သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ေက်ာင္းသူေက်ာင္းသား ၁၀၀ ခန႔္ ထိုင္းနယ္စပ္ကေန ေနရပ္ျပန္ပို႔ခံရ


ထို္င္းအာဏာပိုင္မ်ားက ကရင္ေက်ာင္းသားမ်ားကို ျမန္မာႏိုင္ငံသို႔ အတင္းအဓမၼျပန္ပို႔ေန။ ဓါတ္ပံုမွတ္တမ္း Karen HRs Group

ျမန္မာျပည္ထဲ တိုက္ပြဲေတြေၾကာင့္ ထိုင္းႏိုုင္ငံဘက္ ထြက္ေျပးခိုလႈံလာတဲ့ ကရင္ေက်ာင္းသူေက်ာင္းသား ၁၀၃ ေယာက္ကို ထိုင္းအာဏာပိုင္ေတြက ျမန္္မာႏိုင္ငံဘက္ျခမ္းဆီ ျပန္ပို႔လိုက္ပါတယ္။ ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြေၾကာင့္ ဒူးပလာယာခ႐ိုင္ကေန ထိုင္းဘက္ထြက္ေျပးခဲ့တဲ့ ကရင္ေက်ာင္းသူ၊ ေက်ာင္းသားေတြကို မေန႔က ေရႀကီးေနတဲ့ ေသာင္းရင္းျမစ္ကိုျဖတ္ၿပီး ထိုင္းအာဏာပိုင္ေတြကေန အတင္းအက်ပ္ ျပန္ပို႔ခဲ့တာလို႔ KHRG ကရင္လူ႔အခြင့္အေရးအဖြဲ႔က ေျပာပါတယ္။

ျပန္ပို႔ခံရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ KNU ကရင္ အမ်ိဳးသားအစည္းအ႐ုံး အေထြေထြအတြင္းေရးမႈး ဖဒိုတာဒိုမူးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

"ျမဝတီၿမိဳ႕နယ္မွာရိွတဲ့ ေသေဘာဘိုးဘက္ကေန ထြက္ေျပးခဲ့ရသူေတြကို တာ့ခ္ျပည္နယ္ ဖုတ္ဖရၿမိဳ႕ဘက္ကေန ျမန္မာႏိုင္ငံဘက္ျခမ္း ျပန္ပို႔ခဲ့တာမွာ ေလွတစီးဆိုရင္ ေနာက္ေလွတစီးကို တိုက္မိၿပီး ျမဳပ္ခါနီးပါးအထိကို အႏၲရာယ္ႀကဳံခဲ့ရတယ္လို႔ ကရင္လူ႔အခြင့္အေရးအဖြဲ႕ KHRG က အင္တာနက္စာမ်က္မွာ ေဖာ္ျပထားပါတယ္။ အခုလို ျပန္ပို႔ခံရသူေတြအေနနဲ႔ ကရင္ျပည္နယ္တြင္း တိုက္ပြဲေတြ၊ လက္နက္ႀကီးနဲ႔ ေလေၾကာင္းပစ္ခတ္မႈေတြေၾကာင့္ အသက္အႏၲရာယ္ စိုးရိမ္ေနရဆဲ ျဖစ္တဲ့အေၾကာင္းနဲ႔ တခ်ိဳ႕လည္း ျပန္အပို႔ခံရၿပီး အႀကိမ္ႀကိမ္ ျပန္ေျပးလာခဲ့ၾကတယ္လို႔ KHRG အဖြဲ႔က ေျပာပါတယ္။

ထိုင္းစစ္တပ္ဘက္ကေတာ့ တိုက္ပြဲေတြ ျပန္ၿငိမ္ၿပီး အႏၲရာယ္မရွိေတာ့ဘူး ယူဆခ်ိန္မွာ အခုလို ျပန္ပို႔ေလ့ရွိတယ္လို႔ ထိုင္းေဒသခံအရာရွိေတြက အရင္က ေျပာထားခဲ့ဖူးပါတယ္။

==== Unicode =====

မြန်မာပြည်ထဲ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးခိုလှုံလာတဲ့ ကရင်ကျောင်းသူကျောင်းသား ၁၀၃ ယောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ခြမ်းဆီ ပြန်ပို့လိုက်ပါတယ်။ ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒူးပလာယာခရိုင်ကနေ ထိုင်းဘက်ထွက်ပြေးခဲ့တဲ့ ကရင်ကျောင်းသူ၊ ကျောင်းသားတွေကို မနေ့က ရေကြီးနေတဲ့ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းအာဏာပိုင်တွေကနေ အတင်းအကျပ် ပြန်ပို့ခဲ့တာလို့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ပြန်ပို့ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ KNU ကရင် အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှုး ဖဒိုတာဒိုမူးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"မြဝတီမြို့နယ်မှာရှိတဲ့ သေဘောဘိုးဘက်ကနေ ထွက်ပြေးခဲ့ရသူတွေကို တာ့ခ်ပြည်နယ် ဖုတ်ဖရမြို့ဘက်ကနေ မြန်မာနိုင်ငံဘက်ခြမ်း ပြန်ပို့ခဲ့တာမှာ လှေတစီးဆိုရင် နောက်လှေတစီးကို တိုက်မိပြီး မြုပ်ခါနီးပါးအထိကို အန္တရာယ်ကြုံခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က အင်တာနက်စာမျက်မှာ ဖော်ပြထားပါတယ်။ အခုလို ပြန်ပို့ခံရသူတွေအနေနဲ့ ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်တဲ့အကြောင်းနဲ့ တချို့လည်း ပြန်အပို့ခံရပြီး အကြိမ်ကြိမ် ပြန်ပြေးလာခဲ့ကြတယ်လို့ KHRG အဖွဲ့က ပြောပါတယ်။

ထိုင်းစစ်တပ်ဘက်ကတော့ တိုက်ပွဲတွေ ပြန်ငြိမ်ပြီး အန္တရာယ်မရှိတော့ဘူး ယူဆချိန်မှာ အခုလို ပြန်ပို့လေ့ရှိတယ်လို့ ထိုင်းဒေသခံအရာရှိတွေက အရင်က ပြောထားခဲ့ဖူးပါတယ်။

XS
SM
MD
LG