သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  ျမန္မာ့အေရး အာဆီယံ အေရးေပၚ ေျဖရွင္းဖို႔ ကုလ အထူးကိုယ္စားလွယ္ တိုက္တြန္း 


ျမန္မာ့အေရး အာဆီယံ အေရးေပၚ ေျဖရွင္းဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ အေျခအေနေတြကို ေျဖရွင္းႏိုင္ဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) က အေရးတႀကီး ေဆာင္ရြက္ဖို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတယ္။

ျမန္မာ့အေရး အာဆီယံ အေရးေပၚ ေျဖရွင္းဖို႔ ကုလ အထူးကိုယ္စားလွယ္ တိုက္တြန္း

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ အေျခအေနေတြကို ေျဖရွင္းႏိုင္ဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) က အေရးတႀကီး ေဆာင္ရြက္ဖို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတယ္။ ျပည္ပေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကို အိမ္ရွင္အစိုးရေတြက အတင္းအက်ပ္ ေနရပ္ျပန္ပို႔ေနတဲ့ လုပ္ရပ္ဟာဆိုရင္လည္း အာဆီယံက အေရးေပၚ ညႇိႏႈိင္းေျဖရွင္းဖို႔ လိုအပ္ေနတယ္ဆိုတာကို မီးေမာင္းထိုးျပရာ ေရာက္ေနတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က အဂၤါေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆိုခဲ့တာပါ။

ေရတပ္ အရာရွိေဟာင္းတခ်ဳိ႕ အပါအ၀င္ ခိုလႈံခြင့္ရဖို႔ ႀကိဳးပမ္းေနသူ ျမန္မာႏိုင္ငံသားေတြကို မေလးရွားက ဒီလဆန္းမွာပဲ ေနရပ္ျပန္ပို႔လိုက္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္မွာပဲ ကုလသမဂၢ တာ၀န္ရွိသူေတြ သတိေပးေနတာ ျဖစ္ပါတယ္။ မေလးရွားက ေနရပ္ျပန္ပို႔ခံရသူေတြထဲက ျမန္မာႏိုင္ငံ ျပန္ေရာက္ခ်ိန္မွာပဲ ဖမ္းဆီးခံခဲ့ရသူေတြ ရွိတယ္လို႔လည္း သတင္းေတြ ထြက္ခဲ့တာပါ။

ေဒသတြင္းႏိုင္ငံေတြ အေနနဲ႔ ျမန္မာႏိုင္ငံက ခိုလႈံခြင့္ေတာင္းခံသူေတြကို အတင္းအၾကပ္ ေနရပ္ျပန္ပို႔တာေတြ မလုပ္ဖို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) ကလည္း အဂၤါေန႔မွာပဲ ေျပာဆိုထားပါတယ္။

ၾကာသပေတးေန႔က်ရင္ အာဆီယံအသင္းက အင္ဒိုနီးရွားႏိုင္ငံမွာ ျမန္မာ့အေရး အထူးအစည္းအေ၀း က်င္းပရာမွာ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္မပို႔ေရး ကိစၥကိုပါ ထည့္သြင္းေဆြးေႏြးဖို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကလည္း တိုက္တြန္းေနၾကတာပါ။

ကုလသမဂၢ အထူးကိုယ္စားလွယ္ကေတာ့ ဒုကၡသည္ေတြကို အကာအကြယ္ေပးႏိုင္ဖို႔ ေဒသတြင္းမွာ လုပ္ငန္းစဥ္တရပ္ ခ်မွတ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ကခ်င္ျပည္နယ္မွာ စစ္တပ္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ အရပ္သားေတြ ေသဆုံးတဲ့ ျဖစ္ရပ္အေပၚ ရႈတ္ခ်ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

မြန်မာ့အရေး အာဆီယံ အရေးပေါ် ဖြေရှင်းဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က အရေးတကြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အိမ်ရှင်အစိုးရတွေက အတင်းအကျပ် နေရပ်ပြန်ပို့နေတဲ့ လုပ်ရပ်ဟာဆိုရင်လည်း အာဆီယံက အရေးပေါ် ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြရာ ရောက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ရေတပ် အရာရှိဟောင်းတချို့ အပါအဝင် ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေသူ မြန်မာနိုင်ငံသားတွေကို မလေးရှားက ဒီလဆန်းမှာပဲ နေရပ်ပြန်ပို့လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သတိပေးနေတာ ဖြစ်ပါတယ်။ မလေးရှားက နေရပ်ပြန်ပို့ခံရသူတွေထဲက မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာပဲ ဖမ်းဆီးခံခဲ့ရသူတွေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ခဲ့တာပါ။

ဒေသတွင်းနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက ခိုလှုံခွင့်တောင်းခံသူတွေကို အတင်းအကြပ် နေရပ်ပြန်ပို့တာတွေ မလုပ်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကလည်း အင်္ဂါနေ့မှာပဲ ပြောဆိုထားပါတယ်။

ကြာသပတေးနေ့ကျရင် အာဆီယံအသင်းက အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာ့အရေး အထူးအစည်းအဝေး ကျင်းပရာမှာ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်မပို့ရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း တိုက်တွန်းနေကြတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ ဒုက္ခသည်တွေကို အကာအကွယ်ပေးနိုင်ဖို့ ဒေသတွင်းမှာ လုပ်ငန်းစဉ်တရပ် ချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးတဲ့ ဖြစ်ရပ်အပေါ် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG