သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေဘးေရွာင္ နဲ႔ CDM ရံပံုေငြအတြက္  ေမရီလန္းျပည္နယ္ ေစ်းေရာင္းပဲြ


စစ္ေဘးေရွာင္ နဲ႔ CDM ရံပံုေငြအတြက္ ေမရီလန္းျပည္နယ္ ေစ်းေရာင္းပဲြ

အေမရိကန္ ျပည္ေထာင္စု ေမရီလန္းျပည္နယ္ Baltimore ၿမိဳ႔ မွာ ျမန္မာႏိုင္ငံက စစ္ေဘးဒုကၡသည္ေတြ နဲ႔ CDM ေခၚ စစ္ေကာင္စီနဲ႔ မပူးေပါင္းေရး ဆန္႔က်င္ လုပ္ေဆာင္ေနၾကတဲ့ ဝန္ထမ္းေတြကို ကူညီဖို႔အတြက္ ရန္ပုံေငြရွာ ေစ်းေရာင္းပြဲကို စေနေန႔က ျပဳလုပ္ေနၾကပါတယ္။

စစ္ေဘးေရွာင္ နဲ႔ CDM ရံပံုေငြအတြက္ ေမရီလန္းျပည္နယ္ ေစ်းေရာင္းပဲြ

{{Zawgyi/Unicode}}
အေမရိကန္ ျပည္ေထာင္စု ေမရီလန္းျပည္နယ္ Baltimore ၿမိဳ႔ မွာ ျမန္မာႏိုင္ငံက စစ္ေဘးဒုကၡသည္ေတြ နဲ႔ CDM ေခၚ စစ္ေကာင္စီနဲ႔ မပူးေပါင္းေရး ဆန္႔က်င္ လုပ္ေဆာင္ေနၾကတဲ့ ဝန္ထမ္းေတြကို ကူညီဖို႔အတြက္ ရန္ပုံေငြရွာ ေစ်းေရာင္းပြဲကို စေနေန႔က ျပဳလုပ္ေနၾကပါတယ္။ အဲဒီပြဲကို ဦးေဆာင္သူ တဦးျဖစ္တဲ့ မမိုးမိုး က ရန္ပုံေငြ ေစ်းေရာင္းပြဲနဲ႔ ပတ္သက္ၿပီး အခုလိုေျပာပါတယ္။

"ဒီပြဲကို က်မတို႔ ေစ်းေရာင္းပြဲေတာ္က ေရာင္းလို႔ရသမွ်ေငြေတြကို ျမန္မာႏိုင္ငံအတြက္ လွဴဒါန္း ကူညီသြားမွာျဖစ္ပါတယ္။ တက္ေရာက္လာၾကသူေတြက ခန္႔မွန္း ၇ဝဝ ေက်ာ္ ၈ဝဝေလာက္ရွိမယ္ထင္ရပါတယ္"

အဲဒီေစ်းေရာင္ ရန္ပုံေငြရွာပြဲကို Women For Myanmar DC Metro Area အမ်ဳိးသမီး အဖြဲ႔က ဦးေဆာင္ျပဳလုပ္ၾကတာျဖစ္ပါတယ္။
Baltimore ၿမိဳ႕လည္နားက မရာခ်င္း ခရစ္ယာန္ ဘုရားေက်ာင္းမွာျပဳလုပ္တဲ့ ရန္ပုံေငြ ေစ်းေရာင္းပြဲကို ေမရီလန္းျပည္နယ္၊ ဗာဂ်ီးနီယားျပည္နယ္ နဲ႔ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ တို႔က ျမန္မာႏိုင္ငံသားေတြ၊ ျမန္မာအေရးေထာက္ခံအားေပးၾကသူေတြလည္း တက္ေရာက္ၾကပါတယ္။
အလားတူ ၾသစေတလွ်ႏိုင္ငံ ၊ ကင္ဘာရာၿမိဳ႕မွာလည္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဦးေက်ာ္မုိးထြန္း ကို ဆက္လက္ခန္႔ထားဖို႔ လွ်ပ္ရွားမႈေတြကို အဲဒီမွာရွိၾကတဲ့ ျမန္မာေတြက လုပ္ေဆာင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................

စစ်ဘေးရှောင် နဲ့ CDM ရံပုံငွေအတွက် မေရီလန်းပြည်နယ် ဈေးရောင်းပွဲ

{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ် Baltimore မြို့ မှာ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေ နဲ့ CDM ခေါ် စစ်ကောင်စီနဲ့ မပူးပေါင်းရေး ဆန့်ကျင် လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို ကူညီဖို့အတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲကို စနေနေ့က ပြုလုပ်နေကြပါတယ်။ အဲဒီပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ မမိုးမိုး က ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ဒီပွဲကို ကျမတို့ ဈေးရောင်းပွဲတော်က ရောင်းလို့ရသမျှငွေတွေကို မြန်မာနိုင်ငံအတွက် လှူဒါန်း ကူညီသွားမှာဖြစ်ပါတယ်။ တက်ရောက်လာကြသူတွေက ခန့်မှန်း ၇ဝဝ ကျော် ၈ဝဝလောက်ရှိမယ်ထင်ရပါတယ်"

အဲဒီဈေးရောင် ရန်ပုံငွေရှာပွဲကို Women For Myanmar DC Metro Area အမျိုးသမီး အဖွဲ့က ဦးဆောင်ပြုလုပ်ကြတာဖြစ်ပါတယ်။
Baltimore မြို့လည်နားက မရာချင်း ခရစ်ယာန် ဘုရားကျောင်းမှာပြုလုပ်တဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို မေရီလန်းပြည်နယ်၊ ဗာဂျီးနီယားပြည်နယ် နဲ့ ဝါရှင်တန်ဒီစီမြို့တော် တို့က မြန်မာနိုင်ငံသားတွေ၊ မြန်မာအရေးထောက်ခံအားပေးကြသူတွေလည်း တက်ရောက်ကြပါတယ်။
အလားတူ သြစတေလျှနိုင်ငံ ၊ ကင်ဘာရာမြို့မှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ကို ဆက်လက်ခန့်ထားဖို့ လျှပ်ရှားမှုတွေကို အဲဒီမှာရှိကြတဲ့ မြန်မာတွေက လုပ်ဆောင်နေကြပါတယ်။

XS
SM
MD
LG