သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ အာဆီယံကာကွယ်ဖို့လို (Human Rights Watch)


မလေးရှားမှာ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ ခေါ်ဆောင်လာစဉ်။ (၂၀၂၁၊ ဖေဖေါ်ဝါရီ ၂၃)
မလေးရှားမှာ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ ခေါ်ဆောင်လာစဉ်။ (၂၀၂၁၊ ဖေဖေါ်ဝါရီ ၂၃)

လာမယ့် နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအ‌ဝေး ကျင်းပတဲ့အခါ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာတဲ့သူတွေကို အကာအကွယ်ပေးနိုင်ရေး ကတိကဝတ်ထား လုပ်ဆောင်ဖို့ လှု့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch အဖွဲ့ကြီးက အာဆီယံ ခေါင်းဆောင်တွေနဲ့ ဒေသအတွင်း အစိုးရအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံတဲ့ မြန်မာနိင်ငံသားတွေကို သူတို့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ကြား ဩဂုတ်လနောက်ပိုင်း ပိုတိုးပြီး နေရပ် ပြန်ပို့နေတာကို ထောက်ပြရင်း အာဆီယံခေါင်းဆောင်တွေကို လူ့အခွင့်အရေး အဖွဲ့က ဒီကနေ့ တိုက်တွန်းလိုက်တာပါ။

ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရသူ ၂၀၀၀ ကျော်ရှိပြီး ပြန်ပို့ခံရသူတွေထဲမှာ ခိုလှုံခွင့်တောင်းခံထားသူတွေအပြင် စစ်တပ်က ထွက်ပြေးလာတဲ့ အရာရှိ ၆ ဦး ပါဝင်တာကို Human Rights Watch အဖွဲ့က ထောက်ပြပါတယ်။

နေရပ်ပြန်ရင် နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ အကာအကွယ်ပေးဖို့ တောင်းဆိုတဲ့တချိန်တည်းမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည် စီစစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ပေးဖို့လည်း မလေးရှားအစိုးရကို လူ့အခွင့်အရေး အဖွဲ့ကြီးကတောင်းဆိုပါတယ်။ မလေးရှားအစိုးရအတွင်းမှာ ဒုက္ခသည်အရေး ပြည်ပကစွက်ဖက်မှုတွေကို မလိုလားဘူးဆိုပြီး UNHCR ရုံးရဲ့ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ မကြာသေးခင်ကပဲ အဆိုပြုတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံကနေ မလေရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူနဲ့ ဒုက္ခသည် ၁၈၅၀၀၀ လောက်ရှိပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံဘက်က အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသိန်းလောက်ရှိတဲ့ အကြောင်း လူ့အခွင်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မလေးရှား နိုင်ငံတဝှမ်း ထိန်းသိမ်းရေးစခန်း ၂၁ ခုမှာ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၇၅၀၀ လောက်ရှိပြီး အဖမ်းခံထားရတဲ့ အထဲမှာ ကလေးငယ် ၁၅၀၀ လောက် ပါဝင်တဲ့အကြောင်းနဲ့ ထိန်းသိမ်းရေး စခန်းတွေအတွင်း ဆိုးဆိုးဝါးဝါး နေထိုင်ရတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

(Unicode)








XS
SM
MD
LG