သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ လူ႔အခြင့္အေရးမဟာမင္းႀကီး ဘဂၤလားေဒ့ရွ္သြားမည္


UN High Commissioner for Human Rights, Michelle Bachelet

ကုလသမဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet ေရွ႕သီတင္းပတ္ထဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အလည္အပတ္လာေရာက္မွာ ျဖစ္ပါတယ္။ ႏိုင္ငံတြင္းခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာႏိုင္ငံျပန္ပို႔ေရး ႏိုင္ငံတကာရဲ႕အကူအညီေတြ ဘဂၤလားေဒ့ရွ္က ဆက္ၿပီးေတာင္းဆို လိုက္တဲ့အခ်ိန္မွာပဲ မဟာမင္းႀကီး အခုလိုလာေရာက္မွာ ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏို္င္ငံတြင္းက လူနည္းစု ဟိႏၵဴနဲ႔ဗုဒၶဘာသာေတြအျပင္ သူတို႔ရဲ႕ ဘာသာေရးအေဆာက္အအုံေတြ တိုက္ခိုက္ဖ်က္ဆီးခံေနရတယ္ဆိုတဲ့ စြပ္စြဲေျပာဆိုမႈေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနပါတယ္။

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina ရဲ႕ အစိုးရဝန္ႀကီးေဟာင္း Hasanul Huq Inu ကိုယ္တိုင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲက ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဘာသာေရးအေဆာက္အအုံေတြ အႀကိမ္ႀကိမ္ တိုက္ခိုက္ခံေနရတာေၾကာင့္ ႏိုင္ငံရဲ႕ဘာသာေရးဆိုင္ရာ ပုံရိပ္ေတြ ထိခိုက္ႏိုင္ေျခရွိေနၿပီလို႔ The Week သတင္းဌာနနဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာဆိုသြားပါတယ္။ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြရဲ ႔ဒဏ္နဲ႔ အမ်ားဆုံးႀကဳံေတြ႔ေနရတဲ့အထဲမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံလည္း ပါဝင္ပါတယ္။ ဒီမိုကေရစီေရးလိုလားတဲ့အုပ္စုေတြနဲ႔ အာဏာသိမ္းစစ္ေကာင္စီတို႔ၾကား ဆက္တိုက္ေပၚေပါက္ေနတဲ့ ျပည္တြင္းစစ္ပြဲေတြေၾကာင့္ သတ္ျဖတ္မႈေတြ ဆက္ၿပီးၾကားေနရပါတယ္။

အခုလာမယ့္ ခရီးစဥ္ဟာ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet ရဲ႕ လတ္တေလာႏွစ္ေတြအတြင္း ဘဂၤလားေဒ့ရွ္ကို ပထမဆုံး လာေရာက္တဲ့ ခရီးစဥ္လည္းျဖစ္ပါတယ္။ ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတဲ့အခ်ိန္ ႏိုင္ငံ့စီးပြါးေရး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ေရာ၊ ႐ိုဟင္ဂ်ာအေရးအပါအဝင္ လူေတြရဲ႕ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအတြက္ မဟာမင္းႀကီးရဲ႕ခရီးစဥ္က အေရးႀကီးေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

===Unicode ===

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ရှေ့သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်အပတ်လာရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတွင်းခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေး နိုင်ငံတကာရဲ့အကူအညီတွေ ဘင်္ဂလားဒေ့ရှ်က ဆက်ပြီးတောင်းဆို လိုက်တဲ့အချိန်မှာပဲ မဟာမင်းကြီး အခုလိုလာရောက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက လူနည်းစု ဟိန္ဒူနဲ့ဗုဒ္ဓဘာသာတွေအပြင် သူတို့ရဲ့ ဘာသာရေးအဆောက်အအုံတွေ တိုက်ခိုက်ဖျက်ဆီးခံနေရတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရဲ့ အစိုးရဝန်ကြီးဟောင်း Hasanul Huq Inu ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အအုံတွေ အကြိမ်ကြိမ် တိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံရဲ့ဘာသာရေးဆိုင်ရာ ပုံရိပ်တွေ ထိခိုက်နိုင်ခြေရှိနေပြီလို့ The Week သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ဒဏ်နဲ့ အများဆုံးကြုံတွေ့နေရတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီရေးလိုလားတဲ့အုပ်စုတွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဆက်တိုက်ပေါ်ပေါက်နေတဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် သတ်ဖြတ်မှုတွေ ဆက်ပြီးကြားနေရပါတယ်။

အခုလာမယ့် ခရီးစဉ်ဟာ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ရဲ့ လတ်တလောနှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်ကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့အချိန် နိုင်ငံ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော၊ ရိုဟင်ဂျာအရေးအပါအဝင် လူတွေရဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မဟာမင်းကြီးရဲ့ခရီးစဉ်က အရေးကြီးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG