သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း






{{Zawgyi/Unicode}}






တိုက်ရိုက် လင့်ခ်

.......................................................

လူ့အခွင့်အရေးမဟာမင်းကြီး ဘင်္ဂလာဒေ့ရှ် ဆိုက်ရောက်

{{Zawgyi/Unicode}}
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ဟာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆိုက်ရောက်သွားပါပြီ။ သူမရဲ့ ၄ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တသန်းနီးပါး ခိုလှုံနေရာ ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေ အတွင်း ၂၀၁၇ ခုနှစ်မှာ မွတ်ဆလင် အများစု ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပြီး ဒီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ တရားရုံးမှာ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက် အမှုနဲ့လည်း ဆက်လက် ရင်ဆိုင်နေရတာပါ။

အခု ၅ နှစ် ကြာလာချိန်ထိ ဒုက္ခသည်တွေကတော့ သူတို့ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အရေး အာမခံချက် မရဘဲ နေရပ်ရင်းကို ပြန်ဖို့ ငြင်းဆိုနေဆဲ ဖြစ်တာကြောင့် လက်ခံထားရတဲ့ ဘင်္ဂလားဒေရှ့်ဘက်က စိတ်ရှည်သည်းခံမှု လျော့လာနေပါတယ်။

တချိန်တည်းမှာဘဲ ဝန်ကြီးချုပ် Sheikh Hasian ရဲ့ လက်ထက်မှာ နိုင်ငံတွင်း လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ဝေဖန်ခံနေရတာပါ။ အခု ခရီးစဉ် အတွင်းမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးလည်း ဝန်ကြီးချုပ်၊ နောက် နိုင်ငံတွင်းက တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ တရားဥပဒေနဲ့ မညီတဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အဓမ္မ အစေဖျောက်ခံရမှုတွေ အပါအဝင် ဆိုးရွားလှတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းရေး ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး အနေနဲ့ လူသိရှင်ကြား တောင်းဆိုဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW အပါအဝင် အဖွဲ့အစည်း ၉ ခုက တောင်းဆိုထားပါတယ်။

ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့် အထူး ရဲတပ်ဖွဲ့၊ ရဲချုပ် အပါအဝင် ထိပ်တန်း လုံခြုံရေး တာဝန်ရှိသူ ၇ ဦးတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာဘဲ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။

XS
SM
MD
LG