အာဏာသိမ္း ၂ ႏွစ္ျပည့္ ဒီေန႔၊ ျမန္မာႏိုင္ငံ တလႊားမွာ လမ္းေတြရွင္း၊ ဆိုင္ေတြ ပိတ္ၿပီး အသံတိတ္ သပိတ္ကို ဒီမိုကေရစီ လႈပ္ရွားမႈ ေထာက္ခံၾကတဲ့ ျပည္သူေတြ က ဆင္ႏႊဲလိုက္ၾကပါတယ္။ ဒီမိုကေရစီ လႈပ္ရွားမႈ ေခါင္းေဆာင္ေတြရဲ႕ ေခၚသံအတိုင္း ျပည္သူေတြက သူတို႔ရဲ႕ ဆႏၵ ကို ထုတ္ေဖာ္လိုက္ၾကတာပါ။ လူမႈ စာမ်က္ႏွာေပၚက ဓာတ္ပုံေတြမွာ လမ္းေတြရွင္းေနၾကၿပီး၊ မနက္ခင္း ေႏွာင္းပိုင္းအထိ ရန္ကုန္၊ မႏၲေလး နဲ႔ ေမာ္လၿမိဳင္တို႔ မွာ အသြားအလာ မရွိသေလာက္ပဲ လို႔ ေအအက္ဖ္ပီ သတင္း က ဆိုပါတယ္။ ဘုရားဖူးေတြနဲ႔ စည္ကားေလ့ရွိတဲ့ ေ႐ႊတိဂုံေစတီမွာ ဘုရားဖူးသူေတြ မရွိသေလာက္ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ရန္ကုန္မွာေတာ့ လုံၿခဳံေရး ထူထပ္စြာခ်ထားတာကို ေတြ႕ရပါတယ္။
ဒီေန႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ က စၿပီး “ႏိုင္ငံေတာ္တဝန္းလုံး အေရးေပၚ အေျခအေန ေၾကျငာထားသည့္ ကာလ” ကို “ေနာက္ထပ္ ၆ လ တိုးျမႇင့္ သတ္မွတ္ေၾကာင္း”၊ “ႏိုင္ငံေတာ္ ၏ တာဝန္အရပ္ရပ္ ကို ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ထံသို႔ ထပ္မံ အပ္ႏွံေၾကာင္း” မေန႔က က်င္းပခဲ့တဲ့ အမ်ိဳးသားလုံၿခဳံေရးေကာင္စီအစည္းအေဝးနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။
၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ကတည္း က အာဏာသိမ္းထားခဲ့တဲ့ စစ္ေကာင္စီ ကို ႏိုင္ငံတကာက ပိတ္ဆို႔ အေရးယူ၊ ႏိုင္ငံအမ်ားစုက က်ဥ္ထားခဲ့ၾကၿပီး၊ အာဆီယံကေတာင္ စစ္ေကာင္စီရဲ႕ ႏိုင္ငံေရးကိုယ္စားလွယ္ကို အစည္းအေဝး တက္ခြင့္ပိတ္ခဲ့ပါတယ္။ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ က အၾကမ္းဖက္ေနတာေတြကို ရပ္ဆိုင္းၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖမ္းဆီးထားသူေတြကို လႊတ္ေပးဖို႔ ဆုံးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ကို ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလမွာ ခ်မွတ္ခဲ့ပါတယ္။ ကုလသမဂၢ နဲ႔ အာဆီယံတို႔က ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ပါဝင္ပတ္သက္သူေတြ အားလုံးေတြ႕ဆုံညႇိဳႏႈိင္း အေျဖရွာဖို႔ တိုက္တြန္းေပမဲ့၊ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ကို ျမန္မာႏိုင္ငံ လာခြင့္မေပးခဲ့သလို၊ အာဆီယံ အထူးကိုယ္စားလွယ္ကိုလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ မေပးခဲ့ပါဘူး။
၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲမွာ ျပည္သူ အမ်ားစု က မဲေပးခဲ့ၾကတဲ့အတြက္ ေ႐ြးေကာက္တင္ေျမႇာက္ခံ အမတ္ေနရာ ရဲ႕ ၈၀ ရာႏႈန္းေက်ာ္ ကို အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) က ရရွိခဲ့တာ ျဖစ္ပါတယ္။ ခုလို အႏိုင္ရရွိသြားတာ ကို စစ္တပ္ က မဲမသမာမႈေတြရွိတယ္ လို႔ စြပ္စြဲၿပီး အာဏာသိမ္းခဲ့တာပါ။ ေ႐ြးေကာက္ပြဲ ဥပေဒအရ၊ မသမာမႈ ရွိတယ္လို႔ ယူဆတဲ့ မဲဆႏၵနယ္ေျမေတြ မွာ ရႈံးသြားတဲ့ ႀကံ့ခိုင္ဖြံၿဖိဳးေရး ပါတီေတြနဲ႔ အျခားပါတီေတြက တိုင္ၾကားႏိုင္ေပမယ့္ စစ္တပ္က လက္နက္အားကိုး အာဏာသိမ္းခဲ့တာ ျဖစ္သလို၊ အဲဒီေနာက္ပိုင္း လမ္းေပၚထြက္ ဆႏၵျပသူေတြကိုလည္း ပစ္ခတ္သတ္ျဖတ္ ႏွိမ္နင္းခဲ့ပါတယ္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦးဝင္းျမင့္နဲ႔ အျခား အင္န္အယ္ဒီ ေခါင္းေဆာင္ေတြ၊ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ စစ္ေကာင္စီကို သပိတ္ေမွာက္ခဲ့ၾကတဲ့ ဝန္ထမ္းေတြကို စစ္ေကာင္စီက ဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈအမ်ိဳးမ်ိဳးနဲ႔ စြဲၿပီး စုစုေပါင္း ႏွစ္ေပါင္း ၃၀ ေက်ာ္ ေထာင္ဒဏ္ခ်မွတ္လိုက္တာပါ။
[Unicode]
စစ်အာဏာသိမ်း ၂ နှစ်ပြည့် ပြည်တွင်း ပြည်ပ လှုပ်ရှား တောင်းဆိုမှုများ
အာဏာသိမ်း ၂ နှစ်ပြည့် ဒီနေ့၊ မြန်မာနိုင်ငံ တလွှားမှာ လမ်းတွေရှင်း၊ ဆိုင်တွေ ပိတ်ပြီး အသံတိတ် သပိတ်ကို ဒီမိုကရေစီ လှုပ်ရှားမှု ထောက်ခံကြတဲ့ ပြည်သူတွေ က ဆင်နွှဲလိုက်ကြပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေရဲ့ ခေါ်သံအတိုင်း ပြည်သူတွေက သူတို့ရဲ့ ဆန္ဒ ကို ထုတ်ဖော်လိုက်ကြတာပါ။ လူမှု စာမျက်နှာပေါ်က ဓာတ်ပုံတွေမှာ လမ်းတွေရှင်းနေကြပြီး၊ မနက်ခင်း နှောင်းပိုင်းအထိ ရန်ကုန်၊ မန္တလေး နဲ့ မော်လမြိုင်တို့ မှာ အသွားအလာ မရှိသလောက်ပဲ လို့ အေအက်ဖ်ပီ သတင်း က ဆိုပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတဲ့ ရွှေတိဂုံစေတီမှာ ဘုရားဖူးသူတွေ မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာတော့ လုံခြုံရေး ထူထပ်စွာ ချထားတာ ကို တွေ့ရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ က စပြီး “နိုင်ငံတော်တဝန်းလုံး အရေးပေါ် အခြေအနေ ကြေငြာထားသည့် ကာလ” ကို “နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း”၊ “နိုင်ငံတော် ၏ တာဝန်အရပ်ရပ် ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံသို့ ထပ်မံ အပ်နှံကြောင်း” မနေ့က ကျင်းပခဲ့တဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်း က အာဏာသိမ်းထားခဲ့တဲ့ စစ်ကောင်စီ ကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူ၊ နိုင်ငံအများစုက ကျဉ်ထားခဲ့ကြပြီး၊ အာဆီယံကတောင် စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ်ကို အစည်းအဝေး တက်ခွင့်ပိတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အကြမ်းဖက်နေတာတွေကို ရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ နဲ့ အာဆီယံတို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်ပတ်သက်သူတွေ အားလုံးတွေ့ဆုံညှိုနှိုင်း အဖြေရှာဖို့ တိုက်တွန်းပေမဲ့၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံ လာခွင့်မပေးခဲ့သလို၊ အာဆီယံ အထူးကိုယ်စားလှယ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြည်သူ အများစု က မဲပေးခဲ့ကြတဲ့အတွက် ရွေးကောက်တင်မြှောက်ခံ အမတ်နေရာ ရဲ့ ၈၀ ရာနှုန်းကျော် ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရရှိခဲ့တာ ဖြစ်ပါတယ်။ ခုလို အနိုင်ရရှိသွားတာ ကို စစ်တပ် က မဲမသမာမှုတွေရှိတယ် လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာပါ။ ရွေးကောက်ပွဲ ဥပဒေအရ၊ မသမာမှု ရှိတယ်လို့ ယူဆတဲ့ မဲဆန္ဒနယ်မြေတွေ မှာ ရှုံးသွားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီတွေနဲ့ အခြားပါတီတွေက တိုင်ကြားနိုင်ပေမယ့် စစ်တပ်က လက်နက်အားကိုး အာဏာသိမ်းခဲ့တာ ဖြစ်သလို၊ အဲဒီနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြသူတွေကိုလည်း ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အခြား အင်န်အယ်ဒီ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ကောင်စီကို သပိတ်မှောက်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုအမျိုးမျိုးနဲ့ စွဲပြီး စုစုပေါင်း နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ်ချမှတ်လိုက်တာပါ။