(Zawgyi / Unicode)
ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာ ေခါင္းေဆာင္တဦးျဖစ္တဲ့ Mohib Ullah ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အသတ္ခံခဲ့ရၿပီးေနာက္ပိုင္း ဒီဒုကၡသည္စခန္းေတြမွာ ရဲေတြက ဝင္ေရာက္ရွာေဖြ ဖမ္းဆီးမႈေတြ လုပ္ေနတာျဖစ္ၿပီး အခုခ်ိန္ထိ ရဲကဖမ္းထားသူ အနည္းဆံုး ၁၆ ဦးရွိၿပီလို႔ ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။
႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရး အပါအဝင္ ႐ိုဟင္ဂ်ာေတြ အခြင့္အေရးအတြက္ ဦးေဆာင္လႈပ္ရွားေနသူ ARSPH ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္ ႐ိုဟင္ဂ်ာအဖြဲ႔အစည္းရဲ႕ ဥကၠ႒ျဖစ္သူ Mohib Ullah ဟာ ကုတုပေလာင္ ဒုကၡသည္စခန္းက သူ႔႐ုံးခန္းအျပင္ဘက္မွာ လြန္ခဲ့တဲ့ ၁၀ ရက္တုန္းက အမည္မသိ ေသနတ္သမားေတြရဲ႕ ပစ္ခတ္ သတ္ျဖတ္တာကို ခံခဲ့ရတာပါ။
ပစ္ခတ္သူဟာ ARSA ႐ိုဟင္ဂ်ာအစြန္းေရာက္အဖြဲ႔က ျဖစ္ေၾကာင္း သူ႔မိသားစုနဲ႔ တျခား ႐ိုဟင္ဂ်ာေခါင္းေဆာင္ေတြက ေျပာပါတယ္။ ARSA အဖြဲ႔ကေတာ့ ႐ိုဟင္ဂ်ာေခါင္းေဆာင္ အသတ္ခံရတာအတြက္ တုန္လႈပ္ဝမ္းနည္းေၾကာင္းနဲ႔ သူတို႔အေပၚ စြပ္စြဲမႈဟာ အေျခအျမစ္မရွိဘူးလို႔ တုံ႔ျပန္ခဲ့တာပါ။
ရခိုင္ျပည္နယ္က နယ္ျခားေစာင့္ ကင္းစခန္းတခ်ိဳ႕ကို ၂၀၁၇ တုန္းက ARSA အဖြဲ႔က တိုက္ခိုက္ခဲ့တာကို တုံ႔ျပန္တဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြေၾကာင့္ ေနာက္ဆက္တြဲ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ဒီဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာထားေပမယ့္ အခုခ်ိန္အထိေတာ့ ဘာမွ မလုပ္ေဆာင္ႏုိင္ေသးပါဘူး။
႐ိုဟင္ဂ်ာေခါင္းေဆာင္ Mohib Ullah အသတ္ျဖတ္ခံခဲ့ရတဲ့ ေနာက္ပိုင္း အထူးစစ္ဆင္ေရး အစိတ္အပိုင္းတခု အေနနဲ႔ လြန္ခဲ့တဲ့ ၃ ရက္အတြင္း ဒီစခန္းေတြမွာ စီးနင္းမႈေတြကေန ဖမ္းဆီးထားသူ ၁၆ ေယာက္ရွိေၾကာင္း ဒီအထူးစစ္ဆင္ေရးကို ႀကီးၾကပ္တဲ့ ရဲအရာရွိ Naimul Huq က ေျပာပါတယ္။ ဒါေပမယ့္ အခု ဖမ္းဆီးထားသူေတြဟာ ဦး Ullah အသတ္ခံရမႈနဲ႔ ပတ္သက္မႈမရွိသလို ဒီ ဒုကၡသည္စခန္းေတြမွာလည္း ARSA အဖြဲ႔ လႈပ္ရွားမႈမရွိဘူးလို႔လည္း ေျပာပါတယ္။
ဦး Ullah အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ဖမ္းဆီးထားသူ ၅ ဦးထဲက တဦးက က်ဴးလြန္ေၾကာင္း ဝန္ခံခဲ့တယ္လို႔ ေဒသသတင္းေတြမွာ ေဖာ္ျပပါတယ္။
--------------------------
(Unicode)
ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း စစ်သွေးကြွနှိမ်နင်းရေး ဖမ်းဆီးမှု ဆက်လုပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်တဲ့ Mohib Ullah ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အသတ်ခံခဲ့ရပြီးနောက်ပိုင်း ဒီဒုက္ခသည်စခန်းတွေမှာ ရဲတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပြီး အခုချိန်ထိ ရဲကဖမ်းထားသူ အနည်းဆုံး ၁၆ ဦးရှိပြီလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာတွေ အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Mohib Ullah ဟာ ကူတူးပါလောင် ဒုက္ခသည်စခန်းက သူ့ရုံးခန်းအပြင်ဘက်မှာ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ် သတ်ဖြတ်တာကို ခံခဲ့ရတာပါ။
ပစ်ခတ်သူဟာ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့က ဖြစ်ကြောင်း သူ့မိသားစုနဲ့ တခြား ရိုဟင်ဂျာခေါင်းဆောင်တွေက ပြောပါတယ်။ ARSA အဖွဲ့ကတော့ ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရတာအတွက် တုန်လှုပ်ဝမ်းနည်းကြောင်းနဲ့ သူတို့အပေါ် စွပ်စွဲမှုဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ခဲ့တာပါ။
ရခိုင်ပြည်နယ်က နယ်ခြားစောင့် ကင်းစခန်းတချို့ကို ၂၀၁၇ တုန်းက ARSA အဖွဲ့က တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့် အခုချိန်အထိတော့ ဘာမှ မလုပ်ဆောင်နိုင်သေးပါဘူး။
ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ်ဖြတ်ခံခဲ့ရတဲ့ နောက်ပိုင်း အထူးစစ်ဆင်ရေး အစိတ်အပိုင်းတခု အနေနဲ့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဒီစခန်းတွေမှာ စီးနင်းမှုတွေကနေ ဖမ်းဆီးထားသူ ၁၆ ယောက်ရှိကြောင်း ဒီအထူးစစ်ဆင်ရေးကို ကြီးကြပ်တဲ့ ရဲအရာရှိ Naimul Huq က ပြောပါတယ်။ ဒါပေမယ့် အခု ဖမ်းဆီးထားသူတွေဟာ ဦး Ullah အသတ်ခံရမှုနဲ့ ပတ်သက်မှုမရှိသလို ဒီ ဒုက္ခသည်စခန်းတွေမှာလည်း ARSA အဖွဲ့ လှုပ်ရှားမှုမရှိဘူးလို့လည်း ပြောပါတယ်။
ဦး Ullah အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖမ်းဆီးထားသူ ၅ ဦးထဲက တဦးက ကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ ဒေသသတင်းတွေမှာ ဖော်ပြပါတယ်။