သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ၂ ႏွစ္ျပည့္ ျမန္မာႏိုင္ငံတ၀န္း တညီတၫြတ္ထဲ အသံတိတ္ဆႏၵျပ


အသံတိတ္သပိတ္ (Silent Strike)ဆင္ႏႊဲေနတဲ့ ရန္ကုန္ၿမိဳ႕က ေရႊတိဂံုေစတီေတာ္အနီးျမင္ကြင္း (ေဖေဖာ္ဝါရီ ၁၊ ၂၀၂၃)

စစ္တပ္က အာဏာသိမ္းထားတဲ့ကာလ ၂ႏွစ္ျပည့္တဲ့အခ်ိန္မွာ တႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူေတြက ေနအိမ္အျပင္မထြက္ဘဲေနတဲ့ အသံတိတ္ဆႏၵျပမႈ Silent Strike ကို တညီတၫြတ္တည္း လုပ္ေဆာင္ခဲ့ၾကတယ္လို႔ စည္ကားတဲ့ ၿမိဳ႕ႀကီးေတြမွာရွိတဲ့ ေဒသခံတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကိုေတာ့ မဆုမြန္က ေျပာျပမွာပါ။

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအခ်က္အျခာလည္းျဖစ္၊ ၿမိဳ႕ျပလူဦးေရ အမ်ားဆုံးရွိတဲ့ေနရာလည္းျဖစ္တဲ့ ရန္ကုန္ၿမိဳ႕လမ္းေတြေပၚမွာ လိုင္းကားတခ်ိဳ႕ကလြဲၿပီး အိမ္စီးကား၊ အငွားယာဥ္နဲ႔ လူသြားလူလာပါ တိတ္ဆိတ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ အစည္ကားဆုံးျဖစ္တဲ့ ကမာ႐ြတ္ၿမိဳ႕နယ္ လွည္းတန္းအရပ္မွာ စားေသာက္ဆိုင္ေတြ၊ အိမ္ဆိုင္ေတြ ဖြင့္လွစ္ထားေပမဲ့လည္း တေန႔လုံး ေစ်းသည္တဦးမွာ မလာေရာက္ခဲ့ေၾကာင္း စားေသာက္ဆိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" အျပင္မွာ လူကေတာ္ေတာ္က်ဲတယ္၊ ကားေတြဘာေတြလည္း သိပ္ေတာ့မရွိဘူး။ စားေသာက္ဆိုင္ေတြလည္း လူမရွိဘူး။ တခ်ိဳ႕ဆိုင္ေတြဆို လူတေယာက္မွကို မရွိဘူး။ အခုအခ်ိန္အထိ ေတာက္ေလွ်ာက္ လမ္းေပၚမွာလည္းလူက်ဲတယ္။ ဆိုင္ေတြေတာ္ေတာ္မ်ားမ်ား သြားရင္လာရင္းၾကည့္တာ မရွိဘူး။"

မႏၲေလးၿမိဳ႕ေပၚမွာလည္း ညေန သုံးနာရီေလာက္အထိ တၿမိဳ႕လုံးနီပါး တိတ္ဆိတ္ေနေၾကာင္း အငွားဆိုင္ကယ္ ေမာင္းႏွင္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

" ဒီမွာလည္း ေတာ္ေတာ္ႀကီးကိုရွင္းတယ္၊ အခု၃နာရီ ထိုးခါနီးေလာက္မွ ႏွစ္စီး၊ သုံးစီး ေတြ႕ရတယ္။ က်န္တာေတြကေတာ့ ၉နာရီေလာက္ကစၿပီး ဒီမွာလူ႔ကို မေတြ႕ရသေလာက္ပဲ။ လမ္းေပၚမွာ ကားေတြလည္းရပ္ထားတယ္၊ အိမ္ေတြမွာလည္း ဆိုင္ဖြင့္တဲ့သူကဖြင့္တယ္ လူကေတာ့ သြားတဲ့သူမရွိဘူး။ ဒီေန႔ကေတာ့ မႏၲေလးၿမိဳ႕ႀကီး က်ေနာ္တို႔ တိတ္ဆိတ္ ေျခာက္ကပ္ေနတာေပါ့။"

ျမန္မာႏိုင္ငံေတာင္ဘက္စြန္းက ကုန္သြယ္ေရးၿမိဳ႕ျဖစ္တဲ့ ေကာ့ေသာင္းၿမိဳ႕မွာလည္း ပုံမွန္စည္ကားေနတာကေန သိသိသာသာ တိတ္ဆိတ္သြားခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

" ပုံမွန္ထက္ဆိုပါးတယ္၊ ၿမိဳ႕တြင္းကစည္တယ္ က်န္တဲ့ၿမိဳ႕ေတြထက္စာရင္။ ဒီေန႔ကေတာ့ နည္းနည္းပါတယ္၊ သိသာတာေပါ့ေနာ္။"

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာလည္း တေန႔လုံးနီးပါး တိတ္ဆိတ္ေနခဲ့ၿပီး ညေနသုံးနာရီက်မွ ဆိုင္ေတြျပန္ဖြင့္တာ၊ လမ္းေတြေပၚ ထြက္လာတာရွိေၾကာင္း ဆိုင္ရွင္တဦးက အခုလိုေျပာပါတယ္။

" ဒီေန႔က ဘယ္သူမွအိမ္ကေန မထြက္ၾကဘူးဆိုေတာ့ ဆိုင္ေတြလည္း အခုမွဖြင့္လို႔ အခုမွအျပင္ထြက္ၾကတာမ်ိဳး လုပ္ၾကတယ္။ က်ေနာ္လည္းအခုမွ အိမ္က ထြက္လာတာဆိုေတာ့ အခုေတာ့ အျပင္မွာသြားလာေနတာ ရွိၾကတယ္။"

တိတ္ဆိတ္မႈကို တုံ႔ျပန္ဖို႔ ေနရာတခ်ိဳ႕မွာ စည္ကားေအာင္ စစ္ေကာင္စီဘက္က ႀကိဳးပမ္းခဲ့ေပမဲ့ ေနရာကြက္ကြက္မွာ အနည္းအက်ဥ္းေလာက္ပဲ လုပ္ႏိုင္ခဲ့ေၾကာင္း ေဒသခံတခ်ိဳ႕က လူမႈကြန္ရက္မွာ ေရးသားၾကပါတယ္။ ဆီကုန္သည္အသင္းနဲ႔ စစ္သားတခ်ိဳ႕က ဆန္၊ ဆီေရာင္းခ်တာ၊ ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ အဖြဲ႕အစည္းတခ်ိဳ႕က စစ္တပ္ေထာက္ခံေၾကာင္း ေဟာေျပာတာေတြကိုေတာ့ လုပ္ေဆာင္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်အာဏာသိမ်း ၂ နှစ်ပြည့် မြန်မာနိုင်ငံတဝန်း တညီတညွတ်ထဲ အသံတိတ် ဆန္ဒပြ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလ ၂နှစ်ပြည့်တဲ့အချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေက နေအိမ်အပြင်မထွက်ဘဲနေတဲ့ အသံတိတ်ဆန္ဒပြမှု Silent Strike ကို တညီတညွတ်တည်း လုပ်ဆောင်ခဲ့ကြတယ်လို့ စည်ကားတဲ့ မြို့ကြီးတွေမှာရှိတဲ့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကိုတော့ မဆုမွန်က ပြောပြမှာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာလည်းဖြစ်၊ မြို့ပြလူဦးရေ အများဆုံးရှိတဲ့နေရာလည်းဖြစ်တဲ့ ရန်ကုန်မြို့လမ်းတွေပေါ်မှာ လိုင်းကားတချို့ကလွဲပြီး အိမ်စီးကား၊ အငှားယာဉ်နဲ့ လူသွားလူလာပါ တိတ်ဆိတ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ အစည်ကားဆုံးဖြစ်တဲ့ ကမာရွတ်မြို့နယ် လှည်းတန်းအရပ်မှာ စားသောက်ဆိုင်တွေ၊ အိမ်ဆိုင်တွေ ဖွင့်လှစ်ထားပေမဲ့လည်း တနေ့လုံး ဈေးသည်တဦးမှာ မလာရောက်ခဲ့ကြောင်း စားသောက်ဆိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အပြင်မှာ လူကတော်တော်ကျဲတယ်၊ ကားတွေဘာတွေလည်း သိပ်တော့မရှိဘူး။ စားသောက်ဆိုင်တွေလည်း လူမရှိဘူး။ တချို့ဆိုင်တွေဆို လူတယောက်မှကို မရှိဘူး။ အခုအချိန်အထိ တောက်လျှောက် လမ်းပေါ်မှာလည်းလူကျဲတယ်။ ဆိုင်တွေတော်တော်များများ သွားရင်လာရင်းကြည့်တာ မရှိဘူး။"

မန္တလေးမြို့ပေါ်မှာလည်း ညနေ သုံးနာရီလောက်အထိ တမြို့လုံးနီပါး တိတ်ဆိတ်နေကြောင်း အငှားဆိုင်ကယ် မောင်းနှင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ဒီမှာလည်း တော်တော်ကြီးကိုရှင်းတယ်၊ အခု၃နာရီ ထိုးခါနီးလောက်မှ နှစ်စီး၊ သုံးစီး တွေ့ရတယ်။ ကျန်တာတွေကတော့ ၉နာရီလောက်ကစပြီး ဒီမှာလူ့ကို မတွေ့ရသလောက်ပဲ။ လမ်းပေါ်မှာ ကားတွေလည်းရပ်ထားတယ်၊ အိမ်တွေမှာလည်း ဆိုင်ဖွင့်တဲ့သူကဖွင့်တယ် လူကတော့ သွားတဲ့သူမရှိဘူး။ ဒီနေ့ကတော့ မန္တလေးမြို့ကြီး ကျနော်တို့ တိတ်ဆိတ် ခြောက်ကပ်နေတာပေါ့။"

မြန်မာနိုင်ငံတောင်ဘက်စွန်းက ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကော့သောင်းမြို့မှာလည်း ပုံမှန်စည်ကားနေတာကနေ သိသိသာသာ တိတ်ဆိတ်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" ပုံမှန်ထက်ဆိုပါးတယ်၊ မြို့တွင်းကစည်တယ် ကျန်တဲ့မြို့တွေထက်စာရင်။ ဒီနေ့ကတော့ နည်းနည်းပါတယ်၊ သိသာတာပေါ့နော်။"

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း တနေ့လုံးနီးပါး တိတ်ဆိတ်နေခဲ့ပြီး ညနေသုံးနာရီကျမှ ဆိုင်တွေပြန်ဖွင့်တာ၊ လမ်းတွေပေါ် ထွက်လာတာရှိကြောင်း ဆိုင်ရှင်တဦးက အခုလိုပြောပါတယ်။

" ဒီနေ့က ဘယ်သူမှအိမ်ကနေ မထွက်ကြဘူးဆိုတော့ ဆိုင်တွေလည်း အခုမှဖွင့်လို့ အခုမှအပြင်ထွက်ကြတာမျိုး လုပ်ကြတယ်။ ကျနော်လည်းအခုမှ အိမ်က ထွက်လာတာဆိုတော့ အခုတော့ အပြင်မှာသွားလာနေတာ ရှိကြတယ်။"

တိတ်ဆိတ်မှုကို တုံ့ပြန်ဖို့ နေရာတချို့မှာ စည်ကားအောင် စစ်ကောင်စီဘက်က ကြိုးပမ်းခဲ့ပေမဲ့ နေရာကွက်ကွက်မှာ အနည်းအကျဉ်းလောက်ပဲ လုပ်နိုင်ခဲ့ကြောင်း ဒေသခံတချို့က လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။ ဆီကုန်သည်အသင်းနဲ့ စစ်သားတချို့က ဆန်၊ ဆီရောင်းချတာ၊ နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်းတချို့က စစ်တပ်ထောက်ခံကြောင်း ဟောပြောတာတွေကိုတော့ လုပ်ဆောင်ခဲ့ကြပါတယ်။

XS
SM
MD
LG