သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ၿမိဳ႕ႀကီးေတြမွာ ျမန္မာ့အေရး ရန္ပုံေငြရွာလႈပ္ရွား


ေဘာ္စတြန္ျမဳိ႕က Save Myanmar Concert ဂီတ ေဖ်ာ္ေျဖပဲြနဲ႔ အစားေသာက္ေရာင္းခ်ပဲြ ( ဓါတ္ပုံ - Boston Free Burma )

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တာ ၇ လနီးပါး ရွိလာခ်ိန္ထိ ျပည္တြင္းေရာ၊ ျပည္ပမွာပါ ျမန္မာ့အေရး လႈပ္ရွားမႈေတြ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု ျမဳိ႕ႀကီးတခ်ဳိ႕မွာဆိုရင္လည္း စေနေန႔က ရန္ပုံေငြရွာတဲ့ပဲြေတြ က်င္းပခဲ့တဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

အေမရိကန္ အေရွ႕ဖက္ျခမ္း မက္ဆာခ်ဴးဆက္ျပည္နယ္ ေဘာ္စတြန္ျမဳိ႕မွာေတာ့ Save Myanmar Concert and Culture Night ဆိုၿပီး ေဖ်ာ္ေျဖပဲြနဲ႔ အစားေသာက္ေရာင္းခ်တဲ့ ရန္ပုံေငြရွာပဲြကို ၾသဂုတ္(၂၈) စေနေန႔ ညေနပိုင္းက က်င္းပခဲ့တယ္လို႔ Boston Free Burma အဖြဲ႔က မေသာ္တာထြန္းေက်ာ္က ေျပာပါတယ္။

" ျမန္မာျပည္အတြက္ က်မတို႔ ရန္ပုံေငြရွာတာပါ။ ဒီတေခါက္ကေတာ့ က်မတို႔ရဲ႕ Boston Free Burma အဖြဲ႔ အျပင္ကို ဒီျမဳိ႕က ေဒသခံအဖြဲ႔အစည္း အဖြဲ႔တခုနဲ႔ပူးေပါင္းၿပီးေတာ့ လုပ္ပါတယ္။ ဒီပဲြကိုလာတဲ့လူေတြကို အစားေသာက္ ေရာင္းခ်႐ုံတင္မကပဲ အထူးအဆန္းေလးလည္း ျဖစ္ေအာင္လို႔ အဆိုေတာ္ ေဆာင္းဦးလႈိင္ရဲ႕ ေဖ်ာ္ေျဖပဲြလည္းေရာ ၊ အျခား ျမန္မာအက တိုင္းရင္းသားအကေတြပါ တဲြၿပီးေတာ့ ယဥ္ေက်းမႈ ေဖ်ာ္ေျဖပဲြေလးပါ ထည့္ထားပါတယ္။ ကရင္ဒုံးယိမ္း၊ ကယားအကေတြလည္း ပါပါတယ္။ ေဇာ္ဝင္းထြဋ္ရဲ႕ ျပည္ေထာင္စုသီခ်င္းနဲ႔ တိုင္းရင္းသားကေလးေတြက ကပါတယ္။ "

ဒီပဲြကေန ရလာတဲ့ ရန္ပုံေငြေတြကို ျမန္မာ့အေရး လႈပ္ရွားမႈအတြက္နဲ႔ အေရးေပၚ အကူအညီေပးေရးမွာ လွဴဒါန္းသြားမယ္လို႔ မေသာ္တာထြန္းေက်ာ္က ေျပာပါတယ္။

" ပထမအေနနဲ႔ မိခင္နဲ႔ကေလးက်န္းမာေရးဝန္ႀကီး ေဒၚစူဇမ္နာလွလွစိုးက ေနၿပီးေတာ့ ကရင္ျပည္နယ္ဖက္မွာ ေဆး႐ုံေလးတ႐ုံ ရွိတယ္။ အဲဒီေဆး႐ုံက လိုအပ္ခ်က္ေတြ ရွိေနတယ္ေပါ့ေနာ္။ ျပဳျပင္ဖို႔တို႔ဘာတို႔ အဲဒီအတြက္ က်မတို႔ ရည္ရြယ္ပါတယ္။ ေနာက္တခုက NUG အစိုးရကို ေထာက္ပံ့ဖို႔ေပါ့၊ သူတို႔ ဘာေတြလိုအပ္သလဲေပါ့ လိုအပ္တဲ့ေနရာကို က်မတို႔က လွဴဒါန္းသြားမွာပါ။ က်မတို႔ စိတ္ထဲမွာ သံဓိဌာန္ခ်ထားတာက ဒီစစ္အစိုးရကို ၂၀၂၁ ထဲမွာ အျမစ္ျဖတ္မယ္ဆိုတဲ့ ျမန္မာျပည္သူေတြရဲ႕ သံဓိဌာန္ေၾကာင့္ပါ။ "

အလားတူ အေမရိကန္ အေနာက္ဖက္ျခမ္း ကယ္လီဖိုးနီးယားျပည္နယ္ ျမန္မာအမ်ားစုရွိတဲ့ ဆန္ဖရန္စစၥကိုျမဳိ႕တဝိုက္မွာလည္း ျမန္မာျပည္ အေရးအတြက္ နည္းမ်ဳိးစုံနဲ႔ ရန္ပုံေငြရွာ ေထာက္ပံ့ေနေၾကာင္း ျမန္မာ့အေရးတက္ႂကြလႈပ္ရွားသူ ဦးကိုကိုေလးက ေျပာပါတယ္။

" က်ေနာ္တို႔က ဒီလိုပါ NUG အတြက္ ရန္ပုံေငြရွာၿပီး ပို႔ေပးတဲ့အလုပ္ လုပ္ပါတယ္။ အရင္က ေဒၚလာ (၉.၂)သန္း ရပါတယ္။ အခုတေခါက္ကေတာ့ အေရးေပၚ ေဒၚလာ(၅)သန္း လိုအပ္လာတဲ့အတြက္ က်ေနာ္တို႔ ရန္ပုံေငြ ရွာၾကပါတယ္။ က်ေနာ္တို႔ ဒီ ဆန္ဖရန္စစၥကို(ေဘး ဧရိယာ) မွာေတာ့ CRPH & NUG Support Team ေထာက္ပံ့ေရးဆိုၿပီး အဲဒီအဖြဲ႔ကေန အဓိကထား လုပ္ေဆာင္ေနပါတယ္။ သူတို႔က Raffle Tickets ကံစမ္းမဲ လက္မွတ္ေတြ ေရာင္းတာျဖစ္ပါတယ္။ ေနာက္တမ်ဳိးက်ေတာ့ အဲဒီ CRPH Support Team ကပဲ စားေသာက္ဆိုင္ေတြမွာ တေယာက္ ေဒၚလာ(၁၀၀- ၁၅၀)ေပါ့၊ အဲဒါမ်ဳိး လက္မွတ္ေတြ ေရာင္းၿပီးေတာ့ လူေတြကို လာစားခိုင္းတယ္။ ရတဲ့ပိုက္ဆံေတြ အကုန္လုံးကို အရင္းမႏႈတ္ပဲနဲ႔ ဒီ NUG အစိုးရ PDF ကိုေထာက္ပံ့တယ္ေပါ့ဗ်ာ။ "

ျမန္မာျပည္သူေတြ စစ္တပ္ႀကီးစိုးတဲ့ အုပ္ခ်ဳပ္မႈေအာက္ကေန လြတ္ေျမာက္ေစလိုတဲ့အတြက္ ျပည္ပေရာက္ ျမန္မာေတြ အခုလို ရန္ပုံေငြရွာေနရတာ ျဖစ္တယ္လို႔လည္း ဦးကိုေလးက ဆိုပါတယ္။

" ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီ စစ္ေကာင္စီ မျပဳတ္မခ်င္းက ျမန္မာျပည္ ၿငိမ္းခ်မ္း သာယာ ဝေျပာမွာ မဟုတ္ဘူး၊ တရားမွ်တမႈ ရွိမွာမဟုတ္ဘူးေလ။ အဲဒါေၾကာင့္ စစ္အာဏာရွင္ေတြ မျပဳတ္က်မခ်င္း တက္တက္ႂကြႂကြနဲ႔ ဆႏၵလည္းျပတယ္၊ သံတမန္ေရး လႈပ္ရွားမႈ Diplomatic Campaign ေခၚတယ္။ ေလာ္ဘီ လုပ္ငန္းေတြလည္း လုပ္တယ္။ ရန္ပုံေငြရွာတ့ဲ အလုပ္ေတြကိုလည္း မရပ္ဘူး။ ျပည္ပကို ေရာက္ရွိေနတဲ့ က်ေနာ္တို႔ မ်ဳိးခ်စ္ျမန္မာေတြ ဝိုင္းလုပ္ေနၾကပါတယ္။ "

ေဖေဖၚဝါရီ(၁)ရက္ေန႔ကစလို႔ အာဏာသိမ္းထားတာ (၇)လေလာက္ ရွိလာေပမယ့္ ရန္ကုန္၊ မႏၲေလး၊ မုံရြာ၊ ထားဝယ္ စတဲ့ျမဳိ႕ႀကီးေတြအပါအဝင္ က်န္တဲ့ေဒသတခ်ဳိ႕မွာပါ လမ္းေပၚထြက္ ဆန္႔က်င္ဆႏၵျပမႈေတြ ရွိေနသလို၊ ျပည္ပေရာက္ ျမန္မာေတြကလည္း ျမန္မာသံ႐ုံးနဲ႔ အာဆီယံႏိုင္ငံက သံ႐ုံးေတြေရွ႕ သြားေရာက္ဆႏၵထုတ္ေဖၚေနဆဲ ျဖစ္ပါတယ္။

ျပည္တြင္းက ဆႏၵျပပဲြေတြအတြင္း စစ္ေကာင္စီတပ္ရဲ႕ ႏွိမ္နင္းမႈေၾကာင့္ ခုခ်ိန္ထိ လူေပါင္း(၁၀၂၆)ဦး ေသဆုံးခဲ့ၿပီး ၊ (၆)ေထာင္ေက်ာ္ ဖမ္းဆီးခံခဲ့ရတဲ့အထဲ ခုခ်ိန္ထိ လူ(၂)ေထာင္ေက်ာ္ ဖမ္းဆီးခံေနရဆဲ ျဖစ္တယ္လို႔ AAPP ေခၚ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက စာရင္းျပဳစုထားတာပါ။ ဒါေပမဲ့ အဲဒီအေရအတြက္ဟာ ခ်ဲ႕ကား ထုတ္ျပန္တဲ့ စာရင္းျဖစ္တယ္လို႔ စစ္ေကာင္စီက ေျပာေနၿပီး AAPP ကေတာ့ ေသဆုံးသူ မိသားစုဝင္ေတြနဲ႔ ဆက္သြယ္ အတည္ျပဳၿပီးမွ အေသအခ်ာ ျပဳစုထားတဲ့စာရင္းျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

အမေရိကန် မြို့ကြီးတွေမှာ မြန်မာ့အရေး ရန်ပုံငွေရှာလှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၇ လနီးပါး ရှိလာချိန်ထိ ပြည်တွင်းရော၊ ပြည်ပမှာပါ မြန်မာ့အရေး လှုပ်ရှားမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့ကြီးတချို့မှာဆိုရင်လည်း စနေနေ့က ရန်ပုံငွေရှာတဲ့ပွဲတွေ ကျင်းပခဲ့တဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန် အရှေ့ဖက်ခြမ်း မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှာတော့ Save Myanmar Concert and Culture Night ဆိုပြီး ဖျော်ဖြေပွဲနဲ့ အစားသောက်ရောင်းချတဲ့ ရန်ပုံငွေရှာပွဲကို သြဂုတ်(၂၈) စနေနေ့ ညနေပိုင်းက ကျင်းပခဲ့တယ်လို့ Boston Free Burma အဖွဲ့က မသော်တာထွန်းကျော်က ပြောပါတယ်။

" မြန်မာပြည်အတွက် ကျမတို့ ရန်ပုံငွေရှာတာပါ။ ဒီတခေါက်ကတော့ ကျမတို့ရဲ့ Boston Free Burma အဖွဲ့ အပြင်ကို ဒီမြို့က ဒေသခံအဖွဲ့အစည်း အဖွဲ့တခုနဲ့ပူးပေါင်းပြီးတော့ လုပ်ပါတယ်။ ဒီပွဲကိုလာတဲ့လူတွေကို အစားသောက် ရောင်းချရုံတင်မကပဲ အထူးအဆန်းလေးလည်း ဖြစ်အောင်လို့ အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ဖျော်ဖြေပွဲလည်းရော ၊ အခြား မြန်မာအက တိုင်းရင်းသားအကတွေပါ တွဲပြီးတော့ ယဉ်ကျေးမှု ဖျော်ဖြေပွဲလေးပါ ထည့်ထားပါတယ်။ ကရင်ဒုံးယိမ်း၊ ကယားအကတွေလည်း ပါပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ ပြည်ထောင်စုသီချင်းနဲ့ တိုင်းရင်းသားကလေးတွေက ကပါတယ်။ "

ဒီပွဲကနေ ရလာတဲ့ ရန်ပုံငွေတွေကို မြန်မာ့အရေး လှုပ်ရှားမှုအတွက်နဲ့ အရေးပေါ် အကူအညီပေးရေးမှာ လှူဒါန်းသွားမယ်လို့ မသော်တာထွန်းကျော်က ပြောပါတယ်။

" ပထမအနေနဲ့ မိခင်နဲ့ကလေးကျန်းမာရေးဝန်ကြီး ဒေါ်စူဇမ်နာလှလှစိုးက နေပြီးတော့ ကရင်ပြည်နယ်ဖက်မှာ ဆေးရုံလေးတရုံ ရှိတယ်။ အဲဒီဆေးရုံက လိုအပ်ချက်တွေ ရှိနေတယ်ပေါ့နော်။ ပြုပြင်ဖို့တို့ဘာတို့ အဲဒီအတွက် ကျမတို့ ရည်ရွယ်ပါတယ်။ နောက်တခုက NUG အစိုးရကို ထောက်ပံ့ဖို့ပေါ့၊ သူတို့ ဘာတွေလိုအပ်သလဲပေါ့ လိုအပ်တဲ့နေရာကို ကျမတို့က လှူဒါန်းသွားမှာပါ။ ကျမတို့ စိတ်ထဲမှာ သံဓိဌာန်ချထားတာက ဒီစစ်အစိုးရကို ၂၀၂၁ ထဲမှာ အမြစ်ဖြတ်မယ်ဆိုတဲ့ မြန်မာပြည်သူတွေရဲ့ သံဓိဌာန်ကြောင့်ပါ။ "

အလားတူ အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် မြန်မာအများစုရှိတဲ့ ဆန်ဖရန်စစ္စကိုမြို့တဝိုက်မှာလည်း မြန်မာပြည် အရေးအတွက် နည်းမျိုးစုံနဲ့ ရန်ပုံငွေရှာ ထောက်ပံ့နေကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးကိုကိုလေးက ပြောပါတယ်။

" ကျနော်တို့က ဒီလိုပါ NUG အတွက် ရန်ပုံငွေရှာပြီး ပို့ပေးတဲ့အလုပ် လုပ်ပါတယ်။ အရင်က ဒေါ်လာ (၉.၂)သန်း ရပါတယ်။ အခုတခေါက်ကတော့ အရေးပေါ် ဒေါ်လာ(၅)သန်း လိုအပ်လာတဲ့အတွက် ကျနော်တို့ ရန်ပုံငွေ ရှာကြပါတယ်။ ကျနော်တို့ ဒီ ဆန်ဖရန်စစ္စကို(ဘေး ဧရိယာ) မှာတော့ CRPH & NUG Support Team ထောက်ပံ့ရေးဆိုပြီး အဲဒီအဖွဲ့ကနေ အဓိကထား လုပ်ဆောင်နေပါတယ်။ သူတို့က Raffle Tickets ကံစမ်းမဲ လက်မှတ်တွေ ရောင်းတာဖြစ်ပါတယ်။ နောက်တမျိုးကျတော့ အဲဒီ CRPH Support Team ကပဲ စားသောက်ဆိုင်တွေမှာ တယောက် ဒေါ်လာ(၁၀၀- ၁၅၀)ပေါ့၊ အဲဒါမျိုး လက်မှတ်တွေ ရောင်းပြီးတော့ လူတွေကို လာစားခိုင်းတယ်။ ရတဲ့ပိုက်ဆံတွေ အကုန်လုံးကို အရင်းမနှုတ်ပဲနဲ့ ဒီ NUG အစိုးရ PDF ကိုထောက်ပံ့တယ်ပေါ့ဗျာ။ "

မြန်မာပြည်သူတွေ စစ်တပ်ကြီးစိုးတဲ့ အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်စေလိုတဲ့အတွက် ပြည်ပရောက် မြန်မာတွေ အခုလို ရန်ပုံငွေရှာနေရတာ ဖြစ်တယ်လို့လည်း ဦးကိုလေးက ဆိုပါတယ်။

" ဘာဖြစ်လို့လည်းဆိုတော့ ဒီ စစ်ကောင်စီ မပြုတ်မချင်းက မြန်မာပြည် ငြိမ်းချမ်း သာယာ ဝပြောမှာ မဟုတ်ဘူး၊ တရားမျှတမှု ရှိမှာမဟုတ်ဘူးလေ။ အဲဒါကြောင့် စစ်အာဏာရှင်တွေ မပြုတ်ကျမချင်း တက်တက်ကြွကြွနဲ့ ဆန္ဒလည်းပြတယ်၊ သံတမန်ရေး လှုပ်ရှားမှု Diplomatic Campaign ခေါ်တယ်။ လော်ဘီ လုပ်ငန်းတွေလည်း လုပ်တယ်။ ရန်ပုံငွေရှာတဲ့ အလုပ်တွေကိုလည်း မရပ်ဘူး။ ပြည်ပကို ရောက်ရှိနေတဲ့ ကျနော်တို့ မျိုးချစ်မြန်မာတွေ ဝိုင်းလုပ်နေကြပါတယ်။ "

ဖေဖေါ်ဝါရီ(၁)ရက်နေ့ကစလို့ အာဏာသိမ်းထားတာ (၇)လလောက် ရှိလာပေမယ့် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ် စတဲ့မြို့ကြီးတွေအပါအဝင် ကျန်တဲ့ဒေသတချို့မှာပါ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေသလို၊ ပြည်ပရောက် မြန်မာတွေကလည်း မြန်မာသံရုံးနဲ့ အာဆီယံနိုင်ငံက သံရုံးတွေရှေ့ သွားရောက်ဆန္ဒထုတ်ဖေါ်နေဆဲ ဖြစ်ပါတယ်။

ပြည်တွင်းက ဆန္ဒပြပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ နှိမ်နင်းမှုကြောင့် ခုချိန်ထိ လူပေါင်း(၁၀၂၆)ဦး သေဆုံးခဲ့ပြီး ၊ (၆)ထောင်ကျော် ဖမ်းဆီးခံခဲ့ရတဲ့အထဲ ခုချိန်ထိ လူ(၂)ထောင်ကျော် ဖမ်းဆီးခံနေရဆဲ ဖြစ်တယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စာရင်းပြုစုထားတာပါ။ ဒါပေမဲ့ အဲဒီအရေအတွက်ဟာ ချဲ့ကား ထုတ်ပြန်တဲ့ စာရင်းဖြစ်တယ်လို့ စစ်ကောင်စီက ပြောနေပြီး AAPP ကတော့ သေဆုံးသူ မိသားစုဝင်တွေနဲ့ ဆက်သွယ် အတည်ပြုပြီးမှ အသေအချာ ပြုစုထားတဲ့စာရင်းဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG