သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေခါင္းေဆာင္ လုပ္ႀကံသူကို စုံစမ္းအေရးယူဖို႔ ဘဂၤလားေဒ့ရ္ွ ႏိုင္ငံျခားေရးဝန္ႀကီး ကတိျပဳ


ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး A.K Abdul Momen. (ဇူလုိင္ ၅၊ ၂၀၁၉)

(Zawgyi / Unicode)

႐ိုဟင္ဂ်ာေခါင္းေဆာင္ Mohib Ullah ကို သတ္ျဖတ္ခဲ့သူေတြကို အပူတျပင္း စံုစမ္းအေရးယူသြားမယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ကတိျပဳလိုက္ပါတယ္။

ကုလအေထြေထြအတြင္းေရးမွဴးခ်ဳပ္နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အပါအဝင္ ႏိုင္ငံတကာ ေခါင္းေဆာင္ေတြက ထိေရာက္စြာ စစ္ေဆးအေရးယူဖို႔ ဘဂၤလားေဒ့ရွ္ကို ေျပာအၿပီး ႏိုင္ငံျခားေရးဝန္ႀကီး A.K Abdul Momen က ဒီအမႈအတြက္ ပထမဆံုး အခုလို ကတိေပး ေျပာလိုက္တာပါ။

ႏိုင္ငံတကာမွာ လူသိမ်ားတဲ့ ႐ိုဟင္ဂ်ာအသိုင္းအဝိုင္း ေခါင္းေဆာင္ျဖစ္သူ ၅၀ နီးပါးအရြယ္ Ullah ဟာ ဒီဗုဒၶဟူးေန႔ညကပဲ ဘဂၤလားေဒ့ရွ္နယ္စပ္ Cox’s Bazar ဒုကၡသည္စခန္းထဲမွာ ဘယ္သူဘယ္ဝါမွန္း မသိရေသးတဲ့ ေသနတ္သမားေတြက ပစ္သတ္ခဲ့တာပါ။

ႏုိင္ငံျခားေရးဝန္ႀကီး Momen က ဒီသတ္ျဖတ္မႈမွာ ပါဝင္သူေတြကို ဘဂၤလားေဒ့ရွ္အစိုးရ အေနနဲ႔ အပူတျပင္း စံုစမ္းစစ္ေဆးအေရးယူသြားမယ္၊ ဘယ္သူမွ မလြတ္ေစရဘူးလို႔ ဒီေန႔ ေၾကညာခ်က္ထုတ္ ေျပာလိုက္ပါတယ္။

ဒါ့အျပင္ Ullah အေနနဲ႔ ျမန္မာျပည္ကို ျပန္ခ်င္ခဲ့တာမို႔ အက်ိဳးစီးပြားထိခိုက္မွာ စိုးရိမ္မႈက ဒီသတ္ျဖတ္မႈမွာ ပါဝင္ပတ္သက္လိမ့္မယ္လို႔ဆိုၿပီး တရားမွ်တမႈရေရး က်ဴးလြန္သူေတြကို မရရေအာင္ အေရးယူသြားမွာပါလို႔ ဆက္ေျပာခဲ့ပါတယ္။

၂၀၁၇ ၾသဂုတ္လမွာ ျမန္မာစစ္တပ္ ႏွိမ္နင္းမႈေၾကာင့္ ဒုကၡသည္ သိန္းဂဏန္းေတြနဲ႔ခ်ီ ထြက္ေျပးလာခဲ့အၿပီး လူ႔အခြင့္အေရးမွတ္တမ္း စုေဆာင္းဖို႔ ထူေထာင္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ ႐ိုဟင္ဂ်ာအဖြဲ႔ကို ေခါင္းေဆာင္သူ Ullah ဟာ အလယ္အလတ္ သေဘာထားရွိၿပီး အစြန္းေရာက္သူေတြ ၿခိမ္းေျခာက္တာ ခံခဲ့ရေၾကာင္း ႐ိုက္တာသတင္းဌာနကို ေျပာျပခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ရိုဟင်ဂျာခေါင်းဆောင် လုပ်ကြံသူကို စုံစမ်းအရေးယူဖို့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး ကတိပြု

ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ကို သတ်ဖြတ်ခဲ့သူတွေကို အပူတပြင်း စုံစမ်းအရေးယူသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ကတိပြုလိုက်ပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက ထိရောက်စွာ စစ်ဆေးအရေးယူဖို့ ဘင်္ဂလားဒေ့ရှ်ကို ပြောအပြီး နိုင်ငံခြားရေးဝန်ကြီး A.K Abdul Momen က ဒီအမှုအတွက် ပထမဆုံး အခုလို ကတိပေး ပြောလိုက်တာပါ။

နိုင်ငံတကာမှာ လူသိများတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင်ဖြစ်သူ ၅၀ နီးပါးအရွယ် Ullah ဟာ ဒီဗုဒ္ဓဟူးနေ့ညကပဲ ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်းထဲမှာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ သေနတ်သမားတွေက ပစ်သတ်ခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး Momen က ဒီသတ်ဖြတ်မှုမှာ ပါဝင်သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ အပူတပြင်း စုံစမ်းစစ်ဆေးအရေးယူသွားမယ်၊ ဘယ်သူမှ မလွတ်စေရဘူးလို့ ဒီနေ့ ကြေညာချက်ထုတ် ပြောလိုက်ပါတယ်။

ဒါ့အပြင် Ullah အနေနဲ့ မြန်မာပြည်ကို ပြန်ချင်ခဲ့တာမို့ အကျိုးစီးပွားထိခိုက်မှာ စိုးရိမ်မှုက ဒီသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်လိမ့်မယ်လို့ဆိုပြီး တရားမျှတမှုရရေး ကျူးလွန်သူတွေကို မရရအောင် အရေးယူသွားမှာပါလို့ ဆက်ပြောခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လမှာ မြန်မာစစ်တပ် နှိမ်နင်းမှုကြောင့် ဒုက္ခသည် သိန်းဂဏန်းတွေနဲ့ချီ ထွက်ပြေးလာခဲ့အပြီး လူ့အခွင့်အရေးမှတ်တမ်း စုဆောင်းဖို့ ထူထောင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင် ရိုဟင်ဂျာအဖွဲ့ကို ခေါင်းဆောင်သူ Ullah ဟာ အလယ်အလတ် သဘောထားရှိပြီး အစွန်းရောက်သူတွေ ခြိမ်းခြောက်တာ ခံခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောပြခဲ့ဖူးပါတယ်။

XS
SM
MD
LG