သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်မည်


ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet

[[ ZAWGYI / UNICODE ]]

ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်မည်

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ရဲ့ ရှေ့သီတင်းပတ်ထဲ သွားမယ့် ပထမဆုံးအကြိမ် ဘင်္ဂလားဒေရှ့် ခရီးစဉ်အတွင်း ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရှေ့သီတင်းပတ် တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့ထိ ခရီးစဉ် သွားမယ့် အကြောင်း မဟာမင်းကြီးရုံးက သောကြာနေ့မှာ ကြေညာပါတယ်။

ဒီလကုန်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး သက်တမ်းကုန်ဆုံးတော့မယ့် ချီလီ သမ္မတဟောင်း Michelle Bachelet ရဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ်ဟာဆိုရင် ကုလသမဂ္ဂ မဟာမင်းကြီးအဖြစ် နောက်ဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာ ခရီးစဉ် အတွင်းမှာတော့ ဝန်ကြီးချုပ် Sheikh Hasian နဲ့ တခြားသော ဝန်ကြီးတွေနဲ့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

လူ့အခွင့်အရေး မဟာမင်းကြီးက ကောဇ်ဘဇားကိုလည်း သွားရောက်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်ရာ စခန်းတွေကို သွားရောက်မှာ ဖြစ်ပြီး ဒုက္ခသည်တွေ၊ တာဝန်ရှိသူ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့လည်း မဟာမင်းကြီးရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဟာ အခု လအတွင်း ၅ နှစ် ပြည့်မြောက်ချိန်နဲ့လည်း လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ခရီးစဉ် တိုက်ဆိုင်နေပါတယ်။

ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်မည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}





XS
SM
MD
LG