သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၈ ေသာင္းေက်ာ္ ဘာဆန္ခ်ာကၽြန္း ေျပာင္းေရႊ႕ဖို႔ ဘဂၤလားေဒ့ရွ္စီစဥ္


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

႐ိုဟင္ဂ်ာ ၈ ေသာင္းေက်ာ္ ဘာဆန္ခ်ာကၽြန္း ေျပာင္းေရႊ႕ဖို႔ ဘဂၤလားေဒ့ရွ္စီစဥ္

{{Zawgyi/Unicode}}

ကုလသမဂၢက အကူညီေပးဖို႔ သေဘာတူညီခ်က္ရခဲ့တဲ့ေနာက္ ဘဂၤလားပင္လယ္ေအာ္ထဲက ဘာဆန္ခ်ာကၽြန္းဆီကို ႐ိုဟင္ဂ်ာ ဒုကၡသည္ ၈၀ ၀၀၀ ေက်ာ္ ပို႔ ေပးဖို႔ ဘဂၤလားဒက္ရွ္အစိုးရက စီစဥ္ေနပါတယ္။ လူ႔အခြင့္ေရးအဖြဲ႔ေတြက စိုးရိမ္ေၾကာင္း ေျပာေနတဲ့ ၾကားက ဒီကၽြန္းေပၚက ဒုကၡသည္စခန္းကိုပို႔ေပးထားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္က ၁၉ ၀၀၀ ေလာက္ရွိေနၿပီျဖစ္ပါတယ္။

ႏိုဝင္ဘာလ မုတ္သုန္ရာသီ ခ်ိန္ေရာက္ရင္ ဘာဆန္ခ်ာကၽြန္းဆီကို ႐ိုဟင္ဂ်ာ ေသာင္းနဲ႔ခ်ီပို႔ေပးမွာ ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ဒုကၡသည္မ်ားဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး Shah Rezwan Hayat ကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပပါတယ္။ လာမယ့္ႏွစ္ ေဖေဖၚဝါရီလကုန္ေလာက္မွာ ဒုကၡသည္ ၁သိန္း ေလာက္ အၿပီးပို႔ေပးဖို႔ သတ္မွတ္ထားတာျဖစ္တဲ့ အတြက္ ေနာက္ထပ္ ေျပာင္းေရႊ႕ေပးရမယ့္ သူက ၈၁ ၀၀၀ ေလာက္ရွိေၾကာင္းလည္း ေျပာပါတယ္။

႐ိုဟင္ဂ်ာ ဒုကၡသည္ တခ်ိဳ႕ကေတာ့ မေနခ်င္ေၾကာင္း ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ အစိုးရကေတာ့ ဒုကၡသည္ေတြကို အတင္းအၾကပ္ေျပာင္းေရႊ႕ေပးတာမ်ိဳး မရွိေၾကာင္း ေျပာပါတယ္။ ဒီကြ်န္းကို ပို႔ေပးထားသူေတြထဲက ရာေပါင္းမ်ားစြာ ထြက္ေျပးခဲ့ၾကတာ ျဖစ္ၿပီး သူတို႔ကို ကုန္းတြင္းပိုင္း ဒါမွမဟုတ္ ကမ္း႐ိုးတန္းရြာေတြမွာ ျပန္လည္ ဖမ္းမိခဲ့သလို ၾသဂုတ္လ တုန္းကေတာ့ ငါးဖမ္းေလွနဲ႕ ထြက္ေျပးသူ ဒါဇင္နဲ႔ခ်ီ ေလေမွာက္လို႔ ေသဆံုး ခဲ့ရတာပါ။

အခုလို ကြ်န္းေပၚကို ေျပာင္းေရႊ႕ေပးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢက ေမးခြန္းထုတ္ေနေပမယ့္ ဒီကြ်န္းက အေျခေနေတြကို ကုလသမဂၢက ေစာင့္ၾကည့္ဖို႔နဲ႔ လူသားခ်င္းစာနာမႈ အကူညီေတြ ေပးအပ္ဖို႔ ဘဂၤလားေဒ့ရွ္နဲ႔ ကုလတာဝန္ရွိသူေတြၾကား သေဘာတူညီမႈ ရခဲ့တာ ျဖစ္ပါတယ္။ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး UNHCR ကေတာ့ ႐ိုဟင္ဂ်ာေတြကို အကာကြယ္ေပးဖို႔ စေနေန႔မွာ နားလည္မႈ စာခၽြန္လႊာကို လက္မွတ္ေရးထိုးမွာ ျဖစ္ေၾကာင္းလည္း ေျပာခြင့္ရသူကို ကိုးကားၿပီး သတင္းက ေဖာ္ျပပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရက ဒီဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္ေခၚဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ သေဘာတူထားတာျဖစ္ေပမယ့္ အခုခ်ိန္အထိေတာ့ဘာမွ မလုပ္ေဆာင္ႏိုင္ေသးပါဘူး။

.............................................................​

တိုက္႐ိုက္ လင့္ခ္

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

{{Unicode}}

ကုလသမဂ္ဂက အကူညီပေးဖို့ သဘောတူညီချက်ရခဲ့တဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာကျွန်းဆီကို ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ၀၀၀ ကျော် ပို့ ပေးဖို့ ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်နေပါတယ်။ လူ့အခွင့်ရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောနေတဲ့ ကြားက ဒီကျွန်းပေါ်က ဒုက္ခသည်စခန်းကိုပို့ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည်က ၁၉ ၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။

နိုဝင်ဘာလ မုတ်သုန်ရာသီ ချိန်ရောက်ရင် ဘာဆန်ချာကျွန်းဆီကို ရိုဟင်ဂျာ သောင်းနဲ့ချီပို့ပေးမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး Shah Rezwan Hayat ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ လာမယ့်နှစ် ဖေဖေါ်ဝါရီလကုန်လောက်မှာ ဒုက္ခသည် ၁သိန်း လောက် အပြီးပို့ပေးဖို့ သတ်မှတ်ထားတာဖြစ်တဲ့ အတွက် နောက်ထပ် ပြောင်းရွှေ့ပေးရမယ့် သူက ၈၁ ၀၀၀ လောက်ရှိကြောင်းလည်း ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် တချို့ကတော့ မနေချင်ကြောင်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ဒုက္ခသည်တွေကို အတင်းအကြပ်ပြောင်းရွှေ့ပေးတာမျိုး မရှိကြောင်း ပြောပါတယ်။ ဒီကျွန်းကို ပို့ပေးထားသူတွေထဲက ရာပေါင်းများစွာ ထွက်ပြေးခဲ့ကြတာ ဖြစ်ပြီး သူတို့ကို ကုန်းတွင်းပိုင်း ဒါမှမဟုတ် ကမ်းရိုးတန်းရွာတွေမှာ ပြန်လည် ဖမ်းမိခဲ့သလို သြဂုတ်လ တုန်းကတော့ ငါးဖမ်းလှေနဲ့ ထွက်ပြေးသူ ဒါဇင်နဲ့ချီ လေမှောက်လို့ သေဆုံး ခဲ့ရတာပါ။

အခုလို ကျွန်းပေါ်ကို ပြောင်းရွှေ့ပေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မေးခွန်းထုတ်နေပေမယ့် ဒီကျွန်းက အခြေနေတွေကို ကုလသမဂ္ဂက စောင့်ကြည့်ဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေ ပေးအပ်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလတာဝန်ရှိသူတွေကြား သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကတော့ ရိုဟင်ဂျာတွေကို အကာကွယ်ပေးဖို့ စနေနေ့မှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်းလည်း ပြောခွင့်ရသူကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူထားတာဖြစ်ပေမယ့် အခုချိန်အထိတော့ဘာမှ မလုပ်ဆောင်နိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG