သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးေရွာင္ေတြအတြက္ ျပည္ပေရာက္ ျမန္မာေတြ ရန္ပံုေငြရွာ


ခ်င္းျပည္နယ္အတြင္း ပစ္ခတ္မႈေတြေၾကာင့္ ထြက္ေျပးပုန္းေအာင္းေနရတဲ့ မင္းတပ္ေဒသခံမ်ား။

(Zawgyi / Unicode)

ျမန္မာႏိ္ုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ၇ လေက်ာ္ၾကာ ရွိလာခ်ိန္မွာပဲ ျပည္တြင္းျပည္ပ အာဏာသိမ္းဆန္႔က်င္မႈေတြ ဆက္ရွိေနၿပီး ေဒသတခ်ဳိ႕မွာ စစ္ေဘးေရွာင္ ဒုကၡသည္ေတြ တိုးလာတဲ့အတြက္ ဒါကို ကူညီေထာက္ပံ့ႏိုင္ဖို႔ အေမရိကန္ျပည္နယ္တခ်ဳိ႕မွာ စေနေန႔က ရန္ပုံေငြရွာ ေစ်းေရာင္းပဲြေတြ လုပ္ခဲ့ပါတယ္။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

အေမရိကန္ အေရွ႕ဘက္ျခမ္း နယူးေယာက္ျပည္နယ္ နယူးေယာက္ၿမိဳ႕ Queens အရပ္ေဒသက St. James ခရစ္ယာန္ဘုရားေက်ာင္းမွာ MAHAA (Myanmar American Humanitarian Aid Association) နဲ႔ NYCBC (New York City Burmese Community) အဖြဲ႔တို႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြက္ ရန္ပုံေငြရွာတဲ့ ေစ်းေရာင္းပဲြတခုကို စက္တင္ဘာ ၄ ရက္ စေနေန႔က က်င္းပခဲ့ေၾကာင္း ပဲြတာဝန္ခံတဦးျဖစ္တဲ့ ဦးေနတင္ျမင့္က ေျပာပါတယ္။

“က်ေနာ္တုိ႔ New York City မွာရွိတဲ့ MAHAA နဲ႔ NYCBC ေပါ့ အဲဒီအဖြဲ႔ႏွစ္ဖြဲ႔ ေပါင္းၿပီးေတာ့ ရန္ပုံေငြ ေဈးေရာင္းပြဲေလး လုပ္ျဖစ္ပါတယ္။ ဗမာအစားအေသာက္မ်ဳိးစုံ အပါအဝင္ေပါ့၊ ေနာက္တခုက တီရွပ္ေတြ၊ ရင္ထုိးေတြ၊ ဦးထုပ္ေတြေရာ စသျဖင့္ အမ်ဳိးအစား ၅၀ ေလာက္ ေရာင္းခ်ပါတယ္။ လာတဲ့ပရိသတ္ေတြကလည္း New York City ကမကဘူး၊ တျခား State ေတြကလည္း လာၿပီး အားေပးၾကပါတယ္။ က်ေနာ္တုိ႔ ရရွိတဲ့ပုိက္ဆံေတြကုိ ျမန္မာႏုိင္ငံမွာရွိတဲ့ ဒုကၡေရာက္ေနတဲ့သူေတြ၊ စစ္ေဘးေရွာင္ဒုကၡသည္ေတြ၊ အခုလက္ရွိ ရွိတဲ့ NUG နဲ႔ PDF ကို ပံ့ပိုးေပးဖို႔အတြက္ အဖြဲ႔ႏွစ္ဖြဲ႔ေပါင္းၿပီး လုပ္ျခင္းျဖစ္ပါတယ္။ Spring Revolution Theory Music အဖြဲ႔ကလည္း ဒီေဈးေရာင္းပြဲမွာ လာေရာက္ တီးခတ္ေပးသြားပါတယ္။”

နယူးေယာက္က ေစ်းေရာင္းပဲြဟာ ဒုတိယေျမာက္ျဖစ္ၿပီး ပထမတေခါက္ ေရာင္းရတဲ့ ရန္ပုံေငြ အေမရိကန္ေဒၚလာ ၅၀,၀၀၀ ဝန္းက်င္ကုိ ေပးပို႔လွဴဒါန္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အလားတူ အေမရိကန္ အေနာက္ဘက္ျခမ္း ကယ္လီဖိုးနီးယားျပည္နယ္ ဆန္ဖရန္စစၥကို (ေဘး-ဧရိယာ) နဲ႔ ဆက္ခရမ္မန္းတို႔စ္ ေဒသတဝိုက္ ျမန္မာျပည္ဖြား တိုင္းရင္းသား ခရစ္ယာန္ေတြနဲ႔ စုဖြဲ႔ထားတဲ့ Burmese Christine Alliance ျမန္မာခရစ္ယာန္သဟာရ အဖြဲ႔က ဦးစီးၿပီး စေနေန႔ မြန္းလဲြပိုင္းက ရန္ပုံေငြရွာတဲ့ ေစ်းေရာင္းပဲြ လုပ္ခဲ့ေၾကာင္း အုပ္ကလန္-ျမန္မာ သာသနာႏွစ္ျခင္း ဆရာေတာ္ ဦးလြန္းဝါက ေျပာပါတယ္။

“က်ေနာ္တုိ႔ ျမန္မာျပည္ရဲ႕ ကိုဗစ္ေရာဂါ အေျခအေနမွာ ဒုကၡေရာက္ေနတဲ့သူေတြ၊ ႏုိင္ငံေရး၊ စီးပြားေရး အမ်ဳိးမ်ဳိး ခ်ဳိ႕တဲ့ေနတဲ့ အဖြဲ႔ေတြေပါ့၊ စစ္ေရွာင္စခန္းေတြမွာ သြားေနတဲ့ လုပ္ေဆာင္ေနတဲ့ မိသားစုေတြ ဒါမွမဟုတ္ အဖြဲ႔အစည္းေတြကို က်ေနာ္တို႔က တဆင့္ကူညီတာ ျဖစ္တယ္။ သူတုိ႔ကတဆင့္ လုပ္ေပးတယ္။ ရန္ကုန္၊ မႏၱေလး၊ ျမစ္ႀကီးနား စသျဖင့္ အဲဒီလိုၿမိဳ႕ႀကီးေတြမွာသာမက ခ်င္းျပည္နယ္အထိ ေရာက္တယ္ေပါ့ေနာ္။ ေနာက္ ကရင္ IDP ေတြ ပါဝင္ကူညီေနတာေပါ့ ေငြေရးေၾကးေရးအားျဖင့္၊ က်ေနာ္တို႔ အားလုံးစုၿပီး ဒီလိုမ်ဳိး ေဈးေရာင္းပြဲေလးေပါ့ေနာ္။ စုၿပီး ေရာင္းခ်တာေတာ့ ဗမာျပည္အစားအစာေတြ၊ ကခ်င္၊ ကရင္၊ ခ်င္း စသျဖင့္ သူတုိ႔ေတြရဲ႕ အစားအေသာက္ေတြ ပါပါတယ္။ ကေ်နာ္တုိ႔ကေတာ့ လူသားခ်င္းစာနာတဲ့၊ အကူအညီလိုတဲ့ ေနရာကို က်ေနာ္တုိ႔ ေပးပို႔ျခင္းျဖစ္တယ္။”

စေနေန႔ ေစ်းေရာင္းပဲြကေန အနည္းဆုံး ရန္ပုံေငြ ေဒၚလာ ၂ ေသာင္းခဲြေက်ာ္ ရရွိမယ္လို႔ ခန္႔မွန္းထားၿပီး ဒီေငြေတြကို ျမန္မာျပည္တြင္း စစ္ေရွာင္ဒုကၡသည္ေတြ၊ ကိုဗစ္လူနာေတြအတြက္ ေပးပို႔လွဴဒါန္းမွာ ျဖစ္ပါတယ္။ အရင္လေတြက ျပဳလုပ္ခဲ့တဲ့ ေစ်းေရာင္းပဲြေတြကေန ျမန္မာျပည္တြင္းကို ေဒၚလာ ၄ ေသာင္းခဲြေက်ာ္ လွဴဒါန္းႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

စစ်ဘေးရှောင်တွေအတွက် ပြည်ပရောက် မြန်မာတွေ ရန်ပုံငွေရှာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၇ လကျော်ကြာ ရှိလာချိန်မှာပဲ ပြည်တွင်းပြည်ပ အာဏာသိမ်းဆန့်ကျင်မှုတွေ ဆက်ရှိနေပြီး ဒေသတချို့မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးလာတဲ့အတွက် ဒါကို ကူညီထောက်ပံ့နိုင်ဖို့ အမေရိကန်ပြည်နယ်တချို့မှာ စနေနေ့က ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

အမေရိကန် အရှေ့ဘက်ခြမ်း နယူးယောက်ပြည်နယ် နယူးယောက်မြို့ Queens အရပ်ဒေသက St. James ခရစ်ယာန်ဘုရားကျောင်းမှာ MAHAA (Myanmar American Humanitarian Aid Association) နဲ့ NYCBC (New York City Burmese Community) အဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတခုကို စက်တင်ဘာ ၄ ရက် စနေနေ့က ကျင်းပခဲ့ကြောင်း ပွဲတာဝန်ခံတဦးဖြစ်တဲ့ ဦးနေတင်မြင့်က ပြောပါတယ်။

“ကျနော်တို့ New York City မှာရှိတဲ့ MAHAA နဲ့ NYCBC ပေါ့ အဲဒီအဖွဲ့နှစ်ဖွဲ့ ပေါင်းပြီးတော့ ရန်ပုံငွေ ဈေးရောင်းပွဲလေး လုပ်ဖြစ်ပါတယ်။ ဗမာအစားအသောက်မျိုးစုံ အပါအဝင်ပေါ့၊ နောက်တခုက တီရှပ်တွေ၊ ရင်ထိုးတွေ၊ ဦးထုပ်တွေရော စသဖြင့် အမျိုးအစား ၅၀ လောက် ရောင်းချပါတယ်။ လာတဲ့ပရိသတ်တွေကလည်း New York City ကမကဘူး၊ တခြား State တွေကလည်း လာပြီး အားပေးကြပါတယ်။ ကျနော်တို့ ရရှိတဲ့ပိုက်ဆံတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ အခုလက်ရှိ ရှိတဲ့ NUG နဲ့ PDF ကို ပံ့ပိုးပေးဖို့အတွက် အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး လုပ်ခြင်းဖြစ်ပါတယ်။ Spring Revolution Theory Music အဖွဲ့ကလည်း ဒီဈေးရောင်းပွဲမှာ လာရောက် တီးခတ်ပေးသွားပါတယ်။”

နယူးယောက်က ဈေးရောင်းပွဲဟာ ဒုတိယမြောက်ဖြစ်ပြီး ပထမတခေါက် ရောင်းရတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဝန်းကျင်ကို ပေးပို့လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို (ဘေး-ဧရိယာ) နဲ့ ဆက်ခရမ်မန်းတို့စ် ဒေသတဝိုက် မြန်မာပြည်ဖွား တိုင်းရင်းသား ခရစ်ယာန်တွေနဲ့ စုဖွဲ့ထားတဲ့ Burmese Christine Alliance မြန်မာခရစ်ယာန်သဟာရ အဖွဲ့က ဦးစီးပြီး စနေနေ့ မွန်းလွဲပိုင်းက ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲ လုပ်ခဲ့ကြောင်း အုပ်ကလန်-မြန်မာ သာသနာနှစ်ခြင်း ဆရာတော် ဦးလွန်းဝါက ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်ရဲ့ ကိုဗစ်ရောဂါ အခြေအနေမှာ ဒုက္ခရောက်နေတဲ့သူတွေ၊ နိုင်ငံရေး၊ စီးပွားရေး အမျိုးမျိုး ချို့တဲ့နေတဲ့ အဖွဲ့တွေပေါ့၊ စစ်ရှောင်စခန်းတွေမှာ သွားနေတဲ့ လုပ်ဆောင်နေတဲ့ မိသားစုတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ကျနော်တို့က တဆင့်ကူညီတာ ဖြစ်တယ်။ သူတို့ကတဆင့် လုပ်ပေးတယ်။ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား စသဖြင့် အဲဒီလိုမြို့ကြီးတွေမှာသာမက ချင်းပြည်နယ်အထိ ရောက်တယ်ပေါ့နော်။ နောက် ကရင် IDP တွေ ပါဝင်ကူညီနေတာပေါ့ ငွေရေးကြေးရေးအားဖြင့်၊ ကျနော်တို့ အားလုံးစုပြီး ဒီလိုမျိုး ဈေးရောင်းပွဲလေးပေါ့နော်။ စုပြီး ရောင်းချတာတော့ ဗမာပြည်အစားအစာတွေ၊ ကချင်၊ ကရင်၊ ချင်း စသဖြင့် သူတို့တွေရဲ့ အစားအသောက်တွေ ပါပါတယ်။ ကျေနာ်တို့ကတော့ လူသားချင်းစာနာတဲ့၊ အကူအညီလိုတဲ့ နေရာကို ကျနော်တို့ ပေးပို့ခြင်းဖြစ်တယ်။”

စနေနေ့ ဈေးရောင်းပွဲကနေ အနည်းဆုံး ရန်ပုံငွေ ဒေါ်လာ ၂ သောင်းခွဲကျော် ရရှိမယ်လို့ ခန့်မှန်းထားပြီး ဒီငွေတွေကို မြန်မာပြည်တွင်း စစ်ရှောင်ဒုက္ခသည်တွေ၊ ကိုဗစ်လူနာတွေအတွက် ပေးပို့လှူဒါန်းမှာ ဖြစ်ပါတယ်။ အရင်လတွေက ပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတွေကနေ မြန်မာပြည်တွင်းကို ဒေါ်လာ ၄ သောင်းခွဲကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG