သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ ဥပဒေကြောင်းအရ ဆက်လက်ခုခံသွားမယ်လို့ စစ်ကောင်စီတုန့်ပြန်


Home made air-guns which the military says were confiscated from protesters are displayed during the military junta's information ministry press conference in Naypyitaw, Myanmar, March 23, 2021. REUTERS/Stringer
Home made air-guns which the military says were confiscated from protesters are displayed during the military junta's information ministry press conference in Naypyitaw, Myanmar, March 23, 2021. REUTERS/Stringer

(zawgyi/unicode)

မြန်မာကို ဂမ်ဘီယာက နိုင်ငံတကာတရားရုံး - အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှု အပေါ် တရားရုံးက ဆက်လက်ကြားနာဖို့ ဆုံးဖြတ်တဲ့ အပေါ် ဥပဒေကြောင်းအရ ဆက်လက်ခုခံချေပ သွားမယ်လို့ စစ်ကောင်စီဘက်ကပြောဆိုလိုက်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်အပေါ် တစုံတရာဝေဖန်မှုမလုပ်တဲ့အပြင် တရားရုံးဆုံးဖြတ်ချက်က စစ်ကောင်စီရပ်တည်ချက်ကို လက်ခံအသိအမှတ်ပြုတာဖြစ်တယ်လို့ ယူဆတဲ့ အကြောင်းစစ်ကောင်စီဘက်ကပြောပါတယ်။ ICJ အဆုံးအဖြတ်အပေါ် စစ်ကောင်စီရဲ့ တုန့်ပြန်ချက်ကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာက တင်ပြထားတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်ပြီး လက်ခံကြားနာခြင်းမပြုဖို့၊ မြန်မာနိုင်ငံဖက်က ကန့်ကွက်ချက်ကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီနေ့ ဇူလိုင် ၂၂ မှာ ပယ်ချ ခဲ့တာပါ။ ဒီအပေါ်စစ်ကောင်စီဘက်က ဥပဒေကြောင်းအရ ဆက်လက်ခုခံချေပ သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ICJ ဟာနိုင်ငံတကာဥပဒေတွေနဲ့အညီ တရားမျှတမှုကို မှတ်ကျောက်တင်ပြီးကမ္ဘာကိုပြနိုင်လိမ့်မယ်လို့ ယူဆခဲ့တယ်။ သို့သော်ပထမအကြိမ်မှာတော့ ကျနော်တို့ပယ်ချခံရတာပေါ့။ နောင်မှာတော့နိုင်ငံတကာတ ရားစီရင်ရေးစနစ်မှာ ဒီဟာသည်နိုင်ငံတကာစီရင်ထုံးတခုအနေနဲ့ ကျန်ခဲ့မှာဖြစ်ပါတယ်။ နိုင်ငံတကာကို လည်းသက်ရောက်မယ့်ဟာဖြစ်ပါတယ်။ ဒီအပေါ်မှာကျနော်တို့က နိုင်ငံတကာဥပဒေတွေနဲ့ ဆက်လက် ဆောင်ရွက်ရမယ့်အနေအထားမျိုးရှိတယ်။ နိုင်ငံတကာဥပဒေတွေအရ တရားမျှတမှုမှတ်ကျောက်ကို သူတို့အနေနဲ့ ကမ္ဘာကိုပြနိုင်မယ်လို့ ဆက်လက်ယူဆထားဆဲဖြစ်ပါတယ်။”

ဒီအပြင် အိုင်စီဂျေ အနေနဲ့ နိုင်ငံတကာ တရားဥပဒေကို အဓိက ကိုင်တွယ်ဆုံးဖြတ်ရတဲ့ အဖွဲ့အစည်းဖြစ် တာ နဲ့အညီ မှန်ကန်တဲ့ မှတ်ကျောက်တင်ခံနိုင်လိမ့်မယ်လို့ ဆက်လက်မျှော်လင့်ကြောင်းနဲ့ ကုလသမဂ္ဂရဲ့ အဓိက အဖွဲ့အစည်း ၆ခုမှာ အိုင်စီဂျေဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖွဲ့အနေနဲ့ လက်ခံ ဆောင်ရွက်ခဲ့တာကလည်း မြန်မာအစိုးရအဖြစ်အသိအမှတ်ပြုတာဆိုပြီး ရှုမြင်ကြောင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောပါတယ်။

အိုင်စီဂျေ ဆုံးဖြတ်ချက်က စစ်တပ်ကြီးစိုးထားတဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတစုံတရာရှိနိုင်မယ် လို့ လေ့လာသုံးသပ်သူတွေက မြင်နေကြတဲ့ အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ခုလိုတုံပြန်ပြောဆို ခဲ့ပါတယ်။

“နောက်လုပ်စရာတွေအများကြီးရှိပါသေးတယ်ဗျ။ ဒါက ပထမဆုံးအကြိမ်ပါ။ ဒါပထမဆုံးအကြိမ် ဆုံး ဖြတ်ချက်ဘဲရှိပါသေးတယ်။”


ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာက တင်ပြထားတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်ပြီး လက်ခံကြားနာခြင်းမပြုဖို့၊ မြန်မာနိုင်ငံဖက်က ကန့်ကွက်ထားတဲ့ အချက် လေးချက်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ် နယ်မြေရှင်းလင်းစဉ် ရိုဟင်ဂျာ မွတ်ဆလင် တွေအပေါ် ကျူးလွန်ခဲ့တာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တယ်ဆိုပြီး Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်က တရားစွဲခဲ့ပါတယ်။ Netherlands နိုင်ငံ The Hague မြို့မှာ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ အမှုကို စတင်ကြားနာခဲ့ချိန်က အမှုစစ်ဆေးနေချိန်ကာလအတွင်း ရိုဟင်ဂျာတွေအပေါ် နောက်ထပ်ကျူးလွန်မှုတွေ မလုပ်အောင် တရားရုံးက တားမြစ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက လျှောက် ထားခဲ့တာမှာ မြန်မာနိုင်ငံ လိုက်နာရမယ့် ယာယီတားမြစ်မိန့် ဆုံးဖြတ်ချက်ကို တရားရုံးက ဆုံးဖြတ် ပေးခဲ့ပါတာရှိပါတယ်။

(Unicode)










XS
SM
MD
LG