သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

"ျမန္မာ့အေရး အာဆီယံ စဥ္ဆက္မျပတ္ခိုင္ခိုင္မာမာခ်ဥ္းကပ္" စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီး


စကၤာပူ ႏို္င္ငံျခားေရးဝန္ႀကီး Vivian Balakrishnan ၅၁ ႀကိမ္ေျမာက္ အာဆီယံအပိတ္မိန္႔ခြန္းေျပာၾကားစဥ္။ (ၾသဂုတ္ ၄၊ ၂၀၁၈)

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ပိုင္းကတည္းက အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံအေျခအေနအေပၚမွာ စဥ္ဆက္မျပတ္ ခိုင္ခိုင္မာမာ ရပ္တည္ခ်ဥ္းကပ္ေနတယ္လို႔ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အလွ်င္အျမန္နဲ႔ အျပည့္အဝအေကာင္အထည္ေဖာ္ဖို႔နဲ႔၊ ျမန္မာ့အေရးသိသာထင္ရွားတဲ့တိုးတက္မႈေတြရလာဖို႔ အာဆီယံနဲ႔ အာဆီယံအထူးကိုယ္စားလွယ္တို႔ကို ပူးေပါင္းေဆာင္႐ြက္ဖို႔ ျမန္မာစစ္ေကာင္စီကိုတိုက္တြန္းေနတယ္လို႔လည္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံအတြင္း ဘယ္ေလာက္အထိ သေဘာကြဲလြဲမႈေတြရွိေနလဲဆိုၿပီး၊ စင္ကာပူလႊတ္ေတာ္အမတ္ေမးျမန္းခ်က္ကို စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက စာနဲ႔ျပန္တုန႔္ျပန္ထားတာပါ။ တု႔န္ျပန္ခ်က္ထဲမွာ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံအတြင္းသေဘာကြဲလြဲမႈရွိမရွိဆိုတာကို ေျဖၾကားထားျခင္းမရွိပဲ၊ အာဆီယံ အေနနဲ႔ ဘုံသေဘာတူညီခ်က္ ၅ ရပ္အေပၚမွာ ခိုင္ခိုင္ၿမဲၿမဲရွိတယ္ဆိုတာကိုပဲ ေျဖၾကားထားပါတယ္။ တေလာတုန္းကေတာ့ ထိုင္းႏိုင္ငံက ကမကထလုပ္ၿပီး ျမန္မာစစ္ေကာင္စီဝန္ႀကီးေတြနဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးတခ်ိဳ႕ အလြတ္သေဘာေဆြးေႏြးပြဲလုပ္ခဲ့ရာမွာ၊ ကေမာၻဒီယား လာအိုနဲ႔ ဗီယက္ႏိုင္ငံတို႔က ကိုယ္စားလွယ္ေတြပဲ တတ္ေရာက္ပါတယ္။ ဒီ အလြတ္ေဆြးေႏြးပြဲဟာ အာဆီယံမူသေဘာထားနဲ႔ မကိုက္ညီဘူးဆိုၿပီး စင္ကာပူက ကန႔္ကြက္ခဲ့တယ္လို႔ သံတမန္အသိုင္းအဝိုင္းကိုးကားၿပီး သတင္းတခ်ိဳ႕ကေရးေပမယ့္၊ ဒါကိုေတာ့ သီျခားအတည္ျပဳလို႔မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

{Unicode}

"မြန်မာ့အရေး အာဆီယံ စဉ်ဆက်မပြတ်ခိုင်ခိုင်မာမာချဉ်းကပ်" စင်ကာပူနိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းကတည်းက အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံအခြေအနေအပေါ်မှာ စဉ်ဆက်မပြတ် ခိုင်ခိုင်မာမာ ရပ်တည်ချဉ်းကပ်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အလျှင်အမြန်နဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့နဲ့၊ မြန်မာ့အရေးသိသာထင်ရှားတဲ့တိုးတက်မှုတွေရလာဖို့ အာဆီယံနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်ကောင်စီကိုတိုက်တွန်းနေတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအတွင်း ဘယ်လောက်အထိ သဘောကွဲလွဲမှုတွေရှိနေလဲဆိုပြီး၊ စင်ကာပူလွှတ်တော်အမတ်မေးမြန်းချက်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စာနဲ့ပြန်တုန့်ပြန်ထားတာပါ။ တု့န်ပြန်ချက်ထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအတွင်းသဘောကွဲလွဲမှုရှိမရှိဆိုတာကို ဖြေကြားထားခြင်းမရှိပဲ၊ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာ ခိုင်ခိုင်မြဲမြဲရှိတယ်ဆိုတာကိုပဲ ဖြေကြားထားပါတယ်။ တလောတုန်းကတော့ ထိုင်းနိုင်ငံက ကမကထလုပ်ပြီး မြန်မာစစ်ကောင်စီဝန်ကြီးတွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ အလွတ်သဘောဆွေးနွေးပွဲလုပ်ခဲ့ရာမှာ၊ ကမ္ဘောဒီယား လာအိုနဲ့ ဗီယက်နိုင်ငံတို့က ကိုယ်စားလှယ်တွေပဲ တတ်ရောက်ပါတယ်။ ဒီ အလွတ်ဆွေးနွေးပွဲဟာ အာဆီယံမူသဘောထားနဲ့ မကိုက်ညီဘူးဆိုပြီး စင်ကာပူက ကန့်ကွက်ခဲ့တယ်လို့ သံတမန်အသိုင်းအဝိုင်းကိုးကားပြီး သတင်းတချို့ကရေးပေမယ့်၊ ဒါကိုတော့ သီခြားအတည်ပြုလို့မရသေးပါဘူး။

XS
SM
MD
LG