သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေခါင္းေဆာင္ ၂ ဦး ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ ပစ္သတ္ခံရ


(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းတခုက ႐ိုဟင္ဂ်ာအရပ္ဖက္ေခါင္းေဆာင္ ၂ ေယာက္ ေသနတ္နဲ႔ ပစ္ခံရၿပီးေသဆုံးသြားတယ္လို႔ ဘဂၤလာေဒ့ရွ္ရဲတို႔က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။ ဒါဟာ ဒုကၡသည္စခန္းအတြင္း အသတ္ခံရတဲ့ ေနာက္ဆုံးျဖစ္ရပ္တခု လည္းျဖစ္ပါတယ္။

အသက္ ၄၀ အ႐ြယ္ Syed Hossain နဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ Abu Taleb တို႔ ၂ ဦးကို ညသန္းေခါင္ေလာက္အခ်ိန္မွာ ပစ္ခတ္ခဲ့တဲ့ ႐ိုဟင္ဂ်ာေသနတ္သမား ၈ ေယာက္ေလာက္က ပစ္ခတ္သြားတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ ေျပာခြင့္ရ Kamran Hossain ကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပပါတယ္။ အပစ္ခံရသူ ၂ ေယာက္စလုံး ေဆး႐ုံအေရာက္မွာပဲ ေသဆုံးသြားသလို သံသယရွိသူေတြကို လိုက္လံရွာေဖြေနၿပီး စခန္းလုံၿခဳံေရးကိုလည္း တိုးျမႇင့္ထားတယ္လို႔ ေျပာပါတယ္။

သံသယရွိသူေတြရဲ႕နာမည္ကိုေတာ့ ရဲတို႔က ထုတ္မေျပာပါဘူး။ ရခိုင္ျပည္နယ္အေနာက္ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ လႈပ္ရွားေနတဲ့ ARSA ႐ိုဟင္ဂ်ာလက္နက္ကိုင္အဖြဲ႕ရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ နာမည္မေဖာ္လိုတဲ့ ႐ိုဟင္ဂ်ာတဦးက AFP သတင္းဌာနကိုေျပာပါတယ္။ ၿပီးခဲ့တဲ့ ၃ လအတြင္း ႐ိုဟင္ဂ်ာေခါင္းေဆာင္ ၃ ဦးအပါအဝင္ လူ ၅ ဦး ထက္မနည္းအသတ္ခံရတဲ့ကိစၥမွာလည္း ARSA လက္ခ်က္အျဖစ္ ျပစ္တင္ေျပာဆိုေနၾကတယ္လို႔ လုံၿခဳံေရးအရ နာမည္မေဖာ္လိုတဲ့ ႐ိုဟင္ဂ်ာ ၂ ေယာက္ကေျပာပါတယ္။

အေမရိကန္သမၼတ အိမ္ျဖဴေတာ္ကို လာေရာက္ခဲ့တဲ့ ႐ိုဟင္ဂ်ာ အရပ္ဖက္ေခါင္းေဆာင္ Mohib Ullah မႏွစ္စက္တင္ဘာလမွာ အသတ္ခံခဲ့ရၿပီးတဲ့ေနာက္ ARSA လက္နက္ကိုင္အဖြဲ႕ကို ဘဂၤလားေဒ့ရွ္အစိုးရက ႏွိမ္ႏွင္းလာတာပါ။ Mohib Ullah သတ္ျဖတ္မႈနဲ႔ဆက္စပ္ၿပီး ႐ိုဟင္ဂ်ာ ၂၉ ဦးကိုလည္း ဘဂၤလာေဒ့ရွ္ရဲတု႔ိက ဖမ္းဆီးတရားစြဲဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ပစ်သတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတခုက ရိုဟင်ဂျာအရပ်ဖက်ခေါင်းဆောင် ၂ ယောက် သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဘင်္ဂလာဒေ့ရှ်ရဲတို့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါဟာ ဒုက္ခသည်စခန်းအတွင်း အသတ်ခံရတဲ့ နောက်ဆုံးဖြစ်ရပ်တခု လည်းဖြစ်ပါတယ်။

အသက် ၄၀ အရွယ် Syed Hossain နဲ့ အသက် ၃၅ နှစ်အရွယ် Abu Taleb တို့ ၂ ဦးကို ညသန်းခေါင်လောက်အချိန်မှာ ပစ်ခတ်ခဲ့တဲ့ ရိုဟင်ဂျာသေနတ်သမား ၈ ယောက်လောက်က ပစ်ခတ်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ Kamran Hossain ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ အပစ်ခံရသူ ၂ ယောက်စလုံး ဆေးရုံအရောက်မှာပဲ သေဆုံးသွားသလို သံသယရှိသူတွေကို လိုက်လံရှာဖွေနေပြီး စခန်းလုံခြုံရေးကိုလည်း တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။

သံသယရှိသူတွေရဲ့နာမည်ကိုတော့ ရဲတို့က ထုတ်မပြောပါဘူး။ ရခိုင်ပြည်နယ်အနောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ လှုပ်ရှားနေတဲ့ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ နာမည်မဖော်လိုတဲ့ ရိုဟင်ဂျာတဦးက AFP သတင်းဌာနကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၃ လအတွင်း ရိုဟင်ဂျာခေါင်းဆောင် ၃ ဦးအပါအဝင် လူ ၅ ဦး ထက်မနည်း အသတ်ခံရတဲ့ကိစ္စမှာလည်း ARSA လက်ချက်အဖြစ် ပြစ်တင်ပြောဆိုနေကြတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ရိုဟင်ဂျာ ၂ ယောက်ကပြောပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကို လာရောက်ခဲ့တဲ့ ရိုဟင်ဂျာ အရပ်ဖက်ခေါင်းဆောင် Mohib Ullah မနှစ်စက်တင်ဘာလမှာ အသတ်ခံခဲ့ရပြီးတဲ့နောက် ARSA လက်နက်ကိုင်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက နှိမ်နှင်းလာတာပါ။ Mohib Ullah သတ်ဖြတ်မှုနဲ့ဆက်စပ်ပြီး ရိုဟင်ဂျာ ၂၉ ဦးကိုလည်း ဘင်္ဂလာဒေ့ရှ်ရဲတု့ိက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

XS
SM
MD
LG