သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြကို ကူညီဖို႔ အိမ္ျဖဴေတာ္ေရွ႕ျမန္မာေတြဆႏၵျပ


Myanmar Demonstration in front of White House, October 29 2022

မႏွစ္ကတည္းက စစ္တပ္အာဏာသိမ္းထားတဲ့ စစ္တပ္ရဲ႕ ဖိႏွိပ္မႈကို ခံေနရတဲ့ ျမန္မာႏိုင္ငံတြင္း ျပည္သူေတြကို အကူအညီေပးဖို႔ အေမရိကန္ေရာက္ ျမန္မာေတြ စေနေန႔က စုေဝးၿပီး ဝါရွင္တန္ဒီစီ သမၼတအိမ္ျဖဴေရွ႕မွာ အေမရိကန္အစိုးရကို ေတာင္းဆိုခဲ့ၾကပါတယ္။

Zawgyi

ျမန္မာျပည္သူေတြကို ကူညီဖို႔ အိမ္ျဖဴေတာ္ေရွ႕ျမန္မာေတြဆႏၵျပ

မႏွစ္ကတည္းက စစ္တပ္အာဏာသိမ္းထားတဲ့ စစ္တပ္ရဲ႕ ဖိႏွိပ္မႈကို ခံေနရတဲ့ ျမန္မာႏိုင္ငံတြင္း ျပည္သူေတြကို အကူအညီေပးဖို႔ အေမရိကန္ေရာက္ ျမန္မာေတြ စေနေန႔က စုေဝးၿပီး ဝါရွင္တန္ဒီစီ သမၼတအိမ္ျဖဴေရွ႕မွာ အေမရိကန္အစိုးရကို ေတာင္းဆိုခဲ့ၾကပါတယ္။

ဆႏၵျပပဲြမွာ ဦးေဆာင္ပါ၀င္ခဲ့တဲ့ ကိုရင္ေအးကအခုလိုေျပာပါတယ္။

“ၿပီးခဲ့တဲ့အပတ္က ကခ်င္မွာ ဖားကန္႔မွာ ျပည္သူေတြကို ဗုံးႀကဲၿပီးေတာ့ လူမဆန္စြာသတ္ျဖတ္ခဲ့တဲ့ကိစၥေတြအတြက္က်ေ နာ္တို႔ White House ေရွ႕မွာလာၿပီးေတာ့ေတာင္းဆိုတာျဖစ္ပါတယ္။ အဓိက ကေတာ့ United States အစိုးရအေနနဲ႔ ထိေရာက္တဲ့အေရးယူမႈေတြလုပ္ေပးဖို႔၊ တရားမ၀င္စစ္ေကာင္စီဟာ ေလေၾကာင္းကိုအသုံးျပဳၿပီးေတာ့ အပစ္မဲ့ျပည္သူလူ ထုကိုတိ္ုက္ခိုက္ေနတာအႀကိမ္ေပါင္းမ်ားစြာရွိေနၿပီ၊ ဒါကိုကာကြယ္ဖို႔အတြက္ ထိေရာက္တဲ့အေရးယူေဆာင္ရြက္မႈလိုပါ တယ္၊ အထူးသျဖင့္ေတာ့ (Air Strike) ေလေၾကာင္းကတိုက္ခိုက္ခံေနရတဲ့ ေဒသေတြမွာ ဒီေလေၾကာင္းရန္ကို ႀကိဳတင္အ သိေပးတဲ့ (Alarm system) ေတြ တပ္ဆင္ေပးဖို႔အဓိကလာေရာက္ေတာင္းဆိုတာျဖစ္ပါတယ္။”

ဝါရွင္တန္ဒီစီက ေတာင္းဆိုဆႏၵျပပြဲကို ဦးေဆာင္တဲ့ ကိုရင္ေအးက ေျပာသြားတာပါ။ အခု ဆႏၵျပမႈဟာ ေအာက္တိုဘာလ မွာျပဳလုပ္ေနတဲ့ ကမာၻလံုးဆိုင္ရာျမန္မာေက်ာင္းသားေတြရဲ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲရဲ႕အစိတ္အပိုင္းတခု ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္ဟာ သူ႔ကို ဆန္႔က်င္တဲ့ ျပည္သူကို တရားမဲ့ဖမ္းဆီးတာေတြ၊ သတ္ျဖတ္တာ ေတြနဲ႔လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ က်ဴးလြန္ေနတာကို ကမာၻ႔ႏိုင္ငံေတြက အေရးယူေဆာင္ရြက္ေပးၾကဖို႔ ႏိုင္ငံအသီး သီးမွာေရာက္ေနတဲ့ ျမန္မာေတြက ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

အခု ဝါရွင္တန္ဒီစီမွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲကို ဝါရွင္တန္ဒီစီနဲ႔ ဝန္းက်င္က ေမရီလန္း၊ ဗာဂ်ီးနီးယား၊ ပယ္ဆယ္ေဗးနီးယား၊ ျပည္နယ္ေတြမွာေနထိုင္တဲ့ ျမန္မာေတြစုေဝးလာေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

##

Unicode

မြန်မာပြည်သူတွေကို ကူညီဖို့ အိမ်ဖြူတော်ရှေ့မြန်မာတွေဆန္ဒပြ

မနှစ်ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာနိုင်ငံတွင်း ပြည်သူတွေကို အကူအညီပေးဖို့ အမေရိကန်ရောက် မြန်မာတွေ စနေနေ့က စုဝေးပြီး ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူရှေ့မှာ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုရင်အေးကအခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်က ကချင်မှာ ဖားကန့်မှာ ပြည်သူတွေကို ဗုံးကြဲပြီးတော့ လူမဆန်စွာသတ်ဖြတ်ခဲ့တဲ့ကိစ္စတွေအတွက်ကျေ နာ်တို့ White House ရှေ့မှာလာပြီးတော့တောင်းဆိုတာဖြစ်ပါတယ်။ အဓိက ကတော့ United States အစိုးရအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေလုပ်ပေးဖို့၊ တရားမဝင်စစ်ကောင်စီဟာ လေကြောင်းကိုအသုံးပြုပြီးတော့ အပစ်မဲ့ပြည်သူလူ ထုကိုတိုက်ခိုက်နေတာအကြိမ်ပေါင်းများစွာရှိနေပြီ၊ ဒါကိုကာကွယ်ဖို့အတွက် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုလိုပါ တယ်၊ အထူးသဖြင့်တော့ (Air Strike) လေကြောင်းကတိုက်ခိုက်ခံနေရတဲ့ ဒေသတွေမှာ ဒီလေကြောင်းရန်ကို ကြိုတင်အ သိပေးတဲ့ (Alarm system) တွေ တပ်ဆင်ပေးဖို့အဓိကလာရောက်တောင်းဆိုတာဖြစ်ပါတယ်။”

ဝါရှင်တန်ဒီစီက တောင်းဆိုဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကိုရင်အေးက ပြောသွားတာပါ။ အခု ဆန္ဒပြမှုဟာ အောက်တိုဘာလ မှာပြုလုပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲရဲ့အစိတ်အပိုင်းတခု ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ သူ့ကို ဆန့်ကျင်တဲ့ ပြည်သူကို တရားမဲ့ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာ တွေနဲ့လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတာကို ကမ္ဘာ့နိုင်ငံတွေက အရေးယူဆောင်ရွက်ပေးကြဖို့ နိုင်ငံအသီး သီးမှာရောက်နေတဲ့ မြန်မာတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခု ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီနဲ့ ဝန်းကျင်က မေရီလန်း၊ ဗာဂျီးနီးယား၊ ပယ်ဆယ်ဗေးနီးယား၊ ပြည်နယ်တွေမှာနေထိုင်တဲ့ မြန်မာတွေစုဝေးလာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG