သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Mohib Ullah အသတ္ခံရမႈ စံုစမ္းအေရးယူဖို႔ လူ႔အခြင့္အေရးမဟာမင္းႀကီးေတာင္းဆို


ရခုိင္-႐ိုဟင္ဂ်ာအသိုင္းအဝုိင္းရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔လူ႔အခြင့္ေရးလႈပ္ရွားဦးေဆာင္ Mohib Ullah (ဗဟို)

႐ိုဟင္ဂ်ာ ဒုကၡသည္ေခါင္းေဆာင္ Mohib Ullah အသတ္ခံရမႈကို စုံစမ္းစစ္ေဆး၊ အေရးယူဖို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ တာဝန္ရွိသူေတြကို ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီး Michelle Bachelet က ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

{Zawgyi/Unicode}

႐ိုဟင္ဂ်ာ ဒုကၡသည္ေခါင္းေဆာင္ Mohib Ullah အသတ္ခံရမႈကို စုံစမ္းစစ္ေဆး၊ အေရးယူဖို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ တာဝန္ရွိသူေတြကို ကုလသမဂၢ လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီး Michelle Bachelet က ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

ကုလသမဂၢေျပာခြင့္ရ Stephane Tremblay က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ အလားတူ ေတာင္းဆိုခဲ့ၿပီးတဲ့ေနာက္ Michelle Bachelet ကလည္း ဒီသတင္းကို ၾကားရတဲ့အတြက္ ထိတ္လန႔္ တုန္လႈပ္ရေၾကာင္းနဲ႔ ထိထိေရာက္ေရာက္ စုံစမ္းစစ္ေဆး အေရးယူဖို႔ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္တာပါ။

အသက္ ၅၀ အရြယ္ Mohib Ullah ကို “လူ႔အခြင့္အေရးကို သူမတူ ထူးထူးကဲကဲ ခုခံကာကြယ္သူ” တေယာက္အျဖစ္ Michelle Bachelet က ခ်ီးက်ဴးလိုက္ၿပီး အဲဒီလိုလုပ္ေဆာင္လို႔ အႏၲရာယ္ေတြ ႀကံဳလာရေပမဲ့လည္း သူ႔လူထုအတြက္ ဆက္လက္ ခုခံကာကြယ္ေပးခဲ့တဲ့ပုဂၢိဳလ္ ျဖစ္တယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ဒီျဖစ္ရပ္ကို ပြင့္လင္းျမင္သာမႈအျပည့္နဲ႔ စုံစမ္းစစ္ေဆး အေရးယူဖို႔ ေတာင္းဆိုလိုက္ပါတယ္။ Mohib Ullah ဟာ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္ ႐ိုဟင္ဂ်ာအဖြဲ႔အစည္းရဲ႕ ဥကၠ႒ျဖစ္ပါတယ္။

Cox’s Bazar နယ္အတြင္းက ကုတုပေလာင္ဒုကၡသည္စခန္းမွာ ရာဇဝတ္မႈေတြ တိုးမ်ားလာေနၿပီး မတူတဲ့အုပ္စုေတြၾကား တင္းမာမႈ ႀကီးထြားေနသလို ဘဂၤလားေဒ့ရွ္ အသိုက္အဝန္းအတြင္းမွာလည္း ႐ိုဟင္ဂ်ာ ဆန႔္က်င္ေရးသေဘာထားေတြ တိုးမ်ားလာေနတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ သတင္းထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------

{Unicode}

Mohib Ullah အသတ်ခံရမှု စုံစမ်းအရေးယူဖို့ လူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို

ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင် Mohib Ullah အသတ်ခံရမှုကို စုံစမ်းစစ်ဆေး၊ အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တာဝန်ရှိသူတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂပြောခွင့်ရ Stephane Tremblay က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အလားတူ တောင်းဆိုခဲ့ပြီးတဲ့နောက် Michelle Bachelet ကလည်း ဒီသတင်းကို ကြားရတဲ့အတွက် ထိတ်လန့် တုန်လှုပ်ရကြောင်းနဲ့ ထိထိရောက်ရောက် စုံစမ်းစစ်ဆေး အရေးယူဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

အသက် ၅၀ အရွယ် Mohib Ullah ကို “လူ့အခွင့်အရေးကို သူမတူ ထူးထူးကဲကဲ ခုခံကာကွယ်သူ” တယောက်အဖြစ် Michelle Bachelet က ချီးကျူးလိုက်ပြီး အဲဒီလိုလုပ်ဆောင်လို့ အန္တရာယ်တွေ ကြုံလာရပေမဲ့လည်း သူ့လူထုအတွက် ဆက်လက် ခုခံကာကွယ်ပေးခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ဒီဖြစ်ရပ်ကို ပွင့်လင်းမြင်သာမှုအပြည့်နဲ့ စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။ Mohib Ullah ဟာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။

Cox’s Bazar နယ်အတွင်းက ကုတုပလောင်ဒုက္ခသည်စခန်းမှာ ရာဇဝတ်မှုတွေ တိုးများလာနေပြီး မတူတဲ့အုပ်စုတွေကြား တင်းမာမှု ကြီးထွားနေသလို ဘင်္ဂလားဒေ့ရှ် အသိုက်အဝန်းအတွင်းမှာလည်း ရိုဟင်ဂျာ ဆန့်ကျင်ရေးသဘောထားတွေ တိုးများလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

#Rohingya #MohibMullah #MichelleBachelet #voaburmese #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG