သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုလသမဂၢမွာ ျမန္မာကိုယ္စားျပဳမႈဆိုင္ရာ ေကာ္မတီလုပ္ေဆာင္ခ်က္ စစ္ေကာင္စီေဝဖန္


စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း

{{Zawgyi/Unicode}}

ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမယ့္သူေနရာအတြက္ စဥ္းစားဆုံးျဖတ္မယ့္ အစီအစဥ္ကို ကုလသမဂၢ၊ စိစစ္လက္ခံေရးေကာ္မတီ (Credentials Committee) က ဆိုင္းင့ံလိုက္တဲ့အေပၚ ျမန္မာစစ္ေကာင္စီက ျပစ္တင္ေဝဖန္လိုက္ပါတယ္။

ကုလသမဂၢရဲ႕ လုပ္ေဆာင္ခ်က္ဟာ ျမန္မာႏိုင္ငံရဲ႕ လက္ေတြ႔အေျခအေနေတြကို မထင္ဟပ္တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္တယ္ဆိုၿပီး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက AFP သတင္းဌာနကို ေျပာဆိုတဲ့အေၾကာင္း ဒီကေန႔ AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတကာနဲ႔ ႏိုင္ငံတြင္း ဥပေဒေတြအရ ကိုယ္စားျပဳခြင့္ရဖို႔ သံတမန္ေရး လုပ္ထံုးလုပ္နည္းေတြနဲ႔အညီ ကုလသမဂၢမွာ ဆက္လက္ တင္ျပသြားမယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးအက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာနဲ႔ ၾသဂုတ္လထဲ တာလီဘန္ေတြ တေက်ာ့ျပန္အာဏာရခဲ့တဲ့ အာဖဂန္နစၥတန္ႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာေတြကို အဖဲြ႔ဝင္ ၉ ဦး ပါတဲ့ေကာ္မတီမွာ ေဆြးေႏြးရာမွာ လတ္တေလာ ယတိျပတ္အဆုံးအျဖတ္မေပးဘဲ ဆိုင္းငံ့ထားဖို႔ ဗုဒၶဟူးေန႔က ဆုံးျဖတ္လိုက္တဲ့အေၾကာင္း ေကာ္မတီဥကၠ႒ ကုလသမဂၢဆိုင္ရာ ဆြီဒင္သံအမတ္ႀကီး Anna Karin Eneström နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ ဗုဒၶဟူးေန႔က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း ေျပာဆိုထားတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုေတာ့ စစ္ေကာင္စီက ႏိုင္ငံေတာ္သစၥာေဖာက္အျဖစ္ စြပ္စဲြထားၿပီး ရာထူးက ဖယ္ရွားေၾကာင္း ေၾကညာထားသလို သူ႔ေနရာမွာ စစ္အရာရွိတဦးနဲ႔ အစားထိုးဖို႔လည္း ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆက္လက္ တာဝန္ယူႏိုင္ေအာင္ Credentials Committee က ေဆြးေႏြးမႈေတြမလုပ္ဘဲ ဆိုင္းငံ့ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သံတမန္ အသိုင္းအဝန္းကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာလည္း ေဖာ္ျပထားပါတယ္။ လက္ရွိသံအမတ္ႀကီးေတြ ဆက္လက္ တာဝန္ယူခြင့္ရွိမွာလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ ေမးခြန္းကိုေတာ့ ေကာ္မတီဥကၠ႒ ဆြီဒင္သံအမတ္ႀကီးက ေျဖၾကားဖို႔ ျငင္းဆန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------

{{Unicode}}

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုဆိုင်ရာ ကော်မတီလုပ်ဆောင်ချက် စစ်ကောင်စီဝေဖန်

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့်သူနေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂ၊ စိစစ်လက်ခံရေးကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်တွေ့အခြေအနေတွေကို မထင်ဟပ်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောဆိုတဲ့အကြောင်း ဒီကနေ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာနဲ့ နိုင်ငံတွင်း ဥပဒေတွေအရ ကိုယ်စားပြုခွင့်ရဖို့ သံတမန်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကုလသမဂ္ဂမှာ ဆက်လက် တင်ပြသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ သြဂုတ်လထဲ တာလီဘန်တွေ တကျော့ပြန်အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါတဲ့ကော်မတီမှာ ဆွေးနွေးရာမှာ လတ်တလော ယတိပြတ်အဆုံးအဖြတ်မပေးဘဲ ဆိုင်းငံ့ထားဖို့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်တဲ့အကြောင်း ကော်မတီဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Anna Karin Eneström နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုတော့ စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားသလို သူ့နေရာမှာ စစ်အရာရှိတဦးနဲ့ အစားထိုးဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ယူနိုင်အောင် Credentials Committee က ဆွေးနွေးမှုတွေမလုပ်ဘဲ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သံတမန် အသိုင်းအဝန်းကို ကိုးကားပြီး ရိုက်တာသတင်းမှာလည်း ဖော်ပြထားပါတယ်။ လက်ရှိသံအမတ်ကြီးတွေ ဆက်လက် တာဝန်ယူခွင့်ရှိမှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ကော်မတီဥက္ကဋ္ဌ ဆွီဒင်သံအမတ်ကြီးက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

#WhatIsHappeningInMyanmar #UNCredential #ဇော်မင်းထွန်း #ကုလသမဂ္ဂ #စစ်အာဏာသိမ်း #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG