟာ တိုင်းပြည်ရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကို တိုက်ရိုက် ထိခိုက်စေပါတယ်။ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်တပ်ရှိနေသ၍၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိမှာမဟုတ်ပါဘူး” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသွားတာပါ။ ဖြစ်စဉ်အတော်များများဟာ တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုတော့ စစ်ကောင်စီက ရာထူးက ဖယ်ရှားကြောင်း ကြေညာထားပြီး၊ အစားထိုးဖို့လည်း ကြိုးစားခဲ့တာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ လူပေါင်း ၂၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှုအဆင့် သတ်မှတ်ချက်အောက်အထိရောက်နေပြီး၊ အရေးပေါ် အကူအညီလိုအပ်သူ ၆ သန်း ၂ သိန်းလောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

......................................



{{Zawgyi/Unicode}}





XS
SM
MD
LG