သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေခါင္းေဆာင္ လုပ္ႀကံခံရၿပီး စခန္းတြင္းလုံၿခဳံေရး စိုးရိမ္


႐ိုဟင္ဂ်ာေခါင္းေဆာင္ Mohib Ullah အသတ္ခံခဲ့ရတဲ့ အုပ္ခ်ဳပ္ေရး႐ံုးအနီး လံုၿခံဳေရးခ်ထားတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာေခါင္းေဆာင္တဦးျဖစ္သူ Mohib Ullah ေသနတ္နဲ႔ ပစ္သတ္ခံရၿပီးတဲ့ ေနာက္ပိုင္း သူဦးေဆာင္ခဲ့တဲ့ ပရဟိတအဖြဲ႔ရဲ႕ အႀကီးတန္းအဖြဲ႔ဝင္တဦး အပါအဝင္ တျခားအဖြဲ႔ဝင္ေတြဟာ အသက္အႏၲရာယ္ ၿခိမ္းေျခာက္တဲ့ တယ္လီဖုန္း ေခၚဆိုခ်က္ေတြကို လက္ခံရရွိခဲ့တယ္လုိ႔ AFP သတင္းမွာ ေရးထားပါတယ္။

"က်ေနာ္တို႔ေခါင္းေဆာင္နဲ႔ တျခားလူေတြကို လက္ရဲဇက္ရဲ သူတို႔ပစ္သတ္ခဲ့သလိုပဲ ခင္ဗ်ားကို လုပ္လာႏုိင္ပါတယ္" လို႔ Noor လို႔ အမည္ဝွက္ေပးထားသူက AFP ကို ေျပာပါတယ္။

‘သူတို႔’ လို႔ သူရည္ညႊန္းတာကေတာ့ အာဆာလို႔ အတိုေကာက္ေခၚတဲ့ အာရကန္ ႐ုိဟင္ဂ်ာ ကယ္တင္ေရးတပ္က အဖြဲ႔ဝင္ေတြလို႔ သူယူဆသူေတြကို ရည္ညႊန္းတာပါ။

ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းေတြထဲမွာ သတ္ျဖတ္မႈေတြ၊ ရာဇဝတ္လုပ္ရပ္ေတြရဲ႕ ေနာက္ကြယ္မွာ အာဆာအဖြဲ႔ ပါဝင္ပတ္သက္ေနတယ္လုိ႔ ယူဆထားၾကပါတယ္။ အာဆာအဖြဲ႔ ကိုယ္တိုင္ကေတာ့ Mohib Ullah ကို သတ္ျဖတ္မႈက သူတို႔နဲ႔မဆုိင္ဘူးလို႔ ျငင္းထားပါတယ္။

Mohib Ullah အသတ္ခံရမႈနဲ႔ ဆက္စပ္ၿပီး လူအေတာ္မ်ားမ်ားကို ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႔က ဖမ္းထားေပမယ့္ အာဆာအဖြဲ႔လႈပ္ရွားမႈ မရွိဘူးလို႔ ျငင္းထားၿပီး ဒုကၡသည္စခန္းေတြထဲက ၿပိဳင္ဘက္အဖြဲ႔ေတြလက္ခ်က္ ျဖစ္မယ္လုိ႔ စြပ္စြဲထားပါတယ္။

ကုတုပေလာင္ ဒုကၡသည္စခန္း အႀကီးအကဲ Naimul Haque က "စခန္းေတြထဲမွာ အာဆာမရွိပါဘူး" လို႔ AFP ကို ေျပာပါတယ္။

ဒါေပမယ့္လည္း Mohib Ullah အဖြဲ႔ထဲကလူေတြနဲ႔ တျခားဒုကၡသည္ေတြကေတာ့ သူတို႔အသက္အႏၲရာယ္အတြက္ ထိတ္လန္႔စိုးရိမ္ေနၾကရတုန္းပါ။

စခန္းေတြမွာ ဘဂၤလားေဒ့ရွ္ လုံၿခံဳေရးေတြက ေန႔ဘက္ပိုင္းေတြမွာ ကင္းလွည့္ေစာင့္ၾကပ္ၿပီး ညဘက္ေတြမွာ ဘာလံုၿခံဳေရးမွ မရွိေတာ့ဘဲ အဲဒီအခ်ိန္ေတြမွာ အာဆာအဖြဲ႔နဲ႔ ဆက္စပ္တဲ့ ဂိုဏ္းေတြ လႈပ္ရွားၾကတာေၾကာင့္ သူတို႔လံုၿခံဳေရးကို စိုးရိမ္ၾကတဲ့အေၾကာင္း ဒုကၡသည္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ရိုဟင်ဂျာခေါင်းဆောင် လုပ်ကြံခံရပြီး စခန်းတွင်းလုံခြုံရေး စိုးရိမ်

ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့ နောက်ပိုင်း သူဦးဆောင်ခဲ့တဲ့ ပရဟိတအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တဦး အပါအဝင် တခြားအဖွဲ့ဝင်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ တယ်လီဖုန်း ခေါ်ဆိုချက်တွေကို လက်ခံရရှိခဲ့တယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။

"ကျနော်တို့ခေါင်းဆောင်နဲ့ တခြားလူတွေကို လက်ရဲဇက်ရဲ သူတို့ပစ်သတ်ခဲ့သလိုပဲ ခင်ဗျားကို လုပ်လာနိုင်ပါတယ်" လို့ Noor လို့ အမည်ဝှက်ပေးထားသူက AFP ကို ပြောပါတယ်။

‘သူတို့’ လို့ သူရည်ညွှန်းတာကတော့ အာဆာလို့ အတိုကောက်ခေါ်တဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်က အဖွဲ့ဝင်တွေလို့ သူယူဆသူတွေကို ရည်ညွှန်းတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေထဲမှာ သတ်ဖြတ်မှုတွေ၊ ရာဇဝတ်လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ အာဆာအဖွဲ့ ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြပါတယ်။ အာဆာအဖွဲ့ ကိုယ်တိုင်ကတော့ Mohib Ullah ကို သတ်ဖြတ်မှုက သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းထားပါတယ်။

Mohib Ullah အသတ်ခံရမှုနဲ့ ဆက်စပ်ပြီး လူအတော်များများကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းထားပေမယ့် အာဆာအဖွဲ့လှုပ်ရှားမှု မရှိဘူးလို့ ငြင်းထားပြီး ဒုက္ခသည်စခန်းတွေထဲက ပြိုင်ဘက်အဖွဲ့တွေလက်ချက် ဖြစ်မယ်လို့ စွပ်စွဲထားပါတယ်။

ကုတုပလောင် ဒုက္ခသည်စခန်း အကြီးအကဲ Naimul Haque က "စခန်းတွေထဲမှာ အာဆာမရှိပါဘူး" လို့ AFP ကို ပြောပါတယ်။

ဒါပေမယ့်လည်း Mohib Ullah အဖွဲ့ထဲကလူတွေနဲ့ တခြားဒုက္ခသည်တွေကတော့ သူတို့အသက်အန္တရာယ်အတွက် ထိတ်လန့်စိုးရိမ်နေကြရတုန်းပါ။

စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတွေက နေ့ဘက်ပိုင်းတွေမှာ ကင်းလှည့်စောင့်ကြပ်ပြီး ညဘက်တွေမှာ ဘာလုံခြုံရေးမှ မရှိတော့ဘဲ အဲဒီအချိန်တွေမှာ အာဆာအဖွဲ့နဲ့ ဆက်စပ်တဲ့ ဂိုဏ်းတွေ လှုပ်ရှားကြတာကြောင့် သူတို့လုံခြုံရေးကို စိုးရိမ်ကြတဲ့အကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။

XS
SM
MD
LG