သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ ျမန္မာ့အေရးေဆြးေႏြး 


အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ေတာ္မွာ က်င္းပတဲ့ အာဆီယံ အေရွ႕ေတာင္အာရွ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ညႇိႏိုင္းေရးေကာင္စီ အစည္းအေဝး (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၃)

အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ေတာ္မွာ က်င္းပတဲ့ အာဆီယံ အေရွ႕ေတာင္အာရွ ႏိုင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ ညႇိႏိုင္းေရးေကာင္စီ အစည္းအေဝး ပထမေန႔မွာ ျမန္မာ့အေရးကို အဓိကေဆြးေႏြးၾကပါတယ္။ ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္းကိစၥ အဓိက အေလးထား ေဆြးေႏြးခဲ့တဲ့အေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က ေျပာၾကားပါတယ္။

“ျမန္မာ့အေရးကိစၥကို မိသားစုေတြလို ေျပာစရာရွိတာေတြကို ပြင့္ပြင့္လင္းလင္းနဲ႔ ထဲထဲ၀င္၀င္ ေျပာဆို ေဆြးေႏြးဖို႔အတြက္ ရည္ရြယ္ က်င္းပတဲ့ အစည္းအေဝးျဖစ္ပါတယ္။ အာဆီယံ အလွည့္က်ဥကၠ႒ အေနနဲ႔ အင္ဒိုနီးရွားႏိုင္ငံက ျမန္မာ့အေရးကို ဘယ္လို ခ်ဥ္းကပ္ ကိုင္တြယ္သြားမလဲ ဆိုတာ က်မ တင္ျပခဲ့ပါတယ္။ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို အဓိက လက္ကိုင္ထားၿပီး ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။” - လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။ ဒီလိုေဆာင္ရြက္မယ့္ကိစၥကို အဖြဲ႔၀င္ႏိုင္ငံေတြကလည္း ေထာက္ခံေၾကာင္းနဲ႔ သိသာထင္ရွားတဲ့ တိုးတက္မႈေတြ ရလာေအာင္ တိုက္တြန္း ေဆာင္ရြက္သြားမယ္လို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Marsudi ကေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ အာဆီယံအဖြဲ႕ရဲ႕ ယုံၾကည္စိတ္ခ်ရမႈကို စမ္းသပ္ေနၿပီး ဒီစမ္းသပ္မႈကို ေဒသတြင္းမွာရင္ဆိုင္ေနရတဲ့ အေၾကာင္းလည္း ဝန္ႀကီး Retno Marsudi အစည္းအေဝးအစမွာ ေျပာဆိုသြားပါတယ္။

၂ ရက္တာ က်င္းပမယ့္ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ ေဆြးေႏြးပြဲမွာ ျမန္မာစစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီးသစ္ ဦးသန္းေဆြကို ဖိတ္ၾကားျခင္းမရွိဘဲ၊ ျမန္မာႏိုင္ငံဘက္က ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကိုသာ တက္ေရာက္ဖို႔ အာဆီယံဘက္က ဆုံးျဖတ္ထားသလို ျမန္မာစစ္ေကာင္စီ ဘက္ကလည္း ဒီဖိတ္ၾကားခ်က္ကို ျငင္းပယ္ထားပါတယ္။ အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ ေဆြးေႏြးပြဲမွာ ျမန္မာ့အေရးအျပင္ ေတာင္တ႐ုတ္ပင္လယ္ ေရပိုင္နက္အေရးကိစၥ၊ စားနပ္ရိကၡာ၊ စြမ္းအင္နဲ႔ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥေတြ ေဆြးေႏြးၾကတာျဖစ္ၿပီး အာဆီယံကို အင္အားႀကီးႏိုင္ငံေတြရဲ႕ တဆင့္ခံ အသုံးခ်တာမ်ိဳး အျဖစ္ခံမွာ မဟုတ္ဘူးလို႔ အလွည့္က် ဥကၠ႒ အင္ဒိုနီးရွားႏိုင္ငံက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညှိနိုင်းရေးကောင်စီ အစည်းအဝေး ပထမနေ့မှာ မြန်မာ့အရေးကို အဓိကဆွေးနွေးကြပါတယ်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိစ္စ အဓိက အလေးထား ဆွေးနွေးခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားပါတယ်။

“မြန်မာ့အရေးကိစ္စကို မိသားစုတွေလို ပြောစရာရှိတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေးဖို့အတွက် ရည်ရွယ် ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးကို ဘယ်လို ချဉ်းကပ် ကိုင်တွယ်သွားမလဲ ဆိုတာ ကျမ တင်ပြခဲ့ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက လက်ကိုင်ထားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” - လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မယ့်ကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေကလည်း ထောက်ခံကြောင်းနဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရလာအောင် တိုက်တွန်း ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Marsudi ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဆီယံအဖွဲ့ရဲ့ ယုံကြည်စိတ်ချရမှုကို စမ်းသပ်နေပြီး ဒီစမ်းသပ်မှုကို ဒေသတွင်းမှာ ရင်ဆိုင်နေရတဲ့ အကြောင်းလည်း ဝန်ကြီး Retno Marsudi အစည်းအဝေးအစမှာ ပြောဆိုသွားပါတယ်။

၂ ရက်တာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသစ် ဦးသန်းဆွေကို ဖိတ်ကြားခြင်းမရှိဘဲ၊ မြန်မာနိုင်ငံဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုသာ တက်ရောက်ဖို့ အာဆီယံဘက်က ဆုံးဖြတ်ထားသလို မြန်မာစစ်ကောင်စီ ဘက်ကလည်း ဒီဖိတ်ကြားချက်ကို ငြင်းပယ်ထားပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ် ရေပိုင်နက်အရေးကိစ္စ၊ စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးကြတာဖြစ်ပြီး အာဆီယံကို အင်အားကြီးနိုင်ငံတွေရဲ့ တဆင့်ခံ အသုံးချတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG