သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး တိုးတက်မှုမရှိရင် ပြတ်ပြတ်သားသား လုပ်ဆောင်မည် (အင်ဒိုနီးရှားသမ္မတ)


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က သမ္မတနန်းတော်မှာ အင်တာဗျူးဖြေကြားနေတဲ့ အင်ဒိုသမ္မတဂျိုကိုဝီဒိုဓို (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က သမ္မတနန်းတော်မှာ အင်တာဗျူးဖြေကြားနေတဲ့ အင်ဒိုသမ္မတဂျိုကိုဝီဒိုဓို (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အပေါ် မှာ အင်ဒိုနီးရှားက ကတိကဝတ်ထားရှိ လုပ်ဆောင်မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာ ဓားစာခံအဖြစ် အာဆီယံကို မြန်မာနိုင်ငံက အသုံးချမှာကိုတော့ အဖြစ်ခံမှာ မဟုတ်ဘဲ တိုးတက်မှုမရှိဘူးဆိုရင် ပြတ်ပြတ်သားသား လုပ်ဆောင်မယ်လို့ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို အာဏာသိမ်း ၂ နှစ် ပြည့် မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဘာကို လုပ်ဆောင်မယ် ဆိုတာကိုတော့ ရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက မပြောပါဘူး။ မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးတစ်ယောက် စေလွှတ်ဖို့လည်း ရှိတယ်လို့ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဘယ်သူ့ကို စေလွှတ်မယ်ဆိုတာကို သမ္မတက မပြောပေမဲ့၊ မြန်နိုင်သမျှ အမြန်ဆုံး စေလွှတ်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ သူစေလွှတ်မယ့် ဗိုလ်ချုပ်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ခဲ့တဲ့သူ ဖြစ်တယ်လို့တော့ ပြောပါတယ်။

အင်ဒိုနီးရှားက အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ကို ဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာကိုပြောဖို့ သမ္မတဂျိုကိုးဝီဒိုဒိုက မျှော်လင့်တာပါ။ “ဒါက ချဉ်းကပ်ပုံ ဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ဒီအတွေ့အကြုံ ကျွန်တော်တို့ ရှိပါတယ်။ အခြေအနေက အတူတူပါပဲ။” လို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ဂျိုကိုးဝီဒိုဒိုက ပြောပါတယ်။ အင်ဒိုနီးရှားဟာ ဒီမိုကရေစီကို ဘယ်လိုစခဲ့သလဲဆိုတဲ့ အတွေ့အကြုံကို ပြောနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကို သူကိုယ်တိုင် မသွားဘူးလို့တော့ သူက မပြောသေးပါဘူး။ ဒါပေမဲ့ ဖြတ်သန်းမှု နောက်ခံတူတဲ့ သူတွေကြား ဆွေးနွေးတာက ပိုပြီး လွယ်ကူတာကိုတော့ သူက အသိအမှတ်ပြုပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]





ဆက်စပ်သတင်းများ ...

XS
SM
MD
LG