သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းေနသူ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္မပို႔ဖို႔ UNHCR တိုက္တြန္း


ထို္င္းအာဏာပိုင္မ်ားက ကရင္ေက်ာင္းသားမ်ားကို ျမန္မာႏိုင္ငံသို႔ အတင္းအဓမၼျပန္ပို႔ေန။ ဓါတ္ပံုမွတ္တမ္း Karen HRs Group

ေဒသတြင္းႏိုင္ငံေတြ အေနနဲ႔ ျမန္မာႏိုင္ငံက ခိုလႈံခြင့္ေတာင္းခံသူေတြကို အတင္းအၾကပ္ ေနရပ္ျပန္ပို႔ေနတာဟာ သူတို႔အတြက္ အသက္အႏၲရာယ္ရွိေနတာေၾကာင့္ ခ်က္ခ်င္းရပ္ပစ္ဖို႔ ကုလသမဂၢ ဒုကၡသည္မ်ားအဖြဲ႕ UNHCR က အေရးေပၚပန္ၾကားလိုက္ပါတယ္။

Zawgyi

ေဒသတြင္းႏိုင္ငံေတြ အေနနဲ႔ ျမန္မာႏိုင္ငံက ခိုလႈံခြင့္ေတာင္းခံသူေတြကို အတင္းအၾကပ္ ေနရပ္ျပန္ပို႔ေနတာဟာ သူတို႔အတြက္ အသက္အႏၲရာယ္ရွိေနတာေၾကာင့္ ခ်က္ခ်င္းရပ္ပစ္ဖို႔ ကုလသမဂၢ ဒုကၡသည္မ်ားအဖြဲ႕ UNHCR က အေရးေပၚပန္ၾကားလိုက္ပါတယ္။

ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံေတြဟာ ၂၀၂၁ ေဖေဖၚဝါရီကစၿပီး သူတို႔ႏိုင္ငံေတြမွာ ႏိုင္ငံေရးခိုလႈံခြင့္ ေလွ်ာက္ထားသူေတြ ဒုကၡသည္ေတြကို ျမန္မာႏိုင္ငံဆီ အတင္းျပန္ပို႔ေနတယ္ ဆိုတဲ့ သတင္းေတြေၾကာင့္ ကုလသမဂၢက အထူးစိုးရိမ္ေၾကာင္းနဲ႔ ဒီဒုကၡသည္ေတြကို အကန႔္အသတ္မရွိ ခ်ဳပ္ေႏွာင္တာေတြ မလုပ္ဖို႔အပါအဝင္ ဆက္ၿပီးအကာကြယ္ေပးၾကဖို႔ ထပ္ေလာင္း ေတာင္းဆိုလိုက္တာပါ။

ေရတပ္ အရာရွိေဟာင္းတခ်ိဳ႕ အပါအဝင္ ခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းေနသူေတြ အပါအဝင္ ျမန္မာႏိုင္ငံသားေတြကို မေလးရွားက ဒီလဆန္းမွာပဲ ေနရပ္ျပန္ပို႔လိုက္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္မွာပဲ UNHCR ရဲ႕ ထုတ္ျပန္ခ်က္ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ မေလးရွားက ေနရပ္ျပန္ပို႔ခံရသူေတြထဲက ျမန္မာႏိုင္ငံ ျပန္ေရာက္ခ်ိန္မွာပဲ ဖမ္းဆီးခံခဲ့ရသူေတြ ရွိတယ္လို႔လည္း သတင္းေတြ ထြက္ခဲ့တာပါ။

UNHCR ကေတာ့ ျမန္မာႏိုင္ငံမွာ အရပ္သားေတြအေပၚ အၾကမ္းဖက္မႈေတြ ဆက္ရွိေနသလို နယ္စပ္ေဒသေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ ေတြနဲ႔ ျမန္မာစစ္တပ္တို႔ၾကား တိုက္ပြဲေတြေၾကာင့္ နယ္စပ္ေက်ာ္ျဖတ္ ထြက္ေျပးေနၾကရတာ ျဖစ္ၿပီး ဒီဒုကၡသည္ေတြကို ေဒသတြင္း ႏိုင္ငံေတြက ေနခြင့္ျပဳဖို႔၊ ခိုလႈံခြင့္ေပးဖို႔အျပင္ အတင္းျပန္မပို႔ပဲ အကာကြယ္ေပးဖို႔လည္း ေျပာပါတယ္။

ျပည္ပေရာက္ေနၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံသားေတြက သူတို႔ကို ႏိုင္ငံတကာက အကာကြယ္ေပးဖို႔ ေတာင္းခံလာရင္လည္း ႏိုင္ငံအားလုံးအေနနဲ႔ အတင္းအၾကပ္ ျပန္ပို႔ခြင့္မရွိတဲ့ ႏိုင္ငံတကာက လိုက္နာရမယ့္ ဥပေဒအတိုင္း လိုက္နာဖို႔လည္း သတိေပးထားပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

Unicode

ဒေသတွင်းနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက ခိုလှုံခွင့်တောင်းခံသူတွေကို အတင်းအကြပ် နေရပ်ပြန်ပို့နေတာဟာ သူတို့အတွက် အသက်အန္တရာယ်ရှိနေတာကြောင့် ချက်ချင်းရပ်ပစ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များအဖွဲ့ UNHCR က အရေးပေါ်ပန်ကြားလိုက်ပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဟာ ၂၀၂၁ ဖေဖေါ်ဝါရီကစပြီး သူတို့နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ အတင်းပြန်ပို့နေတယ် ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်းနဲ့ ဒီဒုက္ခသည်တွေကို အကန့်အသတ်မရှိ ချုပ်နှောင်တာတွေ မလုပ်ဖို့အပါအဝင် ဆက်ပြီးအကာကွယ်ပေးကြဖို့ ထပ်လောင်း တောင်းဆိုလိုက်တာပါ။

ရေတပ် အရာရှိဟောင်းတချို့ အပါအဝင် ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူတွေ အပါအဝင် မြန်မာနိုင်ငံသားတွေကို မလေးရှားက ဒီလဆန်းမှာပဲ နေရပ်ပြန်ပို့လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာပဲ UNHCR ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှားက နေရပ်ပြန်ပို့ခံရသူတွေထဲက မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာပဲ ဖမ်းဆီးခံခဲ့ရသူတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ခဲ့တာပါ။

UNHCR ကတော့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ရှိနေသလို နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် နယ်စပ်ကျော်ဖြတ် ထွက်ပြေးနေကြရတာ ဖြစ်ပြီး ဒီဒုက္ခသည်တွေကို ဒေသတွင်း နိုင်ငံတွေက နေခွင့်ပြုဖို့၊ ခိုလှုံခွင့်ပေးဖို့အပြင် အတင်းပြန်မပို့ပဲ အကာကွယ်ပေးဖို့လည်း ပြောပါတယ်။

ပြည်ပရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေက သူတို့ကို နိုင်ငံတကာက အကာကွယ်ပေးဖို့ တောင်းခံလာရင်လည်း နိုင်ငံအားလုံးအနေနဲ့ အတင်းအကြပ် ပြန်ပို့ခွင့်မရှိတဲ့ နိုင်ငံတကာက လိုက်နာရမယ့် ဥပဒေအတိုင်း လိုက်နာဖို့လည်း သတိပေးထားပါတယ်။

XS
SM
MD
LG