သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုပ္ႀကံခံရတဲ့ ႐ိုဟင္ဂ်ာေခါင္းေဆာင္ နာေရးအခမ္းအနား လူ သိန္းခ်ီတက္ေရာက္


ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းမွာ အသတ္ခံရသူ ႐ိုဟင္ဂ်ာအေရးေခါင္းေဆာင္ Mohibullah ရဲ႕စ်ာပန။ (၀၉ ၊ ၃၀၊ ၂၀၂၁)

Zawgyi/Unicode

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းထဲက ႐ိုဟင္ဂ်ာေခါင္းေဆာင္တဦး လုပ္ႀကံသတ္ျဖတ္ခံလိုက္ရၿပီးတဲ့ေနာက္ ေကာ့ဇ္ဘဇားခ႐ိုင္က ဒုကၡသည္စခန္းအားလံုးကို ဘဂၤလားေဒ့ရွ္စစ္တပ္၊ ရဲတပ္ဖြဲ႔၊ စခန္းလုံျခံဳေရးတပ္ဖြဲ႔ေတြ အင္အားတိုးခ်ၿပီး စခန္းအဝင္အထြက္ တင္းၾကပ္ စစ္ေဆးေနပါတယ္။ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကေတာ့ အသက္အႏၲရာယ္ စိုးရိမ္ေနၾကတယ္လို႔ ေျပာပါတယ္။ အသတ္ခံလိုက္ရတဲ့ ႐ိုဟင္ဂ်ာေခါင္းေဆာင္ရဲ႕စ်ာပနကို ၾကာသပေတးေန႔ညေနပိုင္းမွာ က်င္းပၿပီး စခန္းအသီးသီးက ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းခ်ီ တက္ေရာက္ပါတယ္။ စ်ာပနအခမ္းအနား တက္ေရာက္ခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ကို မဆုမြန္က ဆက္သြယ္ေမးျမန္းတင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္းကေန ထြက္ေျပးတိမ္းေရွာင္လာတဲ့ ႐ိုဟင္ဂ်ာသိန္းနဲ႔ခ်ီ ခိုလံႈေနထိုင္ရာ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ကုတုပေလာင္ဒုကၡသည္စခန္းထဲမွာ အနီးကပ္ပစ္သတ္သြားတဲ့ ေသနတ္သမားေတြရဲ႕လက္ခ်က္နဲ႔ ARSPH ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္ ႐ိုဟင္ဂ်ာအဖြဲ႕အစည္းရဲ႕ ဥကၠ႒ ဦး Mohib Ullah အသက္ဆံုးခဲ့ရပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔ ညေန ၄နာရီခြဲမွာ ကုတုပေလာင္ဒုကၡသည္စခန္း၊ အမွတ္(၁) က သုႆန္မွာ ဦးမူဟစ္ဘူလာကို အစၥလာမ္ဘာသာ ထံုးတမ္းစဥ္လာနဲ႔အညီ ေျမျမွဳပ္သၿဂိဳဟ္ၿပီး လူ သိန္းခ်ီ တက္ေရာက္ခဲ့တယ္လို႔ နာေရးအခမ္းအနားကို ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္တဦးက ဗြီအိုေအကိုေျပာပါတယ္။

“စက္တင္ဘာ ၃၀ ညေန ၄ နာရီခြဲမွာ Arakan Rohingya Society for peace & Human Rights ရဲ႕ ဥကၠ႒ဆရာဦးမူဟစ္ဘူလာကို အသုဘခ်အစီအစဥ္ပါ။ လူေတြလည္း ေတာ္ေတာ္မ်ားမ်ား ဒုကၡသည္စခန္းတိုင္းကေန လာေရာက္စုေဝးေနၾကပါတယ္။ ေနာက္ ဘဂၤလားေဒ့ရွ္ရဲ႕ လုံၿခံဳေရးတပ္ေတြလည္း အမ်ားႀကီး အင္အားခ်ထားတာ ေတြ႔ေနရပါတယ္။ ရဲတပ္ဖြဲ႔ေရာ၊ စစ္တပ္ေရာ၊ တျခားလက္နက္ ကိုင္လုံၿခံဳေရးတပ္ေတြလည္း အမ်ားအျပားေရာက္ရွိေနတာေတြ႔ရပါတယ္။ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ဒီျဖစ္ရပ္အေပၚ အင္မတန္မွ ဝမ္းနည္းေၾကကြဲမိတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးကေတာ့ စခန္းထဲမွာ က်ေနာ္တို႔က မႀကံဳဖူးခဲ့တဲ့ျဖစ္ရပ္လို႔ ေျပာလို႔ရပါတယ္။ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အင္မတန္ဝမ္းနည္းစရာဆံုးရႈံးမႈတခုလို႔ ေျပာလို႔ရပါတယ္။ ဒီလိုမ်ိဳး ႏိုင္ငံတကာအဖြဲ႔ အစည္းနဲ႔ ႐ိုဟင္ဂ်ာအေရးေရွ႕တန္းက လုပ္ေဆာင္ေပးေနတဲ့လူတေယာက္ အသတ္ျဖတ္ခံလိုက္ရတဲ့အေပၚ က်ေနာ္တို႔ အင္မတန္မွ စိတ္မေကာင္းျဖစ္မိပါတယ္။”

နာေရးစ်ာပနအခမ္းအနားကို တက္ေရာက္သူ ရိုဟင္ဂ်ာဒုကၡသည္ ေနာက္တဦးကလည္း-

"က်ေနာ္တို႔ ခံစားရတာက- အင္မတန္မွ စိတ္ပူေနရတယ္ ဒီလိုမ်ိဳး က်ေနာ္တို႔ ႐ိုဟင္ဂ်ာေခါင္းေဆာင္ တေယာက္ကို ဒီလိုပစ္သတ္လိုက္တာဟာ အင္မတန္မွ က်ေနာ္တို႔အတြက္ အႀကီးမားဆံုး ဆံုးရႈံးမႈတခုလို႔ျမင္ရတယ္။ ဒီမွာက လုံၿခံဳေရး အေျခအေနက ေလာေလာဆယ္ အင္မတန္မွ စိုးရိမ္ေနရတဲ့အေျခအေနျဖစ္ေနတယ္။ အဲဒါေၾကာင့္လည္း သူအပစ္သတ္ခံရတာလို႔ က်ေနာ္ျမင္တယ္။”

အခုလိုေသနတ္နဲ႔ အနီးကပ္ လုပ္ႀကံပစ္သတ္ခံခဲ့ရတဲ့ စခန္းတြင္းက ဒုကၡသည္ေတြအေရး ေဆာင္ ႐ြက္ေနသူ ARSPH ႐ိုဟင္ဂ်ာအဖြဲ႔အစည္းရဲ႕ဥကၠ႒ ဦးMohib Ullah ဟာ ၂၀၁၉ ခုႏွစ္တုန္းက အေမရိကန္ျပည္ေထာင္စုမွာ အေမရိကန္သမၼတ Donald Trump နဲ႔ ေတြ႕ဆုံခြင့္ရၿပီး ႐ိုဟင္ဂ်ာအေရး တင္ျပႏိုင္ခဲ့သူပါ။ သူဟာ ရခိုင္ျပည္နယ္ စစ္ေတြတကၠသိုလ္ကေန ႐ုကၡေဗဒဘြဲ႔ရခဲ့ၿပီး အထက္တန္းေက်ာင္းဆရာ လုပ္ေနရာက ၂၀၁၇ ခုႏွစ္မွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးအတြင္း အသက္မေသ လြတ္ေျမာက္လာခဲ့သူ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာအေရးဦးေဆာင္လႈပ္ရွားေနသူတဦး အခုလို သတ္ျဖတ္ခံလိုက္ရတာဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတဲ့ ႐ိုဟင္ဂ်ာေတြ တရားမွ်တမႈရေရးေဆာင္ရြက္မႈေတြရဲ႕ အႀကီးမားဆံုးရႈံးမႈျဖစ္တယ္ လို႔လည္း ႐ိုဟင္ဂ်ာဒုကၡသည္ကေျပာပါတယ္။

“က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ဝမ္းနည္းေၾကကြဲစရာတခုလည္းျဖစ္တယ္။ ႐ိုဟင္ဂ်ာဒုကၡ သည္အေရးအတြက္ ႏိုင္ငံတကာနဲ႔ အင္တိုက္အားတိုက္ လုပ္ေဆာင္ေနတဲ့ပုဂၢိဳလ္တေယာက္လည္း ျဖစ္တယ္။ ႐ိုဟင္ဂ်ာ Genocide အေရးအတြက္လည္း လုပ္ေဆာင္လာေနတဲ့သူျဖစ္တယ္။ လူေတြဟာ ေတာ္ေတာ္ေလး စိတ္မေကာင္ဘူး စိတ္ေသာကေတြလည္း ခံစားေနၾကရပါတယ္။”

မဆုမြန္။ ။ အခုလိုဦးမူဟစ္ဘူလာ လုပ္ႀကံသတ္ျဖတ္ခံလိုက္ရတယ္ဆိုေတာ့ အခုလက္ရွိကမ့္ထဲမွာ လက္ရွိလုံၿခံဳေရး စခန္းထဲမွာရွိတဲ့ ဒုကၡသည္ေတြနဲ႔ တျခား႐ိုဟင္ဂ်ာအေရးလႈပ္ရွားေဆာင္ရြက္ေနသူေတြၾကားမွာေရာ ဘယ္လိုစိုးရိမ္မႈရွိပါလဲ။

႐ိုဟင္ဂ်ာဒုကၡသည္။ ။ အကုန္လံုးနီးပါး စိတ္မေကာင္းျဖစ္တာကို ေတြ႔ရတယ္။ လူေတြက စိတ္ေသာကကို ခံစားခဲ့ရတာကို ေတြ႔ရပါတယ္။ က်ေနာ္တို႔အတြက္က လုံၿခံဳေရးမရွိသလို ခံစားေနရပါတယ္။ က်ေနာ္တို႔ေတြဟာ အင္မတန္စိုးရိမ္ေသာကနဲ႔ ဒုကၡသည္စခန္းမွာ ေနထိုင္ရတယ္။ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ေဒသမွာလည္း ဒီေသာကနဲ႔ ေနခဲ့ရၿပီးကာမွ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းကို လာေရာက္ခိုလံႈၾကတယ္။ ဒီမွာလည္း ဒီဒုကၡကို က်ေနာ္တို႔ ခံစားေနရတယ္။ ဒါေၾကာင့္ ဘဂၤလားေဒ့ရွ္အစိုးရေရာ ႏိုင္ငံတကာအဖြဲ႔အစည္းေရာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို အကာအကြယ္ေပးၾကဖို႔ က်ေနာ္တို႔က ေတာင္းဆိုျခင္းျဖစ္ပါတယ္။"

လက္ရွိေကာ့ဇ္ဘဇားခ႐ိုင္တခုလံုးမွာ တည္ရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအားလံုးကို စခန္းအဝင္အထြက္ လံုျခံဳေရးတင္းၾကပ္စစ္ေဆးသလို လံုျခံဳေရးတပ္အင္အားေတြလည္း တိုးႁမွင့္ခ်ထားတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကေျပာပါတယ္။

“အခုက အရင္တုန္းက မေတြ႔ခဲ့ဘူးတဲ့ လုံၿခံဳေရးကားေတြလည္း အရင္တုန္းက အဲ့ေလာက္ႀကီး မေတြ႔ခဲ့ရပါဘူး။ အခုက ကားေတြ မနည္းဘူး။စစ္တပ္ေရာ၊ ရဲေရာ တျခားလက္နက္ကိုင္တပ္ေတြပါ ေရာက္လာတာကို ေတြ႔ရပါတယ္။ လုံၿခံဳေရးေတြ တင္းက်ပ္ေဆာင္ရြက္မယ္လို႔ ေျပာသံလည္း ၾကားတယ္။ ဒါကို စုံစမ္းေဖာ္ထုတ္သြားမယ္လို႔ေျပာတာလည္း ၾကားပါတယ္။”

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးႏႈန္းကို တရားဝင္ လက္ခံမထားတဲ့ ျမန္မာႏိုင္ငံဘက္မွာေတာ့ အခုစစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ရင္းျပန္ေရးကိစၥရပ္ေတြ ေႏွာင့္ေႏွးၾကန္႔ၾကာေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


-------

Unicode

လုပ်ကြံခံရတဲ့ ရိုဟင်ဂျာခေါင်းဆောင် နာရေးအခမ်းအနား လူ သိန်းချီတက်ရောက်

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာခေါင်းဆောင်တဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက် ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းအားလုံးကို ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ရဲတပ်ဖွဲ့၊ စခန်းလုံခြုံရေးတပ်ဖွဲ့တွေ အင်အားတိုးချပြီး စခန်းအဝင်အထွက် တင်းကြပ် စစ်ဆေးနေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ အသက်အန္တရာယ် စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ ရိုဟင်ဂျာခေါင်းဆောင်ရဲ့ဈာပနကို ကြာသပတေးနေ့ညနေပိုင်းမှာ ကျင်းပပြီး စခန်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည် သိန်းချီ တက်ရောက်ပါတယ်။ ဈာပနအခမ်းအနား တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာသိန်းနဲ့ချီ ခိုလှုံနေထိုင်ရာ ကော့ဇ်ဘဇားခရိုင်ထဲက ကုတုပလောင်ဒုက္ခသည်စခန်းထဲမှာ အနီးကပ်ပစ်သတ်သွားတဲ့ သေနတ်သမားတွေရဲ့လက်ချက်နဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦး Mohib Ullah အသက်ဆုံးခဲ့ရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲမှာ ကုတုပလောင်ဒုက္ခသည်စခန်း၊ အမှတ်(၁) က သုဿန်မှာ ဦးမူဟစ်ဘူလာကို အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနဲ့အညီ မြေမြှုပ်သဂြိုဟ်ပြီး လူ သိန်းချီ တက်ရောက်ခဲ့တယ်လို့ နာရေးအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကိုပြောပါတယ်။

“စက်တင်ဘာ ၃၀ ညနေ ၄ နာရီခွဲမှာ Arakan Rohingya Society for peace & Human Rights ရဲ့ ဥက္ကဋ္ဌဆရာဦးမူဟစ်ဘူလာကို အသုဘချအစီအစဉ်ပါ။ လူတွေလည်း တော်တော်များများ ဒုက္ခသည်စခန်းတိုင်းကနေ လာရောက်စုဝေးနေကြပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ်ရဲ့ လုံခြုံရေးတပ်တွေလည်း အများကြီး အင်အားချထားတာ တွေ့နေရပါတယ်။ ရဲတပ်ဖွဲ့ရော၊ စစ်တပ်ရော၊ တခြားလက်နက် ကိုင်လုံခြုံရေးတပ်တွေလည်း အများအပြားရောက်ရှိနေတာတွေ့ရပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဒီဖြစ်ရပ်အပေါ် အင်မတန်မှ ဝမ်းနည်းကြေကွဲမိတယ်။ ဒီလိုဖြစ်ရပ်မျိုးကတော့ စခန်းထဲမှာ ကျနော်တို့က မကြုံဖူးခဲ့တဲ့ဖြစ်ရပ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အင်မတန်ဝမ်းနည်းစရာဆုံးရှုံးမှုတခုလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး နိုင်ငံတကာအဖွဲ့ အစည်းနဲ့ ရိုဟင်ဂျာအရေးရှေ့တန်းက လုပ်ဆောင်ပေးနေတဲ့လူတယောက် အသတ်ဖြတ်ခံလိုက်ရတဲ့အပေါ် ကျနော်တို့ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။”

နာရေးဈာပနအခမ်းအနားကို တက်ရောက်သူ ရိုဟင်ဂျာဒုက္ခသည် နောက်တဦးကလည်း-

"ကျနော်တို့ ခံစားရတာက- အင်မတန်မှ စိတ်ပူနေရတယ် ဒီလိုမျိုး ကျနော်တို့ ရိုဟင်ဂျာခေါင်းဆောင် တယောက်ကို ဒီလိုပစ်သတ်လိုက်တာဟာ အင်မတန်မှ ကျနော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတခုလို့မြင်ရတယ်။ ဒီမှာက လုံခြုံရေး အခြေအနေက လောလောဆယ် အင်မတန်မှ စိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့်လည်း သူအပစ်သတ်ခံရတာလို့ ကျနော်မြင်တယ်။”

အခုလိုသေနတ်နဲ့ အနီးကပ် လုပ်ကြံပစ်သတ်ခံခဲ့ရတဲ့ စခန်းတွင်းက ဒုက္ခသည်တွေအရေး ဆောင် ရွက်နေသူ ARSPH ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ ဦးMohib Ullah ဟာ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံခွင့်ရပြီး ရိုဟင်ဂျာအရေး တင်ပြနိုင်ခဲ့သူပါ။ သူဟာ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ကနေ ရုက္ခဗေဒဘွဲ့ရခဲ့ပြီး အထက်တန်းကျောင်းဆရာ လုပ်နေရာက ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အသက်မသေ လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးဦးဆောင်လှုပ်ရှားနေသူတဦး အခုလို သတ်ဖြတ်ခံလိုက်ရတာဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုရရေးဆောင်ရွက်မှုတွေရဲ့ အကြီးမားဆုံးရှုံးမှုဖြစ်တယ် လို့လည်း ရိုဟင်ဂျာဒုက္ခသည်ကပြောပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဝမ်းနည်းကြေကွဲစရာတခုလည်းဖြစ်တယ်။ ရိုဟင်ဂျာဒုက္ခ သည်အရေးအတွက် နိုင်ငံတကာနဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်။ ရိုဟင်ဂျာ Genocide အရေးအတွက်လည်း လုပ်ဆောင်လာနေတဲ့သူဖြစ်တယ်။ လူတွေဟာ တော်တော်လေး စိတ်မကောင်ဘူး စိတ်သောကတွေလည်း ခံစားနေကြရပါတယ်။”

မဆုမွန်။ ။ အခုလိုဦးမူဟစ်ဘူလာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်ဆိုတော့ အခုလက်ရှိကမ့်ထဲမှာ လက်ရှိလုံခြုံရေး စခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ တခြားရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်နေသူတွေကြားမှာရော ဘယ်လိုစိုးရိမ်မှုရှိပါလဲ။

ရိုဟင်ဂျာဒုက္ခသည်။ ။ အကုန်လုံးနီးပါး စိတ်မကောင်းဖြစ်တာကို တွေ့ရတယ်။ လူတွေက စိတ်သောကကို ခံစားခဲ့ရတာကို တွေ့ရပါတယ်။ ကျနော်တို့အတွက်က လုံခြုံရေးမရှိသလို ခံစားနေရပါတယ်။ ကျနော်တို့တွေဟာ အင်မတန်စိုးရိမ်သောကနဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ရတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဒေသမှာလည်း ဒီသောကနဲ့ နေခဲ့ရပြီးကာမှ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို လာရောက်ခိုလှုံကြတယ်။ ဒီမှာလည်း ဒီဒုက္ခကို ကျနော်တို့ ခံစားနေရတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရရော နိုင်ငံတကာအဖွဲ့အစည်းရော ရိုဟင်ဂျာဒုက္ခသည်တွေကို အကာအကွယ်ပေးကြဖို့ ကျနော်တို့က တောင်းဆိုခြင်းဖြစ်ပါတယ်။"

လက်ရှိကော့ဇ်ဘဇားခရိုင်တခုလုံးမှာ တည်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအားလုံးကို စခန်းအဝင်အထွက် လုံခြုံရေးတင်းကြပ်စစ်ဆေးသလို လုံခြုံရေးတပ်အင်အားတွေလည်း တိုးမြှင့်ချထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။

“အခုက အရင်တုန်းက မတွေ့ခဲ့ဘူးတဲ့ လုံခြုံရေးကားတွေလည်း အရင်တုန်းက အဲ့လောက်ကြီး မတွေ့ခဲ့ရပါဘူး။ အခုက ကားတွေ မနည်းဘူး။စစ်တပ်ရော၊ ရဲရော တခြားလက်နက်ကိုင်တပ်တွေပါ ရောက်လာတာကို တွေ့ရပါတယ်။ လုံခြုံရေးတွေ တင်းကျပ်ဆောင်ရွက်မယ်လို့ ပြောသံလည်း ကြားတယ်။ ဒါကို စုံစမ်းဖော်ထုတ်သွားမယ်လို့ပြောတာလည်း ကြားပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်မှာတော့ အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးကိစ္စရပ်တွေ နှောင့်နှေးကြန့်ကြာနေဆဲဖြစ်ပါတယ်။

#Rohingya #Bangladesh #Cox'sBazar #voaburmese #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG