သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တိုက်တွန်း 


ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews
ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews

[[Zawgyi/Unicode]]

မြန်မာစစ်ကောင်စီဟာ ဥပဒေနဲ့မညီသလို တရားလည်းမဝင်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကပြောဆိုလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာကထောက်ခံကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့တရားဝင်မှုကို ဆန့်ကျင်ငြင်းပယ်ပြီး စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ မဟာမိတ်ဖွဲ့ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ တရားဝင် မြန်မာအစိုးရဖြစ်ရေး စစ်ကောင်စီရဲ့ပြောဆိုချက်တွေရဲ့ အပြစ်အနာအဆာတွေ၊ လိုအပ်ချက်တွေကိုဖော်ပြထားတဲ့အစီရင်ခံစာသစ်ကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ဖို့ တရက်အလိုမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စစ်တပ်က အခြေခံဥပဒေနဲ့မညီညွတ်ဘဲအာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့်လည်း မြန်မာလူထုအတွက် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားချင်းစာနာကူညီမှုနဲ့ စီးပွားရေးဆိုင်ရာပြဿနာ အကြပ်အတည်းတွေ အကြီးအကျယ်ဖြစ်စေခဲ့ပြီး နိုင်ငံတဝန်း ဆန့်ကျင်မှုတွေ ဖြစ်လာစေခဲ့ပါတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

“အပြီးသတ်ကောက်ချက်ကတော့ ရှင်းပါတယ်။ စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုဟာ တရားမဝင်ပါဘူး။ မြန်မာနိုင်ငံရဲ့အစိုးရဖြစ်ပါတယ်လို့ သူတို့ ပြောချက်ကလည်း တရားမဝင်ပါဘူး။ ဒီပြဿနာကို နိုင်ငံတကာဘက်က ပူးပေါင်းတုံ့ပြန်မှုသစ်က အရေးပါပါတယ်။” လို့ အထူးကိုယ်စားလှယ် Andrews က တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode]]






XS
SM
MD
LG