သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လံုျခံဳေရးေကာင္စီအေပၚ တက္ႂကြလုပ္ရွားသူတခ်ိဳ႕အျမင္ 


United Nations General Assembly

ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ျမန္မာ့အေရး ေဆြးေႏြးခဲ့တာနဲ႔ပတ္သက္လို႔ တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕ကေတာ့ ေမွ်ာ္လင့္ခ်က္ သိပ္မထားဘူးလို႔ ေျပာဆိုပါတယ္။ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

လံုျခံဳေရးေကာင္စီအေပၚ တက္ႂကြလုပ္ရွားသူတခ်ိဳ႕အျမင္

{{Zawgyi/Unicode}}

ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ျမန္မာ့အေရး ေဆြးေႏြးခဲ့တာနဲ႔ပတ္သက္လို႔ တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕ကေတာ့ ေမွ်ာ္လင့္ခ်က္ သိပ္မထားဘူးလို႔ ေျပာဆိုပါတယ္။ နယူးေယာက္ျမဳိ႕ ကုလလုံျခဳံေရးေကာင္စီ တခါးပိတ္ေဆြးေႏြးပဲြအတြင္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥ Noeleen Heyzer က ေသာၾကာေန႔ အစီရင္ခံစာ တင္သြင္းတဲ့ရက္မွာပဲ ေျပာဆိုလိုက္တာပါ။ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ဒီေဆြးေႏြးပဲြကေန အမ်ားေမွ်ာ္လင့္ထားသလို ရလဒ္ေကာင္းေတြ ထြက္လာမယ္ မျမင္မိဘူးလို႔ နယူးေယာက္ျမဳိ႕က ျမန္မာ့အေရးတက္ႂကြ လႈပ္ရွားသူ ဦးမိုးခ်မ္းက ခုလို သုံးသပ္ပါတယ္။

" သူက ၾကဳိးစားခ်င္တယ္ဆိုရင္ေတာ့ သူ႔သေဘာေပ့ါဗ်ာ။ က်ေနာ္တို႔ေတြ အေနနဲ႔ သိပ္မ်ားမ်ားစားစား ေမွ်ာ္လင့္လို႔ ရမယ္ မထင္ဘူး။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ အားနည္းခ်က္ေၾကာင့္ ရယ္လို႔ေတာ့ မဟုတ္ပဲ အဓိကက မအလ ကိုယ္ႏႈိက္ကိုယ္က ဒီလိုအာဏာပါဝါမ်ဳိးကို မက္ေမာတဲ့အတြက္ေၾကာင့္ အဲဒီလိုလုပ္ေဆာင္ခဲ့တာျဖစ္တယ္။ က်ေနာ္တို႔ဖက္က ေျမျပင္မွာ အသာစည္း မရမခ်င္း သူ႔ဖက္က ေလွ်ာ့မယ့္အေနအထား မရွိေသးဘူးလို႔ ျမင္တယ္။ "

လုံျခဳံေရးေကာင္စီ တခါးပိတ္အစည္းအေဝးျဖစ္တာေၾကာင့္ ဘယ္လို အေၾကာင္းအရာေတြကို မစၥ Noeleen Heyzer က တင္ျပေဆြးေႏြးသလဲဆိုတာ မသိရေသးပါဘူး။ ဦးမိုးခ်မ္းကေတာ့ ခုလို ခန္႔မွန္းသုံးသပ္ပါတယ္။

" ေသခ်ာတာကေတာ့ ႏိုင္ငံေရးကိစၥ ထိပ္ဆုံးကပါမယ္။ နံပတ္ ၂ က ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားအားလုံး လႊတ္ေပးေရးဆိုတဲ့ကိစၥေတြ ပါမယ္လို႔ ယူဆတယ္။ ေနာက္တခုက အထဲမွာ ျပည္တြင္းစစ္ျဖစ္ေနေတာ့ ဒုကၡသည္ေတြက အမ်ားႀကီးပဲ သန္းနဲ႔ခ်ီ ရွိလာတယ္ အဲဒီခါက်ေတာ့ လူသားခ်င္းစာနာမႈအကူအညီ ကိစၥေတြလည္း ပါမယ္လို႔ သုံးသပ္မိပါတယ္။"

ေမး ။ ။ ဆိုေတာ့ ႏိုလင္းေဟဇာရဲ႕ တင္ျပခ်က္အေပၚမွာ လုံျခဳံေရးေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ ျပင္းထန္တဲ့ ေၾကညာခ်က္ ထုတ္တာတို႔ တခုခု ဆုံးျဖတ္ခ်က္ ခ်တာတို႔ ျဖစ္လာႏိုင္လားခင္ဗ် ။

ေျဖ ။ ။ " ျဖစ္ႏိုင္မယ္လို႔ေတာ့ မထင္ဘူး ။ ဒါေပမဲ့ ေၾကညာခ်က္ တစုံတခုေလာက္ေတာ့ ေမွ်ာ္လင့္လို႔ရတာေပ့ါ။ ေၾကညာခ်က္ေလာက္နဲ႔ ပီးေကာင္းလည္း ၿပီးသြားႏိုင္တယ္။ ေၾကညာခ်က္ေလာက္နဲ႔က်ေတာ့ ဘာမွ မ်ားမ်ားစားစား လုပ္လို႔လည္း မရဘူးေလ။ ဘာလို႔လည္းဆိုေတာ့ ဒီေန႔ဒီခ်ိန္မွာ လုံျခဳံေရးေကာင္စီ အၿမဲတမ္း အဖြဲ႔ဝင္ႏိုင္ငံထဲမွာ ႐ုရွားက ရွိတယ္။ ႐ုရွားသမၼတပူတင္နဲ႔ မင္းေအာင္လႈိင္နဲ႔က မၾကာေသးခင္ကမွ ေတြ႕ထားၾကတာေလ။ တခုခု ျပင္းျပင္းထန္ထန္ ဆုံးျဖတ္ဖို႔ တျခားႏိုင္ငံေတြက တင္ျပလာရင္ေတာင္မွ ႐ုရွားက ဗီတိုအာဏာသုံး ပယ္မွာပဲေလ။ အဲဒီေပၚမူတည္ၿပီး သိပ္ မေမွ်ာ္လင့္တာပါ။ "

ႏိုလင္းေဟဇာဟာ အခုလို ကုလ လုံျခဳံေရးေကာင္စီမွာ အစီရင္ခံစာ မတင္သြင္းခင္ ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ၿပီး စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံခဲ့ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာ့ ေတြ႕ခြင့္ မရခဲ့ပါဘူးခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

................................

လုံခြုံရေးကောင်စီအပေါ် တက်ကြွလုပ်ရှားသူတချို့အမြင်

{{Zawgyi/Unicode}}

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူ တချို့ကတော့ မျှော်လင့်ချက် သိပ်မထားဘူးလို့ ပြောဆိုပါတယ်။ နယူးယောက်မြို့ ကုလလုံခြုံရေးကောင်စီ တခါးပိတ်ဆွေးနွေးပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Noeleen Heyzer က သောကြာနေ့ အစီရင်ခံစာ တင်သွင်းတဲ့ရက်မှာပဲ ပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကနေ အများမျှော်လင့်ထားသလို ရလဒ်ကောင်းတွေ ထွက်လာမယ် မမြင်မိဘူးလို့ နယူးယောက်မြို့က မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူ ဦးမိုးချမ်းက ခုလို သုံးသပ်ပါတယ်။

" သူက ကြိုးစားချင်တယ်ဆိုရင်တော့ သူ့သဘောပေ့ါဗျာ။ ကျနော်တို့တွေ အနေနဲ့ သိပ်များများစားစား မျှော်လင့်လို့ ရမယ် မထင်ဘူး။ သူ့ရဲ့ စွမ်းဆောင်ရည် အားနည်းချက်ကြောင့် ရယ်လို့တော့ မဟုတ်ပဲ အဓိကက မအလ ကိုယ်နှိုက်ကိုယ်က ဒီလိုအာဏာပါဝါမျိုးကို မက်မောတဲ့အတွက်ကြောင့် အဲဒီလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်။ ကျနော်တို့ဖက်က မြေပြင်မှာ အသာစည်း မရမချင်း သူ့ဖက်က လျှော့မယ့်အနေအထား မရှိသေးဘူးလို့ မြင်တယ်။ "

လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးဖြစ်တာကြောင့် ဘယ်လို အကြောင်းအရာတွေကို မစ္စ Noeleen Heyzer က တင်ပြဆွေးနွေးသလဲဆိုတာ မသိရသေးပါဘူး။ ဦးမိုးချမ်းကတော့ ခုလို ခန့်မှန်းသုံးသပ်ပါတယ်။

" သေချာတာကတော့ နိုင်ငံရေးကိစ္စ ထိပ်ဆုံးကပါမယ်။ နံပတ် ၂ က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးဆိုတဲ့ကိစ္စတွေ ပါမယ်လို့ ယူဆတယ်။ နောက်တခုက အထဲမှာ ပြည်တွင်းစစ်ဖြစ်နေတော့ ဒုက္ခသည်တွေက အများကြီးပဲ သန်းနဲ့ချီ ရှိလာတယ် အဲဒီခါကျတော့ လူသားချင်းစာနာမှုအကူအညီ ကိစ္စတွေလည်း ပါမယ်လို့ သုံးသပ်မိပါတယ်။"

မေး ။ ။ ဆိုတော့ နိုလင်းဟေဇာရဲ့ တင်ပြချက်အပေါ်မှာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပြင်းထန်တဲ့ ကြေညာချက် ထုတ်တာတို့ တခုခု ဆုံးဖြတ်ချက် ချတာတို့ ဖြစ်လာနိုင်လားခင်ဗျ ။

ဖြေ ။ ။ " ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး ။ ဒါပေမဲ့ ကြေညာချက် တစုံတခုလောက်တော့ မျှော်လင့်လို့ရတာပေ့ါ။ ကြေညာချက်လောက်နဲ့ ပီးကောင်းလည်း ပြီးသွားနိုင်တယ်။ ကြေညာချက်လောက်နဲ့ကျတော့ ဘာမှ များများစားစား လုပ်လို့လည်း မရဘူးလေ။ ဘာလို့လည်းဆိုတော့ ဒီနေ့ဒီချိန်မှာ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံထဲမှာ ရုရှားက ရှိတယ်။ ရုရှားသမ္မတပူတင်နဲ့ မင်းအောင်လှိုင်နဲ့က မကြာသေးခင်ကမှ တွေ့ထားကြတာလေ။ တခုခု ပြင်းပြင်းထန်ထန် ဆုံးဖြတ်ဖို့ တခြားနိုင်ငံတွေက တင်ပြလာရင်တောင်မှ ရုရှားက ဗီတိုအာဏာသုံး ပယ်မှာပဲလေ။ အဲဒီပေါ်မူတည်ပြီး သိပ် မမျှော်လင့်တာပါ။ "

နိုလင်းဟေဇာဟာ အခုလို ကုလ လုံခြုံရေးကောင်စီမှာ အစီရင်ခံစာ မတင်သွင်းခင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့် မရခဲ့ပါဘူးခင်ဗျား။

XS
SM
MD
LG