သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈနဲ႔ဆက္ႏြယ္ၿပီး ဒုကၡသည္စခန္းတြင္း ႐ိုဟင္ဂ်ာ ၁၇၂ ဦးဖမ္းဆီးထား


႐ိုဟင္ဂ်ာေခါင္းေဆာင္ မူဟစ္အူလာအသတ္ခံခဲ့ရတဲ့ အုပ္ခ်ဳပ္ေရး႐ံုးအနီး လံုၿခံဳေရးခ်ထားစဥ္။

{{Zawgyi/Unicode}}

႐ိုဟင္ဂ်ာေခါင္းေဆာင္တဦး ဒုကၡသည္စခန္းအတြင္း အသတ္ခံရၿပီးေနာက္ ၿပီးခဲ့တဲ့ရက္သီတင္းပတ္ေတြအတြင္း ႐ိုဟင္ဂ်ာ ၁၇၂ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ ဘဂၤလားေဒ့ရ္ွရဲတပ္ဖြဲ႔က ေျပာပါတယ္။

႐ိုဟင္ဂ်ာ ၇ သိန္း ခိုလႈံေနတဲ့ Cox's Bazar ဒုကၡသည္စခန္းမွာ ၿပီးခဲ့တဲ့ စက္တင္ ဘာလကုန္ပိုင္းက ႐ိုဟင္ဂ်ာေခါင္းေဆာင္တဦးျဖစ္တဲ့ Mohib Ullah ဟာ ေသနတ္ နဲ႔ ပစ္ခက္သတ္ျဖတ္ခံခဲ့ရတာပါ။

အသက္ ၄၈ ႏွစ္အ႐ြယ္ ေက်ာင္းဆရာတဦးျဖစ္တဲ့ Ullah ဟာ ႐ိုဟင္ဂ်ာလူ႔အဖြဲ႔ အစည္းမွာ အေလးစားခံရသူတဦးျဖစ္ၿပီး အသတ္မခံရမီ ရခိုင္ ႐ိုဟင္ဂ်ာ ကယ္တင္ေရးတပ္ (ARSA) က သူ႔ကို ပစ္မွတ္ထား လုပ္ႀကံမယ္လို႔ၿခိမ္းေျခာက္တာေတြရွိခဲ့ပါတယ္။

သတ္ျဖတ္မႈအတြက္ ပါဝင္ပတ္သက္တယ္လို႔ သံသယရွိသူ ၁၀ ဦးလည္း ဖမ္းဆီးထားတယ္လို႔ အထူးရဲတပ္ဖြဲ႔ေခါင္းေဆာင္က ေျပာပါတယ္။

ေနာက္ထပ္ ဖမ္းဆီးထားသူ ၁၁၄ ဦးဟာလည္း သူတို႔ဟာ အာဆာအဖြဲ႔ဝင္ေတြျဖစ္ တယ္ဆိုၿပီး ထုတ္ေဖၚေျပာဆိုထားတယ္လို႔ ရဲအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရဟာ ဒုကၡသည္စခန္းထဲ သူပုန္အုပ္စုေတြ လႈပ္ရွားေနတာကို ပုံမွန္အားျဖင့္ ျငင္းဆိုေလ့ရွိပါတယ္။ လက္နက္ကိုင္အၾကမ္းဖက္မႈနဲ႔ မူးယစ္ေမွာင္ခိုမႈေတြမွာပါဝင္တဲ့ ရာဇဝတ္ေကာင္ေတြက ဒီအဖြဲ႔အမည္ကို အသုံးခ်ေနတာလို႔ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{Unicode}}

အကြမ်းဖက်မှုနဲ့ဆက်နွယ်ပြီး ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာ ၁၇၂ ဦးဖမ်းဆီးထား

ရိုဟင်ဂျာခေါင်းဆောင်တဦး ဒုက္ခသည်စခန်းအတွင်း အသတ်ခံရပြီးနောက် ပြီးခဲ့တဲ့ရက်သီတင်းပတ်တွေအတွင်း ရိုဟင်ဂျာ ၁၇၂ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာ ၇ သိန်း ခိုလှုံနေတဲ့ Cox's Bazar ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင် ဘာလကုန်ပိုင်းက ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်တဲ့ Mohib Ullah ဟာ သေနတ် နဲ့ ပစ်ခက်သတ်ဖြတ်ခံခဲ့ရတာပါ။

အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာတဦးဖြစ်တဲ့ Ullah ဟာ ရိုဟင်ဂျာလူ့အဖွဲ့ အစည်းမှာ အလေးစားခံရသူတဦးဖြစ်ပြီး အသတ်မခံရမီ ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က သူ့ကို ပစ်မှတ်ထား လုပ်ကြံမယ်လို့ခြိမ်းခြောက်တာတွေရှိခဲ့ပါတယ်။

သတ်ဖြတ်မှုအတွက် ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၁၀ ဦးလည်း ဖမ်းဆီးထားတယ်လို့ အထူးရဲတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နောက်ထပ် ဖမ်းဆီးထားသူ ၁၁၄ ဦးဟာလည်း သူတို့ဟာ အာဆာအဖွဲ့ဝင်တွေဖြစ် တယ်ဆိုပြီး ထုတ်ဖေါ်ပြောဆိုထားတယ်လို့ ရဲအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒုက္ခသည်စခန်းထဲ သူပုန်အုပ်စုတွေ လှုပ်ရှားနေတာကို ပုံမှန်အားဖြင့် ငြင်းဆိုလေ့ရှိပါတယ်။ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ မူးယစ်မှောင်ခိုမှုတွေမှာပါဝင်တဲ့ ရာဇဝတ်ကောင်တွေက ဒီအဖွဲ့အမည်ကို အသုံးချနေတာလို့ ပြောဆိုခဲ့ပါတယ်။

#Rohingya #ARSA#MyanmarBangladesh #VOABurmese#ရိုဟင်ဂျာ#အာဆာ#ဘင်္ဂလားဒေ့ရှ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG