သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ေျဖရွင္းဖို႔ ႏိုင္ငံတကာရဲ႕ ပ်က္ကြက္မႈ ကုလ အထူးကိုယ္စားလွယ္ေထာက္ျပ


လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews (Photo: UNweb) 26th Oct, 2022

[[ ZAWGYI / UNICODE ]]

ျမန္မာ့အေရး ေျဖရွင္းဖို႔ ႏိုင္ငံတကာရဲ႕ ပ်က္ကြက္မႈ ကုလ အထူးကိုယ္စားလွယ္ေထာက္ျပ

ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြ အားနည္းေနတာဟာ ျမန္မာ့အေရး ေျဖရွင္းရာမွာ အဟန႔္အတား ျဖစ္ေနရေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က ေျပာလိုက္ပါတယ္။

“ဦးေဆာင္မႈမွာ လစ္ဟာမႈေတြ ရွိေနပါတယ္။ ျမန္မာႏိုင္ငံအေရးလို ကိစၥမ်ိဳးမွာ အေမရိကန္ ျပည္ေထာင္စုနဲ႔ တျခားႏိုင္ငံေတြ အေနနဲ႔ ဦးေဆာင္ႏိုင္တဲ့ အေနအထားမွာ ရွိတယ္လို႔ ယူဆပါတယ္။” လို႔ နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲမွာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကေျပာသြားတာပါ။

ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြ အားနည္းတဲ့အတြက္ ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ ထိေရာက္တဲ့ ဖိအားေတြ ျဖစ္မလာခဲ့ဖူးလို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ထိေရာက္တဲ့ အေျပာင္းအလဲေတြ ျဖစ္လာဖို႔ဆိုရင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ အျပဳအမူေတြကိုလည္း ေျပာင္းရလိမ့္မယ္လို႔ တိုက္တြန္းခဲ့တာပါ။

လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ရဲ႕ ဗုဒၶဟူးေန႔ အေစာပိုင္းက ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယညီလာခံမွာ တင္သြင္းတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာမွာလည္း ထိေရာက္တဲ့ အေရးယူေဆာင္႐ြက္ႏိုင္မယ့္ နည္းလမ္းေတြ ရွိေနၿပီး၊ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ ႏိုင္ငံေရးဆႏၵ လိုအပ္ေနေၾကာင္း ေျပာဆိုထားပါတယ္။

လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ရဲ႕ တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက လတ္တေလာ တုံ႔ျပန္တာ မေတြ႕ရေသးေပမဲ့၊ ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္ေတြနဲ႔ ေျပာဆိုခ်က္ေတြဟာ လက္ေတြ႕ အေျခအေနကို ထင္ဟပ္မႈ မရွိဘူးဆိုၿပီး အရင္ကေျပာတာေတြ ရွိခဲ့ဖူးပါတယ္။

လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးအက်ပ္အတည္းေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြဟာ ပိုဆိုးသထက္ ဆိုးလာေနတယ္ဆိုၿပီး ကုလသမဂၢကို တင္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

မြန်မာ့အရေး ဖြေရှင်းဖို့ နိုင်ငံတကာရဲ့ ပျက်ကွက်မှု ကုလ အထူးကိုယ်စားလှယ်ထောက်ပြ

နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းနေတာဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အဟန့်အတား ဖြစ်နေရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

“ဦးဆောင်မှုမှာ လစ်ဟာမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံအရေးလို ကိစ္စမျိုးမှာ အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ အနေနဲ့ ဦးဆောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ယူဆပါတယ်။” လို့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကပြောသွားတာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ထိရောက်တဲ့ ဖိအားတွေ ဖြစ်မလာခဲ့ဖူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အပြုအမူတွေကိုလည်း ပြောင်းရလိမ့်မယ်လို့ တိုက်တွန်းခဲ့တာပါ။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယညီလာခံမှာ တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာလည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှိနေပြီး၊ လက်တွေ့အကောင်အထည်ဖော်ဖို့ နိုင်ငံရေးဆန္ဒ လိုအပ်နေကြောင်း ပြောဆိုထားပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော တုံ့ပြန်တာ မတွေ့ရသေးပေမဲ့၊ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြောဆိုချက်တွေဟာ လက်တွေ့ အခြေအနေကို ထင်ဟပ်မှု မရှိဘူးဆိုပြီး အရင်ကပြောတာတွေ ရှိခဲ့ဖူးပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပိုဆိုးသထက် ဆိုးလာနေတယ်ဆိုပြီး ကုလသမဂ္ဂကို တင်ပြထားပါတယ်။

XS
SM
MD
LG