သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလ တတိယေကာ္မီတီမွာ ျပန္လွန္ေဆြးေႏြး


ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း (Official Photo)

[[ ZAWGYI / UNICODE ]]

ျမန္မာ့အေရး ကုလ တတိယေကာ္မီတီမွာ ျပန္လွန္ေဆြးေႏြး

အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြနဲ႔ ျပည္သူေတြအေပၚ ျမန္မာစစ္တပ္က တိုက္ခိုက္ေနတဲ့ လက္နက္ေတြဟာ ႐ုရွားႏိုင္ငံက ျဖစ္တယ္လို႔ ကုလသမဂၢ အထူးစုံစမ္းေရးမႉး Tom Andrews က ကုလသမဂၢ တတိယေကာ္မတီ အစည္းအေဝးမွာ တင္ျပသြားပါတယ္။ ႐ုရွားကိုယ္စားလွယ္ကေတာ့ ဒီစြပ္စြဲခ်က္ကို ျငင္းပယ္ခဲ့ပါတယ္။

အစည္းအေဝးမွာ ပါဝင္ခဲ့တဲ့ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ Tom Andrews ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာကို ေထာက္ခံခဲ့တဲ့အျပင္ စစ္ေကာင္စီအေပၚ လက္နက္ေရာင္းခ်မႈကို လုံၿခဳံေရးေကာင္စီအေနနဲ႔ အေရးယူေရး ပိတ္ဆို႔ေရး ထပ္မံေတာင္းဆို သြားပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစုံကို တင္ျပမွာပါ။

နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္မွာျပဳလုပ္ေနတဲ့ (၇၇) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီမွာ ေအာက္တိုဘာ (၂၆)ရက္ေန႔က ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေနကို ကုလသမဂၢအထူးစုံစမ္းေရးမႉး Tom Andrews က အစီရင္ခံတင္ျပခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အေျခအေန ပိုဆိုးေအာင္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕က လုပ္ေနတယ္လို႔ Tom Andrews က တင္ျပခဲ့သလို အာဏာသိမ္းမႈကို လက္နက္ကိုင္ ဆန႔္က်င္ေနၾကသူေတြအေပၚ တိုက္ခိုက္ေနတဲ့ လက္နက္ေတြဟာ ႐ုရွားႏိုင္ငံက ျဖစ္တယ္ဆိုတာကို သူက အခုလို ေထာက္ျပခဲ့ပါတယ္။

" ဥကၠဌႀကီး ခင္ဗ်ာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဘက္က ျမန္မာႏိုင္ငံ အက်ပ္အတည္းကို တာဝန္သိသိ၊ လူသားဆန္တဲ့ နည္းလမ္းေတြနဲ႔ ကူညီေျဖရွင္းေပးဖို႔ ပ်က္ကြက္မႈေတြအေပၚမွာ ျမန္မာျပည္သူေတြအေနနဲ႔ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကပါတယ္။ ယူကရိန္းအပါအဝင္ အျခားေနရာေတြမွာ အာ႐ုံစိုက္ေနရတဲ့အေပၚမွာ သူတို႔ေတြ နားလည္ၾကပါတယ္။ ဒါအျပင္ က်ေနာ္နဲ႔ စကားေျပာခဲ့ၾကသူေတြဟာ ယူကရိန္းျပည္သူေတြအေပၚ ေထာက္ထားစာနာမႈေတြရွိၾကသလို အမွန္မွာလည္း အေျခအေနေတြက ဆက္စပ္မႈရွိေနပါတယ္။ ယူကရိန္းျပည္သူေတြအေပၚ တိုက္ခိုက္ရာမွာ အသုံးျပဳတဲ့ လက္နက္အမ်ိဳးအစားတခ်ိဳ႕ဟာ ျမန္မာႏိုင္ငံမွာ ျပည္သူေတြကို တိုက္ခိုက္ေနတဲ့ လက္နက္အမ်ိဳးအစားေတြနဲ႔ တူညီေနၿပီး ဒါေတြဟာ ႐ုရွားႏိုင္ငံက လာတာျဖစ္ပါတယ္။

အခုလို Tom Andrews ရဲ႕ အစီရင္ခံ တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢဆိုင္ရာ ႐ုရွားကိုယ္စားလွယ္က ျငင္းဆိုခဲ့သလို အေျခအျမစ္မရွိ ေျပာၾကားသြားတာျဖစ္ေၾကာင္း အခုလို တုံ႔ျပန္သြားပါတယ္။

" ကုလသမဂၢ အထူးစုံစမ္းေရးမႉးရဲ႕ တင္ျပခ်က္ကို တုံ႔ျပန္ရမယ္ဆိုရင္ ခံစားခ်က္ေတြနည္းရင္ ပိုၿပီး ေကာင္းပါတယ္။ ခင္ဗ်ားဟာ အေမရိကန္ျပည္ေထာင္စုက ျဖစ္ပါတယ္။ အရပ္သားေတြ၊ သက္ႀကီး႐ြယ္အိုေတြ၊ အမ်ိဳးသမီးေတြ၊ ကေလးေတြကို ဘယ္သူ႔ရဲ႕ လက္နက္ပစၥည္းေတြနဲ႔ သတ္တယ္ဆိုတာ ခင္ဗ်ားအပိုင္း မဟုတ္ပါဘူး။ ျမန္မာနဲ႔ပတ္သက္ၿပီးေတာ့ အထူးကိုယ္စားလွယ္ ခန႔္ထားခံရသူတဦးအေနနဲ႔ ယူကရိန္းအစား ျမန္မာကိစၥကိုပဲ လုပ္ပါ။ ခင္ဗ်ားရဲ႕အစီရင္ခံစာမွာပါတဲ့ အခ်က္ေတြက ခိုင္မာမႈ မရွိပါဘူး။ ခင္ဗ်ားကိုယ္တိုင္လည္း ျမန္မာႏိုင္ငံထဲမွာ မရွိခဲ့ပါဘူး။ ခင္ဗ်ားရဲ႕ သတင္းအရင္းအျမစ္ေတြက ပံ့ပိုးေပးတဲ့အခ်က္အလက္ေတြနဲ႔ ပတ္သက္လို႔ မွန္ကန္တိက်မႈ ရွိမရွိ ခင္ဗ်ားကိုယ္တိုင္ သြားၿပီး စီစစ္ႏိုင္ျခင္းလည္း မရွိခဲ့ပါဘူး။"

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးစုံစမ္းေရးမႉး Tom Andrews ရဲ႕ တင္ျပခ်က္ေတြကို ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အျပည့္အဝ ေထာက္ခံခဲ့တဲ့အျပင္ စစ္ေကာင္စီအေပၚ ကုလသမဂၢက ထိထိေရာက္ေရာက္ အေရးယူေရး အႀကံျပဳခ်က္ေတြကို လိုက္နာဖို႔ အခုလို တိုက္တြန္းသြားပါတယ္။

" ဒီ အစီရင္ခံစာမွာပါတဲ့ အႀကံျပဳခ်က္ေတြအတိုင္း က်ေနာ္ ထပ္မံတိုက္တြန္းခ်င္ပါတယ္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရးအျမန္ေဆြးေႏြးၿပီး ျမန္မာအေပၚ အလုံးစုံ လက္နက္ေရာင္းခ် တင္ပို႔မႈ တားျမစ္တဲ့ဆုံးျဖတ္ခ်က္ ခ်မွတ္ေပးဖို႔ ေတာင္းဆိုပါတယ္။ ဒါ့အျပင္ ျမန္မာျပည္သူေတြ လိုလားေတာင့္တတဲ့ ဒီမိုကေရစီ ေမွ်ာ္မွန္းခ်က္ေတြကို ဖိႏွိပ္ၿပီး၊ အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ဖို႔ ႀကံ႐ြယ္ေနတဲ့ စစ္တပ္ကို လက္နက္ေရာ၊ ေငြေၾကးအရပါ ပိတ္ဆို႔ႏိုင္ဖို႔ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြ အေနနဲ႔ အာ႐ုံစိုက္မႈ၊ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ မဟာဗ်ဴဟာက်တဲ့ အစီအစဥ္တရပ္ကို စတင္ႏိုင္ဖို႔အတြက္ အေထြေထြညီလာခံ အေရးေပၚ အစည္းအေဝးတခု က်င္းပေပးဖို႔ ထပ္ၿပီး ေတာင္းဆိုပါတယ္။"

လူ႔အခြင့္ေရးဆိုင္ရာ တတိယေကာ္မတီ အစည္းအေဝးမွာ ျမန္မာႏိုင္ငံနဲ႔ ပါတ္သက္လို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ဆိုးဝါးလာတဲ့ အေျခအေနအေပၚ ေထာက္ျပ ေျပာသြားၾကပါတယ္။ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ ျမန္မာႏိုင္ငံအတြက္ အေျခအေန ဆိုးဝါးေစတယ္လို႔ အေမရိကန္ျပည္ေထာင္စုကလည္း တင္ျပသြားခဲ့ပါတယ္။

အၾကမ္းဖက္မႈေတြၾကားက လူ႔အခြင့္အေရးကို ကာကြယ္ဖို႔နဲ႔ ဒီမိုကေရစီေရး ဆက္လက္ ေတာင္းဆိုေနၾကတဲ့ ရဲရင့္တဲ့ ျပည္သူေတြရဲ႕ ေတာင္းဆိုမႈေတြနဲ႔ တျခားစိန္ေခၚမႈေတြကို လွစ္လ်ဴရႈထားလို႔ မရဘူးလို႔ အေမရိကန္ျပည္ေထာင္စုက ေျပာၾကားခဲ့ပါတယ္။ EU ဥေရာပသမဂၢကေတာ့ လက္ရွိ အေျခအေနေအာက္မွာ စစ္ေကာင္စီကက်င္းပမယ့္ ေ႐ြးေကာက္ပြဲကေန ေနာက္ထပ္ အၾကမ္းဖက္မႈေတြသာ ျဖစ္လာမယ္လို႔ ယုံၾကည္တယ္လို႔ ေျပာပါတယ္။

စစ္တပ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ လက္ခ်က္နဲ႔ အရပ္သားျပည္သူေတြ၊ အထူးသျဖင့္ ကေလးငယ္ေတြ ထိခိုက္ ေသဆုံးေနတဲ့အေပၚ EU ရဲ႕ စိုးရိမ္မႈကိုလည္း EU ဥေရာပသမဂၢက ကိုယ္စားလွယ္က ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံ တည္ၿငိမ္ ၿငိမ္းခ်မ္းေရးအတြက္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံက လိုလားေၾကာင္းနဲ႔ ျမန္မာ့အေရးအတြက္ အာဆီယံ ေဆာင္႐ြက္ေနတာကို ေထာက္ခံတယ္လို႔ ေျပာၾကားပါတယ္။ လူ႔အခြင့္အေရး တိုးတက္လာဖို႔အတြက္ သက္ဆိုင္သူအားလုံးပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈလုပ္ဖို႔ လိုအပ္တယ္လို႔လည္း တ႐ုတ္ႏိုင္ငံက ဝင္ေရာက္ေဆြးေႏြးသြားခဲ့ပါတယ္။ အခုလို တတိယေကာ္မတီမွာ ျမန္မာႏိုင္ငံအေျခအေန ေဆြးေႏြးခ်က္ေတြအေပၚ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ တုံ႔ျပန္ျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

မြန်မာ့အရေး ကုလ တတိယကော်မီတီမှာ ပြန်လှန်ဆွေးနွေး

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ပြည်သူတွေအပေါ် မြန်မာစစ်တပ်က တိုက်ခိုက်နေတဲ့ လက်နက်တွေဟာ ရုရှားနိုင်ငံက ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Tom Andrews က ကုလသမဂ္ဂ တတိယကော်မတီ အစည်းအဝေးမှာ တင်ပြသွားပါတယ်။ ရုရှားကိုယ်စားလှယ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ Tom Andrews ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ထောက်ခံခဲ့တဲ့အပြင် စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှုကို လုံခြုံရေးကောင်စီအနေနဲ့ အရေးယူရေး ပိတ်ဆို့ရေး ထပ်မံတောင်းဆို သွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာပြုလုပ်နေတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ အောက်တိုဘာ (၂၆)ရက်နေ့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Tom Andrews က အစီရင်ခံတင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ ပိုဆိုးအောင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့က လုပ်နေတယ်လို့ Tom Andrews က တင်ပြခဲ့သလို အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်နေကြသူတွေအပေါ် တိုက်ခိုက်နေတဲ့ လက်နက်တွေဟာ ရုရှားနိုင်ငံက ဖြစ်တယ်ဆိုတာကို သူက အခုလို ထောက်ပြခဲ့ပါတယ်။

" ဥက္ကဌကြီး ခင်ဗျာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဘက်က မြန်မာနိုင်ငံ အကျပ်အတည်းကို တာဝန်သိသိ၊ လူသားဆန်တဲ့ နည်းလမ်းတွေနဲ့ ကူညီဖြေရှင်းပေးဖို့ ပျက်ကွက်မှုတွေအပေါ်မှာ မြန်မာပြည်သူတွေအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ယူကရိန်းအပါအဝင် အခြားနေရာတွေမှာ အာရုံစိုက်နေရတဲ့အပေါ်မှာ သူတို့တွေ နားလည်ကြပါတယ်။ ဒါအပြင် ကျနော်နဲ့ စကားပြောခဲ့ကြသူတွေဟာ ယူကရိန်းပြည်သူတွေအပေါ် ထောက်ထားစာနာမှုတွေရှိကြသလို အမှန်မှာလည်း အခြေအနေတွေက ဆက်စပ်မှုရှိနေပါတယ်။ ယူကရိန်းပြည်သူတွေအပေါ် တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်နက်အမျိုးအစားတချို့ဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေကို တိုက်ခိုက်နေတဲ့ လက်နက်အမျိုးအစားတွေနဲ့ တူညီနေပြီး ဒါတွေဟာ ရုရှားနိုင်ငံက လာတာဖြစ်ပါတယ်။

အခုလို Tom Andrews ရဲ့ အစီရင်ခံ တင်ပြချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်က ငြင်းဆိုခဲ့သလို အခြေအမြစ်မရှိ ပြောကြားသွားတာဖြစ်ကြောင်း အခုလို တုံ့ပြန်သွားပါတယ်။

" ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူးရဲ့ တင်ပြချက်ကို တုံ့ပြန်ရမယ်ဆိုရင် ခံစားချက်တွေနည်းရင် ပိုပြီး ကောင်းပါတယ်။ ခင်ဗျားဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ အရပ်သားတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေကို ဘယ်သူ့ရဲ့ လက်နက်ပစ္စည်းတွေနဲ့ သတ်တယ်ဆိုတာ ခင်ဗျားအပိုင်း မဟုတ်ပါဘူး။ မြန်မာနဲ့ပတ်သက်ပြီးတော့ အထူးကိုယ်စားလှယ် ခန့်ထားခံရသူတဦးအနေနဲ့ ယူကရိန်းအစား မြန်မာကိစ္စကိုပဲ လုပ်ပါ။ ခင်ဗျားရဲ့အစီရင်ခံစာမှာပါတဲ့ အချက်တွေက ခိုင်မာမှု မရှိပါဘူး။ ခင်ဗျားကိုယ်တိုင်လည်း မြန်မာနိုင်ငံထဲမှာ မရှိခဲ့ပါဘူး။ ခင်ဗျားရဲ့ သတင်းအရင်းအမြစ်တွေက ပံ့ပိုးပေးတဲ့အချက်အလက်တွေနဲ့ ပတ်သက်လို့ မှန်ကန်တိကျမှု ရှိမရှိ ခင်ဗျားကိုယ်တိုင် သွားပြီး စီစစ်နိုင်ခြင်းလည်း မရှိခဲ့ပါဘူး။"

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Tom Andrews ရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပြည့်အဝ ထောက်ခံခဲ့တဲ့အပြင် စစ်ကောင်စီအပေါ် ကုလသမဂ္ဂက ထိထိရောက်ရောက် အရေးယူရေး အကြံပြုချက်တွေကို လိုက်နာဖို့ အခုလို တိုက်တွန်းသွားပါတယ်။

" ဒီ အစီရင်ခံစာမှာပါတဲ့ အကြံပြုချက်တွေအတိုင်း ကျနော် ထပ်မံတိုက်တွန်းချင်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးအမြန်ဆွေးနွေးပြီး မြန်မာအပေါ် အလုံးစုံ လက်နက်ရောင်းချ တင်ပို့မှု တားမြစ်တဲ့ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ဖိနှိပ်ပြီး၊ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြံရွယ်နေတဲ့ စစ်တပ်ကို လက်နက်ရော၊ ငွေကြေးအရပါ ပိတ်ဆို့နိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အာရုံစိုက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာကျတဲ့ အစီအစဉ်တရပ်ကို စတင်နိုင်ဖို့အတွက် အထွေထွေညီလာခံ အရေးပေါ် အစည်းအဝေးတခု ကျင်းပပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်။"

လူ့အခွင့်ရေးဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ နိုင်ငံတော်တော်များများက ဆိုးဝါးလာတဲ့ အခြေအနေအပေါ် ထောက်ပြ ပြောသွားကြပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံအတွက် အခြေအနေ ဆိုးဝါးစေတယ်လို့ အမေရိကန်ပြည်ထောင်စုကလည်း တင်ပြသွားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြားက လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီရေး ဆက်လက် တောင်းဆိုနေကြတဲ့ ရဲရင့်တဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေနဲ့ တခြားစိန်ခေါ်မှုတွေကို လှစ်လျူရှုထားလို့ မရဘူးလို့ အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့ပါတယ်။ EU ဥရောပသမဂ္ဂကတော့ လက်ရှိ အခြေအနေအောက်မှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကနေ နောက်ထပ် အကြမ်းဖက်မှုတွေသာ ဖြစ်လာမယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ အရပ်သားပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေ ထိခိုက် သေဆုံးနေတဲ့အပေါ် EU ရဲ့ စိုးရိမ်မှုကိုလည်း EU ဥရောပသမဂ္ဂက ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံ တည်ငြိမ် ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်း တရုတ်နိုင်ငံက လိုလားကြောင်းနဲ့ မြန်မာ့အရေးအတွက် အာဆီယံ ဆောင်ရွက်နေတာကို ထောက်ခံတယ်လို့ ပြောကြားပါတယ်။ လူ့အခွင့်အရေး တိုးတက်လာဖို့အတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ လိုအပ်တယ်လို့လည်း တရုတ်နိုင်ငံက ဝင်ရောက်ဆွေးနွေးသွားခဲ့ပါတယ်။ အခုလို တတိယကော်မတီမှာ မြန်မာနိုင်ငံအခြေအနေ ဆွေးနွေးချက်တွေအပေါ် စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG