သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡသည္စခန္းတြင္း Mohib Ullah အသတ္ခံရမႈ ႐ိုဟင္ဂ်ာ ၂၉ ဦး ကို ဘဂၤလာရဲ တရားစဲြ


႐ိုဟင္ဂ်ာေခါင္းေဆာင္ မူဟစ္အူလာအသတ္ခံခဲ့ရတဲ့ အုပ္ခ်ဳပ္ေရး႐ံုးအနီး လံုၿခံဳေရးခ်ထားစဥ္။

ဘဂၤလားေဒ့ရွ္နယ္စပ္ ကုတုပေလာင္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းမွာ ၂၀၂၁ ခု၊ စက္တင္ဘာလထဲ ေသနတ္နဲ႔ အပစ္ခံရလို႔ ေသဆုံးသြားတဲ့ ႐ိုဟင္ဂ်ာ ပရဟိတေခါင္းေဆာင္ Mohib Ullah ကို သတ္ျဖတ္မႈနဲ႔ပတ္သက္လို႔ အနည္းဆုံး ႐ိုဟင္ဂ်ာ(၂၉)ဦးကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႔က တရားစဲြဆို လိုက္တယ္လို႔ အစိုးရ ေရွ႕ေနက ေျပာပါတယ္။

Zawgyi/ Unicode

ဒုကၡသည္စခန္းတြင္း Mohib Ullah အသတ္ခံရမႈ ႐ိုဟင္ဂ်ာ ၂၉ ဦး ကို ဘဂၤလာရဲ တရားစဲြ

ဘဂၤလားေဒ့ရွ္နယ္စပ္ ကုတုပေလာင္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းမွာ ၂၀၂၁ ခု၊ စက္တင္ဘာလထဲ ေသနတ္နဲ႔ အပစ္ခံရလို႔ ေသဆုံးသြားတဲ့ ႐ိုဟင္ဂ်ာ ပရဟိတေခါင္းေဆာင္ Mohib Ullah ကို သတ္ျဖတ္မႈနဲ႔ပတ္သက္လို႔ အနည္းဆုံး ႐ိုဟင္ဂ်ာ(၂၉)ဦးကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႔က တရားစဲြဆို လိုက္တယ္လို႔ အစိုးရ ေရွ႕ေနက ေျပာပါတယ္။

Mohib Ullah ကို သတ္သြားသူေတြဟာ ARSA လို႔ ေခၚတဲ့ အာရကန္႐ုိဟင္ဂ်ာ ကယ္တင္ေရးတပ္က အဖြဲ႔ဝင္ေတြ ျဖစ္တယ္လို႔ မိသားစုဝင္ေတြက စြပ္စဲြ ထားပါတယ္။ ARSA အဖြဲ႔ဟာ မူးယစ္ေမွာင္ခိုမႈ၊ ႏိုင္ငံေရး အတိုက္အခံေတြကို သတ္ျဖတ္မႈ လုပ္ေနတယ္လို႔ စြပ္စြဲ ခံေနရၿပီး စခန္းတြင္း အေၾကာက္တရားရွိေအာင္ လုပ္ေနတဲ့အဖြဲ႔လို႔ ေျပာဆိုခံေနရတာပါ။

သံသယရွိသူ ႐ိုဟင္ဂ်ာ(၂၉)ဦးနဲ႔ ပတ္သက္လို႔ ရဲ ရဲ႕ စုံစမ္းစစ္ေဆးမႈေတြ ၿပီးစီးသြားၿပီမို႔ ၊ သူတို႔ကို ရဲက တရားစဲြဆိုလိုက္တာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ အစိုးရေရွ႕ေန Faridul Alam က တနလၤာေန႔မွာ AFP ကိုေျပာပါတယ္။

အဆိုပါ ႐ိုဟင္ဂ်ာ(၂၉)ဦးထဲမွာ (၁၅)ဦးကိုသာ ရဲက ဖမ္းမိထားၿပီး က်န္(၁၄)ဦး ကေတာ ထြက္ေျပးလြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။ ဖမ္းထားသူေတြထဲက (၄)ဦးကေတာ့ Mohib Ullah ကို လုပ္ၾကံရာမွာ သူတို႔ပါဝင္ခဲ့တဲ့ က႑နဲ႔ပတ္သက္လို႔ ေျဖာင့္ခ်က္ေပးၾကတယ္လို႔ ေရွ႕ေန Alam က ေျပာပါတယ္။

ဒီလူသတ္မႈမွာ ARSA အဖြဲ႔က တာဝန္ရွိတယ္လို႔ ရဲက အတိအက် ေဖၚထုတ္ႏိုင္တာမ်ဳိး မရွိေသးေပမဲ့ ၊ ႐ိုဟင္ဂ်ာေတြကို ျမန္မာျပည္ျပန္ပို႔မယ့္ အစီအစဥ္ကို ဆန္႔က်င္ၾကသူေတြက Mohib Ullah ကို သတ္ခဲ့တာလို႔ ဘဂၤလားေဒ့ရွ္ ရဲက ေျပာပါတယ္။ အဲဒီလို လူေတြထဲက တခ်ဳိ႕ဟာ ARSA အဖြဲ႔ဝင္ေတြ ျဖစ္တယ္လို႔ ရဲက ေျပာပါတယ္။ Mohib Ullah ကိုသတ္တဲ့အမႈမွာ သူတို႔ ပါဝင္ပတ္သက္ျခင္း မရွိဘူးလို႔ ARSA အဖြဲ႔က ျငင္းဆိုထားပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

ဒုက္ခသည်စခန်းတွင်း Mohib Ullah အသတ်ခံရမှု ရိုဟင်ဂျာ ၂၉ ဦး ကို ဘင်္ဂလာရဲ တရားစွဲ

ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ၂၀၂၁ ခု၊ စက်တင်ဘာလထဲ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ပရဟိတခေါင်းဆောင် Mohib Ullah ကို သတ်ဖြတ်မှုနဲ့ပတ်သက်လို့ အနည်းဆုံး ရိုဟင်ဂျာ(၂၉)ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က တရားစွဲဆို လိုက်တယ်လို့ အစိုးရ ရှေ့နေက ပြောပါတယ်။

Mohib Ullah ကို သတ်သွားသူတွေဟာ ARSA လို့ ခေါ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်က အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ မိသားစုဝင်တွေက စွပ်စွဲ ထားပါတယ်။ ARSA အဖွဲ့ဟာ မူးယစ်မှောင်ခိုမှု၊ နိုင်ငံရေး အတိုက်အခံတွေကို သတ်ဖြတ်မှု လုပ်နေတယ်လို့ စွပ်စွဲ ခံနေရပြီး စခန်းတွင်း အကြောက်တရားရှိအောင် လုပ်နေတဲ့အဖွဲ့လို့ ပြောဆိုခံနေရတာပါ။

သံသယရှိသူ ရိုဟင်ဂျာ(၂၉)ဦးနဲ့ ပတ်သက်လို့ ရဲ ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးသွားပြီမို့ ၊ သူတို့ကို ရဲက တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရရှေ့နေ Faridul Alam က တနင်္လာနေ့မှာ AFP ကိုပြောပါတယ်။

အဆိုပါ ရိုဟင်ဂျာ(၂၉)ဦးထဲမှာ (၁၅)ဦးကိုသာ ရဲက ဖမ်းမိထားပြီး ကျန်(၁၄)ဦး ကတော ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ဖမ်းထားသူတွေထဲက (၄)ဦးကတော့ Mohib Ullah ကို လုပ်ကြံရာမှာ သူတို့ပါဝင်ခဲ့တဲ့ ကဏ္ဍနဲ့ပတ်သက်လို့ ဖြောင့်ချက်ပေးကြတယ်လို့ ရှေ့နေ Alam က ပြောပါတယ်။

ဒီလူသတ်မှုမှာ ARSA အဖွဲ့က တာဝန်ရှိတယ်လို့ ရဲက အတိအကျ ဖေါ်ထုတ်နိုင်တာမျိုး မရှိသေးပေမဲ့ ၊ ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့မယ့် အစီအစဉ်ကို ဆန့်ကျင်ကြသူတွေက Mohib Ullah ကို သတ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် ရဲက ပြောပါတယ်။ အဲဒီလို လူတွေထဲက တချို့ဟာ ARSA အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ Mohib Ullah ကိုသတ်တဲ့အမှုမှာ သူတို့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ARSA အဖွဲ့က ငြင်းဆိုထားပါတယ်။

XS
SM
MD
LG