သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုပိုမိုျပင္းထန္တဲ့အေရးယူဖို႔ အာဆီယံကို HRW တိုက္တြန္း


HRW ႏွစ္စဥ္လူ႔အခြင့္အေရးအစီရင္ခံစာ ( ဇန္နဝါရီ ၂၀၂၃)

ျမန္မာစစ္တပ္ရဲ႕ ဝင္ေငြအရင္းအျမစ္ေတြကို ျဖတ္ေတာက္ဖို႔ ႏိုင္ငံတကာရဲ႕အေရးယူဒဏ္ခတ္မႈေတြမွာ အေရွ႕ေတာင္အာရွ ASEAN အဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ပူးေပါင္းပါဝင္လာဖို႔ HRW လူ႔အခြင့္အေရးအဖြဲ႕ႀကီးက တိုက္တြန္းပါတယ္။

အာဆီယံအဆင့္ျမင့္အစည္းအေဝးေတြမွာ ျမန္မာစစ္ေခါင္းေဆာင္ေတြကို တတ္ေရာက္ခြင့္မေပးတာကလြဲရင္၊ အာဆီယံအေနနဲ႔ အျခားႏိုင္ငံေတြနဲ႔ယွဥ္ရင္ ျမန္မာစစ္ေကာင္စီကို ဖိအားေပးမႈနည္းလြန္းတယ္လို႔ HRW က သူ႔ရဲ႕ ႏွစ္စဥ္လူ႔အခြင့္အေရးအစီရင္ခံစာထဲ ေဝဖန္ထားပါတယ္။

လူ႔အခြင့္အေရးက်ဴးလြန္သူ ျမန္မာစစ္ေခါင္းေဆာင္ေတြကို အေမရိကန္နဲ႔ ဥေရာပအပါအဝင္ အေနာက္ႏိုင္ငံေတြက ပစ္မွတ္ထားအေရးယူေနခ်ိန္မွာ၊ အာဆီယံ ဩစေတးလ် ဂ်ပန္ႏိုင္ငံတို႔က ထိထိေရာက္ေရာက္အေရးယူမႈမလုပ္တဲ့အတြက္ အျခားႏိုင္ငံေတြရဲ႕ႀကိဳးပမ္းမႈကိုပါ ေႏွာင့္ေႏွးေစတယ္လို႔ HRW က ေထာက္ျပပါတယ္။

အာဆီယံအလွည့္က်ဥကၠဌျဖစ္လာတဲ့ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ ျမန္မာစစ္ေကာင္စီကို ထိထိေရာက္ေရာက္အေရးယူဖို႔ ဦးစီးဦးေဆာင္လုပ္သင့္တယ္လို႔ HRW အာရွေဒသ ၫႊန္ၾကားေရးမႈး Elaine Pearson က တိုက္တြန္းထားပါတယ္။

HRW အဖြဲ႕က ဒီကေန႔ထုတ္ျပန္တဲ့ စာမ်က္ႏွာ ၇၀၀ ေက်ာ္ပါ ႏိုင္ငံတကာလူ႔အခြင့္အေရးအစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ျဖစ္တဲ့ စစ္ရာဇဝတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္ကိုဆန႔္က်င္တဲ့ရာဇဝတ္မႈေတြအတြက္ ျမန္မာစစ္ေကာင္စီမွာ တာဝန္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ အစုအၿပဳံလိုက္သတ္ျဖတ္မႈ၊ တရားလက္လြတ္ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ၊ ညႇင္းပမ္းႏွိပ္စက္မႈ၊ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ၊ ပဋိပကၡေဒသတြင္း အရပ္သားေတြကို တိုက္ခိုက္မႈေတြ က်ဴးလြန္ခဲ့ၾကတယ္လို႔ အေထာက္အထားေတြနဲ႔တကြ ေဖာ္ျပပါတယ္။

ျမန္မာစစ္တပ္ရဲ႕ အထိမ္းအကြပ္မဲ့ ေျမျပင္စစ္ဆင္မႈေတြ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အရပ္သားအမ်ားအျပား ေသဆုံးခဲ့ရတယ္လို႔လည္း HRW က ေဖာ္ျပပါတယ္။ တိုက္ပြဲေတြေၾကာင့္ စစ္အာဏာသိမ္းၿပီးကတည္းကဆိုရင္ လူဦးရည္တသန္းနီးပါး ျပည္တြင္းအိုးအိမ္မဲ့ စစ္ေျပးဒုကၡသည္ေတြျဖစ္ေနၿပီး၊ ေနာက္ထပ္ လူဦးေရ ၇ ေသာင္းေက်ာ္ဟာ အိမ္နီးခ်င္းႏိုင္ငံေတြကို ဒုကၡသည္ေတြအျဖစ္ ထြက္ေျပးၾကရတယ္လို႔လည္း ေဖာ္ျပပါတယ္။

ဆက္သြယ္ေရးေတြျဖတ္ေတာက္တာ၊ အကူအညီလိုအပ္ေနတဲ့ ဒီဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေတြကို စစ္ေကာင္စီက ျဖတ္ေတာက္ေနတာဟာ လူသားခ်င္းစာနာကူညီမႈဆိုင္ရာႏိုင္ငံတကာဥပေဒေတြကို ခ်ိဳးေဖာက္ေနတာလို႔ ေဖာ္ျပပါတယ္။ ဒီလို ကန႔္သတ္မႈေတြေၾကာင့္ ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာစခန္းေတြနဲ႔ ေက်း႐ြာေတြအတြက္ ထိခိုက္နစ္နာမႈေတြရွိေနတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မြန်မာကိုပိုမိုပြင်းထန်တဲ့အရေးယူဖို့ အာဆီယံကို HRW တိုက်တွန်း
ဇန်နဝါရီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

မြန်မာစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာရဲ့အရေးယူဒဏ်ခတ်မှုတွေမှာ အရှေ့တောင်အာရှ ASEAN အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပူးပေါင်းပါဝင်လာဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းပါတယ်။

အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို တတ်ရောက်ခွင့်မပေးတာကလွဲရင်၊ အာဆီယံအနေနဲ့ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာစစ်ကောင်စီကို ဖိအားပေးမှုနည်းလွန်းတယ်လို့ HRW က သူ့ရဲ့ နှစ်စဉ်လူ့အခွင့်အရေးအစီရင်ခံစာထဲ ဝေဖန်ထားပါတယ်။

လူ့အခွင့်အရေးကျူးလွန်သူ မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်နဲ့ ဥရောပအပါအဝင် အနောက်နိုင်ငံတွေက ပစ်မှတ်ထားအရေးယူနေချိန်မှာ၊ အာဆီယံ ဩစတေးလျ ဂျပန်နိုင်ငံတို့က ထိထိရောက်ရောက်အရေးယူမှုမလုပ်တဲ့အတွက် အခြားနိုင်ငံတွေရဲ့ကြိုးပမ်းမှုကိုပါ နှောင့်နှေးစေတယ်လို့ HRW က ထောက်ပြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူဖို့ ဦးစီးဦးဆောင်လုပ်သင့်တယ်လို့ HRW အာရှဒေသ ညွှန်ကြားရေးမှုး Elaine Pearson က တိုက်တွန်းထားပါတယ်။

HRW အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ စာမျက်နှာ ၇၀၀ ကျော်ပါ နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ အစုအပြုံလိုက်သတ်ဖြတ်မှု၊ တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ပဋိပက္ခဒေသတွင်း အရပ်သားတွေကို တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ အထောက်အထားတွေနဲ့တကွ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ အထိမ်းအကွပ်မဲ့ မြေပြင်စစ်ဆင်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရတယ်လို့လည်း HRW က ဖော်ပြပါတယ်။ တိုက်ပွဲတွေကြောင့် စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် လူဦးရည်တသန်းနီးပါး ပြည်တွင်းအိုးအိမ်မဲ့ စစ်ပြေးဒုက္ခသည်တွေဖြစ်နေပြီး၊ နောက်ထပ် လူဦးရေ ၇ သောင်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေအဖြစ် ထွက်ပြေးကြရတယ်လို့လည်း ဖော်ပြပါတယ်။

ဆက်သွယ်ရေးတွေဖြတ်တောက်တာ၊ အကူအညီလိုအပ်နေတဲ့ ဒီဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့တွေကို စစ်ကောင်စီက ဖြတ်တောက်နေတာဟာ လူသားချင်းစာနာကူညီမှုဆိုင်ရာနိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာလို့ ဖော်ပြပါတယ်။ ဒီလို ကန့်သတ်မှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာစခန်းတွေနဲ့ ကျေးရွာတွေအတွက် ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG