သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ ဘုံသေဘာတူညီခ်က္ ထိေရာက္ဖို႔ အင္ဒိုနီး႐ွား ဦးေဆာင္ႀကိဳးပမ္း


အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ေတာ္မွာ က်င္းပတဲ့ အာဆီယံ အေရွ႕ေတာင္အာရွ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ညႇိႏိုင္းေရးေကာင္စီ အစည္းအေဝး (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၃)

ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္ အာဆီယံဘုံ သေဘာတူခ်က္ (၅) ခ်က္ကို လက္ေတြ႔အေကာင္အထည္ေဖာ္ဖို႔ အထူးအေရးႀကီးေၾကာင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြက ျမန္မာစစ္ေကာင္စီကို တိုက္တြန္းပါတယ္။ အာဆီယံ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားအဖြဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ၂ ရက္တာ အစည္းအေဝးအၿပီး၊ သေဘာတူညီခ်က္အတိုင္း လက္ေတြ႔အေကာင္အထည္ေဖာ္ဖို႔ ဒီေန႔ ထပ္မံတိုက္တြန္းလိုက္ၾကတာပါ။ အင္ဒိုနီး႐ွားႏိုင္ငံ အဆိုျပဳထားၿပီး အဖြဲ႔ဝင္ႏိုင္ငံအားလုံး ေထာက္ခံတဲ့ အေကာင္အထည္ေဖာ္ေရး အစီအစဥ္ေတြအတိုင္းလုပ္ဖို႔ အေရးႀကီးတယ္လို႔ လက္႐ွိ အာဆီယံဥကၠ႒ အင္ဒိုနီး႐ွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က အခုလို ေျပာပါတယ္။

“ဒီ အစီအစဥ္က အာဆီယံအတြက္ အလြန္ကို အေရးႀကီးပါတယ္၊ အထူးသျဖင့္ ျမန္မာႏိုင္ငံက ျပႆနာေတြကို အားလုံးစုစည္းညီၫြတ္စြာ ေျဖ႐ွင္းႏိုင္ဖို႔ ဦးေဆာင္ေနတဲ့ အာဆီယံဥကၠ႒အတြက္ အေရးႀကီးပါတယ္။ အခ်က္ (၅) ခ်က္ပါ ဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ ေဖာ္ဖို႔ အာဆီယံအဖြဲ႔ဝင္ေတြၾကား ခိုင္မာအားေကာင္းတဲ့ ညီၫြတ္မႈကို အေကာင္အထည္ေဖာ္ေရး အစီအစဥ္က ျပသေနပါတယ္လို႔ အင္ဒိုနီး႐ွားႏိုင္ငံျခားေရးဝန္ႀကီး Marsudi က ေျပာၾကားတာပါ။

အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို ကလည္း မၾကာခင္ အနာဂတ္ သူကိုယ္တိုင္ ျမန္မာႏိုင္ငံကို သြားေရာက္ေကာင္း သြားေရာက္မယ့္သေဘာ ေျပာဆိုခဲ့သလို၊ အင္ဒိုနီး႐ွားရဲ႕ ဒီမိုကေရစီ အေျပာင္းအလဲ ေအာင္ျမင္မႈေၾကာင္းကို မွ်ေဝပးႏိုင္ဖို႔အတြက္ ဒီအေျပာင္းအလဲမွာ ပါဝင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးတဦးကိုလည္း ျမန္မာႏိုင္ငံကို အျမန္ေစလႊတ္ဖို႔႐ွိတယ္လို႔ ဒီသတင္းပတ္အေစာပိုင္းက ေျပာဆိုထားပါတယ္။

ဒါ့အျပင္ အင္ဒိုနီး႐ွားအေနနဲ႔ အာဆီယံေခါင္းေဆာင္ေတြနဲ႔ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္အၾကား ေတြ႔ဆုံႏိုင္ဖို႔ အထူအစည္းအေဝးတခု ျဖစ္ေျမာက္ေရး ႀကိဳးပမ္းေနတယ္လို႔ အာဆီယံသံတမန္တစ္ဦးကို ကိုးကားၿပီး ဂ်ပန္ Kodo သတင္းမွာ မေန႔က ေဖာ္ျပခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့ အာဆီယံထိပ္သီးပြဲမွာ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ ရပ္တန္႔ေရး အပါအဝင္ ဘုံသေဘာတူညီခ်က္ (၅) ခ်က္နဲ႔ ျမန္မာ့အေရး အက်ပ္အတည္း အဆုံးသတ္ႏိုင္ဖို႔ နည္းလမ္း ေဖာ္ေဆာင္မႈအျဖစ္ အာဆီယံက သတ္မွတ္ထားပါတယ္။

==== Unicode =====

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံ သဘောတူချက် (၅) ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ အထူးအရေးကြီးကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်ကောင်စီကို တိုက်တွန်းပါတယ်။ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ ရက်တာ အစည်းအဝေးအပြီး၊ သဘောတူညီချက်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဖို့ ဒီနေ့ ထပ်မံတိုက်တွန်းလိုက်ကြတာပါ။ အင်ဒိုနီးရှားနိုင်ငံ အဆိုပြုထားပြီး အဖွဲ့ဝင်နိုင်ငံအားလုံး ထောက်ခံတဲ့ အကောင်အထည်ဖော်ရေး အစီအစဉ်တွေအတိုင်းလုပ်ဖို့ အရေးကြီးတယ်လို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အခုလို ပြောပါတယ်။

“ဒီ အစီအစဉ်က အာဆီယံအတွက် အလွန်ကို အရေးကြီးပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံက ပြဿနာတွေကို အားလုံးစုစည်းညီညွတ်စွာ ဖြေရှင်းနိုင်ဖို့ ဦးဆောင်နေတဲ့ အာဆီယံဥက္ကဋ္ဌအတွက် အရေးကြီးပါတယ်။ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည် ဖော်ဖို့ အာဆီယံအဖွဲ့ဝင်တွေကြား ခိုင်မာအားကောင်းတဲ့ ညီညွတ်မှုကို အကောင်အထည်ဖော်ရေး အစီအစဉ်က ပြသနေပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က ပြောကြားတာပါ။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကလည်း မကြာခင် အနာဂတ် သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ကောင်း သွားရောက်မယ့်သဘော ပြောဆိုခဲ့သလို၊ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ အပြောင်းအလဲ အောင်မြင်မှုကြောင်းကို မျှဝေပးနိုင်ဖို့အတွက် ဒီအပြောင်းအလဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတဦးကိုလည်း မြန်မာနိုင်ငံကို အမြန်စေလွှတ်ဖို့ရှိတယ်လို့ ဒီသတင်းပတ်အစောပိုင်းက ပြောဆိုထားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားအနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အကြား တွေ့ဆုံနိုင်ဖို့ အထူအစည်းအဝေးတခု ဖြစ်မြောက်ရေး ကြိုးပမ်းနေတယ်လို့ အာဆီယံသံတမန်တစ်ဦးကို ကိုးကားပြီး ဂျပန် Kodo သတင်းမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အာဆီယံထိပ်သီးပွဲမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် ဘုံသဘောတူညီချက် (၅) ချက်နဲ့ မြန်မာ့အရေး အကျပ်အတည်း အဆုံးသတ်နိုင်ဖို့ နည်းလမ်း ဖော်ဆောင်မှုအဖြစ် အာဆီယံက သတ်မှတ်ထားပါတယ်။

XS
SM
MD
LG