ျမန္မာႏိုင္ငံမွာ အာဏာသိမ္းယူထားတဲ့ စစ္တပ္ ႏိုင္ငံျခားဝင္ေငြေတြ မရ႐ွိေစေရး ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားတဲ့ၾကားထဲက ဂ်ပန္ေဆာက္လုပ္ေရးကုမၸဏီတခုက စစ္တပ္ကပိုင္ဆိုင္တဲ့ ေဆာက္လုပ္ေရးကုမၸဏီကို အခေၾကးေငြ ေပးခဲ့တာဟာ အေမရိကန္အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ လုပ္ေဆာင္ခဲ့ျခင္းျဖစ္တယ္လို႔ ဂ်ပန္အစိုးရ အရာ႐ွိတဦးက ဇန္နဝါရီ ၂၇ ရက္၊ ေသာၾကာေန႔မွာ ေျပာပါတယ္။
ဂ်ပန္အစိုးရရဲ႕ ကူညီပံ့ပိုးမႈနဲ႔ ျမန္မာႏိုင္ငံရဲ႕ စီးပြားအခ်က္အျခာျဖစ္တဲ့ ရန္ကုန္ၿမိဳ႕မွာ တည္ေဆာက္တဲ့ တံတားအတြက္ ေငြေပးေခ်ဖို႔ စစ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မတိုင္ခင္ကတည္းက အတည္ျပဳေပးထားခဲ့တာလို႔ အမည္မေဖာ္လိုတဲ့ ဂ်ပန္ႏိုင္ငံျခားေရးဌာန အရာ႐ွိတဦးက ေျပာပါတယ္။
ဂ်ပန္ႏိုင္ငံက Yokogawa တံတားတည္ေဆာက္ေရးကုမၸဏီအေနနဲ႔ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရး႐ွင္း (MEC) ကို ေငြေပးေခ်ခြင့္ ျပဳခဲ့ျခင္း ႐ွိမ႐ွိဆိုတာ မေသခ်ာဘူးလို႔ စီးပြားေရးအရ ဒဏ္ခတ္အေရးယူမႈေတြကို ႀကီးၾကပ္ကိုင္တြယ္ရတဲ့ အေမရိကန္ဘ႑ာေရးဌာနက ေျပာပါတယ္။ တကယ္လို႔ ဂ်ပန္အစိုးရဘက္ကေျပာတဲ့အတိုင္း အေမရိကန္က အတည္ျပဳခ်က္ ေပးခဲ့တယ္ဆိုရင္ေတာ့ ဒါဟာ ျမန္မာစစ္တပ္ကို ႏိုင္ငံျခားေငြရေအာင္ လုပ္ေဆာင္ေပးတယ္ဆိုတာနဲ႔ ပတ္သက္လို႔ ပထမဆုံး လူသိ႐ွင္ၾကားျဖစ္လာတဲ့ကိစၥ ျဖစ္လာမွာပါ။
ဒီ တံတားစီမံကိန္းနဲ႔ပတ္သက္လို႔ ဂ်ပန္ေဆာက္လုပ္ေရးကုမၸဏီ Yokogawa က အေမရိကန္အစိုးရနဲ႔ ႀကိဳတင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အဲဒီ အမည္မေဖာ္လိုတဲ့ ဂ်ပန္ႏိုင္ငံျခားေရးဌာန အရာ႐ွိက ေျပာပါတယ္။
လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ HRW ရဲ႕ အဆိုအရကေတာ့ Yokogawa ေဆာက္လုပ္ေရးကုမၸဏီဟာ MEC ကို မႏွစ္ ၂၀၂၂ ခုႏွစ္ ဇူလိုင္နဲ႔ ႏိုဝင္ဘာလအတြင္း အေမရိကန္ေဒၚလာ ၁.၃ မီလီယံ ေပးခဲ့တယ္လို႔ စုံစမ္းသိ႐ွိရေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္သူေတြကို အၾကမ္းဖက္ၿဖိဳခြင္းၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြပါ က်ဴးလြန္ေနတဲ့ စစ္ေကာင္စီ၊ MEC လို စစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ စစ္တပ္နဲ႔ ပတ္သက္ဆက္ႏြယ္ေနတဲ့ လူပုဂၢိဳလ္နဲ႔ စီးပြားလုပ္ငန္းေတြအေပၚ အေမရိကန္အစိုးရ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားတာပါ။ အလားတူဘဲ အီးယူ ဥေရာပသမဂၢကလည္း ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားေပမယ့္ ဂ်ပန္အပါအဝင္ ေဒသတြင္းႏိုင္ငံေတြကေတာ့ စစ္ေကာင္စီအတြက္ ႏိုင္ငံျခားဝင္ေငြ ရ႐ွိေစမယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ျမန္မာႏိုင္ငံမွာ ဆက္လက္လုပ္ေဆာင္ေနၾကဆဲ ျဖစ္ပါတယ္။
==== Unicode ===
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ် နိုင်ငံခြားဝင်ငွေတွေ မရရှိစေရေး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတဲ့ကြားထဲက ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတခုက စစ်တပ်ကပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို အခကြေးငွေ ပေးခဲ့တာဟာ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဂျပန်အစိုးရ အရာရှိတဦးက ဇန်နဝါရီ ၂၇ ရက်၊ သောကြာနေ့မှာ ပြောပါတယ်။
ဂျပန်အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားအချက်အခြာဖြစ်တဲ့ ရန်ကုန်မြို့မှာ တည်ဆောက်တဲ့ တံတားအတွက် ငွေပေးချေဖို့ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက အတည်ပြုပေးထားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဂျပန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။
ဂျပန်နိုင်ငံက Yokogawa တံတားတည်ဆောက်ရေးကုမ္ပဏီအနေနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ငွေပေးချေခွင့် ပြုခဲ့ခြင်း ရှိမရှိဆိုတာ မသေချာဘူးလို့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေကို ကြီးကြပ်ကိုင်တွယ်ရတဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောပါတယ်။ တကယ်လို့ ဂျပန်အစိုးရဘက်ကပြောတဲ့အတိုင်း အမေရိကန်က အတည်ပြုချက် ပေးခဲ့တယ်ဆိုရင်တော့ ဒါဟာ မြန်မာစစ်တပ်ကို နိုင်ငံခြားငွေရအောင် လုပ်ဆောင်ပေးတယ်ဆိုတာနဲ့ ပတ်သက်လို့ ပထမဆုံး လူသိရှင်ကြားဖြစ်လာတဲ့ကိစ္စ ဖြစ်လာမှာပါ။
ဒီ တံတားစီမံကိန်းနဲ့ပတ်သက်လို့ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Yokogawa က အမေရိကန်အစိုးရနဲ့ ကြိုတင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ ဂျပန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အဆိုအရကတော့ Yokogawa ဆောက်လုပ်ရေးကုမ္ပဏီဟာ MEC ကို မနှစ် ၂၀၂၂ ခုနှစ် ဇူလိုင်နဲ့ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ မီလီယံ ပေးခဲ့တယ်လို့ စုံစမ်းသိရှိရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ ကျူးလွန်နေတဲ့ စစ်ကောင်စီ၊ MEC လို စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားလုပ်ငန်းတွေအပေါ် အမေရိကန်အစိုးရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာပါ။ အလားတူဘဲ အီးယူ ဥရောပသမဂ္ဂကလည်း ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပေမယ့် ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံတွေကတော့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုတွေကို မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။