သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

R2P နဲ႔ ျမန္မာကို ကာကြယ္ေပးဖို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ထပ္မံတိုက္တြန္း


Myanmar Ambassador U Kyaw Moe Tun

ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္သတ္ျဖတ္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြကို R2P လို႔ အတိုေကာက္ေခၚတဲ့ ႏိုင္ငံတကာက ကာကြယ္ေပးရမယ့္တာဝန္ ပ်က္ကြက္ေနတုန္းပဲလို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာဆိုလိုက္ၿပီး ျမန္မာျပည္သူေတြကို R2P နဲ႔အညီ အျမန္ဆုံးကူညီေပးဖို႔ ကုလသမဂၢကို ထပ္မံေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံအတြင္း ဆိုး႐ြားလွတဲ့ အေျခအေနဟာ ျပည္တြင္းအာဏာပိုင္ေတြက ျပည္သူကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ပ်က္ကြက္တာမ်ိဳးေတာင္ မဟုတ္ေတာ့ဘဲ၊ စစ္တပ္က အာဏာအတြက္ လူေတြ ေၾကာက္႐ြံ႕ထိတ္လန႔္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ အၾကမ္းဖက္ တိုက္ခိုက္ေနတာ ျဖစ္လို႔ ၂၀၀၅ ခုႏွစ္အတြင္းျဖစ္ခဲ့တဲ့ R2P ပါ ဆိုးဝါးျပင္းထန္တဲ့ လူအခြင့္အေရးျပစ္မႈ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီေနတယ္၊ အခ်ိန္မီ ျပတ္ျပတ္သားသား အေရးယူေပးပါလို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက မေန႔က ကုလသမဂၢ အေထြေထြညီလာခံမွာ က်င္းပတဲ့ R2P ဆိုင္ရာ ႏွစ္ပတ္လည္ ေဆြးေႏြးပြဲမွာ ေတာင္းဆိုသြားတာပါ။

ဒါေပမဲ့ အေမရိကန္အပါအဝင္ ကမာၻ႔ေခါင္းေဆာင္တခ်ိဳ႕က ကုလလုံၿခဳံေရးေကာင္စီက ခ်မွတ္ထားတဲ့ R2P ကို လက္ေတြ႔အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

R2P ခ်မွတ္ေဆာင္႐ြက္ေပးဖို႔ ေနာက္ထပ္ လူ႔အသက္ေတြ ဘယ္ေလာက္ထပ္ ေပးရမဦးမွာလဲလို႔လည္း သံအမတ္ႀကီးက ေမးခြန္းထုတ္ေျပာဆိုသြားပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး၊ ျပည္သူေတြနဲ႔ ရပ္တည္ေၾကာင္း ျပခဲ့တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျမန္မာျပည္သူေတြအေနနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို R2P လုပ္ေပးဖို႔ ဆက္တိုက္ ေတာင္းဆိုေေနပမဲ့၊ ခုခ်ိန္ထိ လက္ေတြ႔ လုပ္ေပးႏိုင္ေသးတာကို ေထာက္ျပေျပာဆိုခဲ့တာပါ။

ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လြတ္လပ္တဲ့စုံစမ္းေရးအဖြဲ႕ (IIMM) အပါအဝင္ ကုလသမဂၢ လူ႔အခြင့္အေရးအဖြဲ႔ေတြကလည္း ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ လူသားထုေအပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈ ေျမာက္ႏိုင္တယ္လို႔ ေျပာဆိုထားပါတယ္။

====Unicode ====

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို R2P လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာက ကာကွယ်ပေးရမယ့်တာဝန် ပျက်ကွက်နေတုန်းပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပြီး မြန်မာပြည်သူတွေကို R2P နဲ့အညီ အမြန်ဆုံးကူညီပေးဖို့ ကုလသမဂ္ဂကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဆိုးရွားလှတဲ့ အခြေအနေဟာ ပြည်တွင်းအာဏာပိုင်တွေက ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်တာမျိုးတောင် မဟုတ်တော့ဘဲ၊ စစ်တပ်က အာဏာအတွက် လူတွေ ကြောက်ရွံ့ထိတ်လန့်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် တိုက်ခိုက်နေတာ ဖြစ်လို့ ၂၀၀၅ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ R2P ပါ ဆိုးဝါးပြင်းထန်တဲ့ လူအခွင့်အရေးပြစ်မှု သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတယ်၊ အချိန်မီ ပြတ်ပြတ်သားသား အရေးယူပေးပါလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပတဲ့ R2P ဆိုင်ရာ နှစ်ပတ်လည် ဆွေးနွေးပွဲမှာ တောင်းဆိုသွားတာပါ။

ဒါပေမဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တချို့က ကုလလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ R2P ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

R2P ချမှတ်ဆောင်ရွက်ပေးဖို့ နောက်ထပ် လူ့အသက်တွေ ဘယ်လောက်ထပ် ပေးရမဦးမှာလဲလို့လည်း သံအမတ်ကြီးက မေးခွန်းထုတ်ပြောဆိုသွားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး၊ ပြည်သူတွေနဲ့ ရပ်တည်ကြောင်း ပြခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို R2P လုပ်ပေးဖို့ ဆက်တိုက် တောင်းဆိုေနေပမဲ့၊ ခုချိန်ထိ လက်တွေ့ လုပ်ပေးနိုင်သေးတာကို ထောက်ပြပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ (IIMM) အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူသားထုအေပါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG