သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာလူထုအသံ ႏုိင္ငံတကာၾကားေအာင္ ဆက္လုပ္သြားမယ္ - သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း


ကုလဆိုင္ရာ ျမန္မာအၿမဲတန္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)

{{Zawgyi/Unicode}}

ျမန္မာလူထုရဲ႕အသံကို ႏုိင္ငံတကာကေနၾကားေအာင္ ကုလသမဂၢအေထြေထြညီလာခံ၊ ပင္မေကာ္မတီေတြမွာ ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားမယ္လုိ႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္္မိုးထြန္းက ဗီြအိုေအကိုေျပာပါတယ္။ ကုလသမဂၢမွာ ျမန္မာႏုိင္ငံကိုယ္စားျပဳမႈဆိုင္ရာ ဆံုးျဖတ္ခ်က္ခ်ဖို႔ကိစၥကို ကိုယ္စားျပဳမႈ စဥ္းစားသံုးသပ္တဲ့ Credential ေကာ္မတီက ဆိုင္းင့ံထားလိုက္ၿပီးတဲ့ေနာက္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အဲဒီလိုေျပာတာပါ။ ကိုဥာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းတဲ့အခါ သံအမတ္ႀကီးက အခုလိုစေျပာပါတယ္။

ဦးေက်ာ္မိုးထြန္း။ ။ “အခု ေတာက္ေလွ်ာက္ပဲေပါ့ေနာ္၊ ပင္မေကာ္မတီေတြရဲ႕အစည္းေဝးေတြ မွာလည္း သင့္ေလ်ာ္တဲ့ေခါင္းစဥ္ေတြေအာက္ကေနၿပီးေတာ့ ျပည္သူ႔အသံကို ႏုိင္ငံတကာကေန ၾကားေအာင္ ေတာက္ေလွ်ာက္လုပ္ေနတဲ့အတြက္ေၾကာင့္ ဒီလိုပဲ ဆက္လက္ေဆာင္ရြက္သြားပါမယ္.. ေပါ့ေနာ္၊ အခြင့္အေရး ရရင္ရသလို ေဆာင္ရြက္သြားမယ္ဆိုတာေလးေတာ့ ေျပာလိုပါတယ္ခင္ဗ်။ ဒါေၾကာင့္ မၾကာခင္ကာလမွာေတာ့ credential committee ကေနၿပီးေတာ့ မ်က္ႏွာစံုညီ အစည္းအေဝးကို သူတို႔ အစီရင္ခံစာ တင္ဖုိ႔ရွိပါတယ္။”

ကိုဉာဏ္ဝင္းေအာင္။ ။ အကယ္၍ေပါ့၊ အခု သံအမတ္ႀကီးေျပာသြားသလို credential committee က မ်က္ႏွာစံုညီအစီရင္ခံစာကေန ‘ဦးေက်ာ္မိုးထြန္းကို ဒီေနရာမွာပဲ ဆက္ရွိေစ..’ ဆိုၿပီးေတာ့ ေျပာခဲ့မယ္ဆိုရင္ ကုလမသဂၢ လုပ္ထံုးလုပ္နည္းေတြအရေပါ့။ ဦးေက်ာ္မိုးထြန္းရဲ႕ အၿမဲတမ္းကိုယ္စားလွယ္သက္တမ္းက ဘယ္ေလာက္ထိ ဆက္ရွိေနမွာလဲခင္ဗ်။

ဦးေက်ာ္မိုးထြန္း။ ။ အဲဒါကေတာ့ ရီပို႔မွာ ဘယ္လို ေဖာ္ျပမလဲရယ္၊ ေနာက္ၿပီးေတာ့ သူတုိ႔ ေကာ္မတီအဖြဲ႔ဝင္ေတြၾကားထဲမွာ ဘယ္လိုေဆြးေႏြးသလဲဆိုတဲ့အေပၚမွာေတာ့ မူတည္ပါတယ္ခင္ဗ်။ ျပန္ၾကည့္လိုက္ရင္ မႏွစ္က ေဖေဖၚဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းမႈျဖစ္တယ္။ ေနာက္ၿပီးေတာ့ ၂၆ ရက္ေန႔မွာ က်ေနာ္ မိန္႔ခြန္းေျပာတယ္။ ၂၇ ရက္ေန႔မွာ ဘာေျပာေျပာ စစ္ေကာင္စီကေနၿပီးေတာ့ က်ေနာ့္ကို dismiss လုပ္တယ္။ အဲဒီၾကားထဲေတြမွာ က်ေနာ့္ေနရာအစားထိုးဖို႔ လုပ္တယ္ေပါ့ေနာ္။ ..ဆိုေတာ့ အဲဒီကာလေတြကတည္းက ဒီကိစၥေတြက ျဖစ္လာတာေပါ့ေနာ္။ အဲဒီကတည္းက ဘာေျပာေျပာ က်ေနာ္ ဒီမွာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အေနနဲ႔ အဲဒီကတည္းကေတာ့ သူတို႔ေတြ ဘယ္လိုပဲ ႀကိဳးစားႀကိဳးစားေပါ့ေနာ္၊ ဆက္လက္တည္ရွိေနခဲ့တယ္၊ အခုလည္း ရွိေနတယ္ဆိုေတာ့ ဘယ္ကာလအထိလဲဆိုတာကေတာ့ က်ေနာ့္အေနနဲ႔ ေျပာလို႔ ခက္ပါတယ္ဗ်။ အခုနက credential ကိစၥတို႔ ဘာတို႔ဆိုတဲ့ဥစၥာက အခုဆိုရင္ ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံက ၂၀၂၁ စက္တင္ဘာကေနၿပီးေတာ့ စလိုက္တာက ၂၀၂၂ စက္တင္ဘာအထိ သြားတာေပါ့ေနာ္။ ဒါေၾကာင့္ ထပ္ေျပာရရင္ေတာ့ credential committee ရဲ႕အစီရင္ခံစာကို ခနေလာက္ ေစာင့္ၾကည့္ေပးဖို႔ကိုေတာ့ က်ေနာ္ ထပ္ၿပီးေတာ့ ေမတၱာရပ္ခံလိုပါတယ္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

မြန်မာလူထုအသံ နိုင်ငံတကာကြားအောင် ဆက်လုပ်သွားမယ် - သံအမတ်ကြီးဦးကျော်မိုးထွန်း

မြန်မာလူထုရဲ့အသံကို နိုင်ငံတကာကနေကြားအောင် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပင်မကော်မတီတွေမှာ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကိုပြောပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ချဖို့ကိစ္စကို ကိုယ်စားပြုမှု စဉ်းစားသုံးသပ်တဲ့ Credential ကော်မတီက ဆိုင်းငံ့ထားလိုက်ပြီးတဲ့နောက် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလိုပြောတာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့အခါ သံအမတ်ကြီးက အခုလိုစပြောပါတယ်။

ဦးကျော်မိုးထွန်း။ ။ “အခု တောက်လျှောက်ပဲပေါ့နော်၊ ပင်မကော်မတီတွေရဲ့အစည်းဝေးတွေ မှာလည်း သင့်လျော်တဲ့ခေါင်းစဉ်တွေအောက်ကနေပြီးတော့ ပြည်သူ့အသံကို နိုင်ငံတကာကနေ ကြားအောင် တောက်လျှောက်လုပ်နေတဲ့အတွက်ကြောင့် ဒီလိုပဲ ဆက်လက်ဆောင်ရွက်သွားပါမယ်.. ပေါ့နော်၊ အခွင့်အရေး ရရင်ရသလို ဆောင်ရွက်သွားမယ်ဆိုတာလေးတော့ ပြောလိုပါတယ်ခင်ဗျ။ ဒါကြောင့် မကြာခင်ကာလမှာတော့ credential committee ကနေပြီးတော့ မျက်နှာစုံညီ အစည်းအဝေးကို သူတို့ အစီရင်ခံစာ တင်ဖို့ရှိပါတယ်။”

ကိုဉာဏ်ဝင်းအောင်။. ။ အကယ်၍ပေါ့၊ အခု သံအမတ်ကြီးပြောသွားသလို credential committee က မျက်နှာစုံညီအစီရင်ခံစာကနေ ‘ဦးကျော်မိုးထွန်းကို ဒီနေရာမှာပဲ ဆက်ရှိစေ..’ ဆိုပြီးတော့ ပြောခဲ့မယ်ဆိုရင် ကုလမသဂ္ဂ လုပ်ထုံးလုပ်နည်းတွေအရပေါ့။ ဦးကျော်မိုးထွန်းရဲ့ အမြဲတမ်းကိုယ်စားလှယ်သက်တမ်းက ဘယ်လောက်ထိ ဆက်ရှိနေမှာလဲခင်ဗျ။

ဦးကျော်မိုးထွန်း။ ။ အဲဒါကတော့ ရီပို့မှာ ဘယ်လို ဖော်ပြမလဲရယ်၊ နောက်ပြီးတော့ သူတို့ ကော်မတီအဖွဲ့ဝင်တွေကြားထဲမှာ ဘယ်လိုဆွေးနွေးသလဲဆိုတဲ့အပေါ်မှာတော့ မူတည်ပါတယ်ခင်ဗျ။ ပြန်ကြည့်လိုက်ရင် မနှစ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှုဖြစ်တယ်။ နောက်ပြီးတော့ ၂၆ ရက်နေ့မှာ ကျနော် မိန့်ခွန်းပြောတယ်။ ၂၇ ရက်နေ့မှာ ဘာပြောပြော စစ်ကောင်စီကနေပြီးတော့ ကျနော့်ကို dismiss လုပ်တယ်။ အဲဒီကြားထဲတွေမှာ ကျနော့်နေရာအစားထိုးဖို့ လုပ်တယ်ပေါ့နော်။ ..ဆိုတော့ အဲဒီကာလတွေကတည်းက ဒီကိစ္စတွေက ဖြစ်လာတာပေါ့နော်။ အဲဒီကတည်းက ဘာပြောပြော ကျနော် ဒီမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ အဲဒီကတည်းကတော့ သူတို့တွေ ဘယ်လိုပဲ ကြိုးစားကြိုးစားပေါ့နော်၊ ဆက်လက်တည်ရှိနေခဲ့တယ်၊ အခုလည်း ရှိနေတယ်ဆိုတော့ ဘယ်ကာလအထိလဲဆိုတာကတော့ ကျနော့်အနေနဲ့ ပြောလို့ ခက်ပါတယ်ဗျ။ အခုနက credential ကိစ္စတို့ ဘာတို့ဆိုတဲ့ဥစ္စာက အခုဆိုရင် ၇၆ ကြိမ်မြောက် အထွေထွေညီလာခံက ၂၀၂၁ စက်တင်ဘာကနေပြီးတော့ စလိုက်တာက ၂၀၂၂ စက်တင်ဘာအထိ သွားတာပေါ့နော်။ ဒါကြောင့် ထပ်ပြောရရင်တော့ credential committee ရဲ့အစီရင်ခံစာကို ခနလောက် စောင့်ကြည့်ပေးဖို့ကိုတော့ ကျနော် ထပ်ပြီးတော့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျ။

#UNCredential #MyanmarAmbassador #UKyawMoeTun #NyanWinAung #voaburmese #ကုလသမဂ္ဂ #ကိုယ်စားပြုမှု #ဦးကျော်မိုးထွန်း #ဉာဏ်ဝင်းအောင် #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG