သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မြတ္စလင္ေခါင္းေဆာင္တဦးကို Mohib Ullah အေပၚ သတ္မိန္႔ထုတ္မႈနဲ႔ ဘဂၤလားရဲ ဖမ္းဆီး


အသတ္ခံလုိက္ရတဲ့ ႐ုိဟင္ဂ်ာ အရပ္ဘက္ေခါင္းေဆာင္ Mohib Ullah. (ဇူလုိင္ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

မႏွစ္တုန္းက ျမန္မာနယ္စပ္အနီးမွာ ထင္ရွားတဲ့ ႐ုိဟင္ဂ်ာအေရး လုပ္ေဆာင္သူတဦးကုိ ကြပ္မ်က္ဖို႔ Fatwa ေခၚ အမိန္႔ျပန္တမ္း ထုတ္ေပးခဲ့တယ္ဆုိတဲ့ ၾသဇာႀကီးမားသူ အစၥလာမ္ ဘာသာေရးေခါင္းေဆာင္တဦးကို ဖမ္းဆီးေၾကာင္း တနဂၤေႏြေန႔မွာ ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔က ေၾကညာလုိက္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္မႈေၾကာင့္ ထြက္ေျပးလာၾကတဲ့ ႐ုိဟင္ဂ်ာေတြရဲ႕ အရပ္ဘက္ေခါင္းေဆာင္ Mohib Ullah အသတ္ခံရတဲ့အတြက္ ဒုကၡသည္ေတြအၾကား ထိတ္လန္႔ဖြယ္ရာ ျဖစ္ခဲ့ပါတယ္။

Mohib Ullah ရဲ႕ မိသားစုကေတာ့ ဒါဟာ မူးယစ္ေဆး ေမွာင္ခုိမႈနဲ႔ စခန္းတြင္း ရာဇဝတ္မႈေတြ က်ဴးလြန္ေနတဲ့ ျမန္မာျပည္ အေနာက္ဘက္ျခမ္းက ARSA ေသာင္းၾကမ္းသူအဖြဲ႔ လက္ခ်က္ျဖစ္တယ္လို႔ ဆုိထားတာပါ။

Mohib Ullah ကုိသတ္ဖို႔ Fatwa အမိန္႔ထုတ္ျပန္ခဲ့တဲ့ ေမာ္လဝီ Zokoria ဟာ ARSA အဖြဲ႔နဲ႔ ဆက္ႏႊယ္ေနတဲ့ Ulema Council ရဲ႕ အႀကီးအကဲ ျဖစ္တယ္လို႔လည္း ရဲက ယူဆထားတာပါ။

႐ိုဟင္ဂ်ာအမ်ားစုဟာ ေရွး႐ုိးစြဲ မြတ္စလင္ေတြ ျဖစ္ၾကၿပီး ARSA ဟာ Ulema Council ကတဆင့္ သူတို႔အေပၚ ဘာသာေရးအရ လႊမ္းမုိးမႈ ရွိေနတယ္လို႔ Daily Mail.com မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မွတ်စလင်ခေါင်းဆောင်တဦးကို Mohib Ullah အပေါ် သတ်မိန့်ထုတ်မှုနဲ့ ဘင်္ဂလားရဲ ဖမ်းဆီး

မနှစ်တုန်းက မြန်မာနယ်စပ်အနီးမှာ ထင်ရှားတဲ့ ရိုဟင်ဂျာအရေး လုပ်ဆောင်သူတဦးကို ကွပ်မျက်ဖို့ Fatwa ခေါ် အမိန့်ပြန်တမ်း ထုတ်ပေးခဲ့တယ်ဆိုတဲ့ သြဇာကြီးမားသူ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးကို ဖမ်းဆီးကြောင်း တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ကြေညာလိုက်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေရဲ့ အရပ်ဘက်ခေါင်းဆောင် Mohib Ullah အသတ်ခံရတဲ့အတွက် ဒုက္ခသည်တွေအကြား ထိတ်လန့်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

Mohib Ullah ရဲ့ မိသားစုကတော့ ဒါဟာ မူးယစ်ဆေး မှောင်ခိုမှုနဲ့ စခန်းတွင်း ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာပြည် အနောက်ဘက်ခြမ်းက ARSA သောင်းကြမ်းသူအဖွဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုထားတာပါ။

Mohib Ullah ကိုသတ်ဖို့ Fatwa အမိန့်ထုတ်ပြန်ခဲ့တဲ့ မော်လဝီ Zokoria ဟာ ARSA အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ Ulema Council ရဲ့ အကြီးအကဲ ဖြစ်တယ်လို့လည်း ရဲက ယူဆထားတာပါ။

ရိုဟင်ဂျာအများစုဟာ ရှေးရိုးစွဲ မွတ်စလင်တွေ ဖြစ်ကြပြီး ARSA ဟာ Ulema Council ကတဆင့် သူတို့အပေါ် ဘာသာရေးအရ လွှမ်းမိုးမှု ရှိနေတယ်လို့ Daily Mail.com မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG