သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ အေရးေပၚ အေျခအေန သက္တမ္းတိုးတဲ့အေပၚ ကုလအႀကီးအကဲစိုးရိမ္ 


Stéphane Dujarric UN Spokesperson ကုလ ေျပာခြင့္ရပုဂၢိဳလ္ ( UN Web photo )

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာအရပ္ရပ္ကို စစ္တပ္က ဆက္လက္ခ်ဳပ္ကိုင္ထားတဲ့အေပၚ စိုးရိမ္ေၾကာင္း ကုလသမဂၢ အႀကီးအကဲက ေျပာလိုက္ပါတယ္။

စစ္ေကာင္စီ အေရးေပၚ အေျခအေန သက္တမ္းတိုးတဲ့အေပၚ ကုလအႀကီးအကဲစိုးရိမ္

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာအရပ္ရပ္ကို စစ္တပ္က ဆက္လက္ခ်ဳပ္ကိုင္ထားတဲ့အေပၚ စိုးရိမ္ေၾကာင္း ကုလသမဂၢ အႀကီးအကဲက ေျပာလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အေရးေပၚ ေၾကညာထားတာကို ေနာက္ထပ္ ၆ လ သက္တမ္းတိုးဖို႔ အမ်ဳိးသားကာကြယ္ေရးနဲ႔ လုံျခံဳေရးေကာင္စီ အစည္းအေ၀းက ဇူလိုင္လ ၃၁ ရက္ေန႔က ဆုံးျဖတ္ခဲ့တဲ့အေပၚ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက တုံ႔ျပန္လိုက္တာပါ။

“ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားေရးဆိုင္ရာ အခြင့္အာဏာေတြကို ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက စစ္တပ္ကို ေပးအပ္ထားတဲ့အေပၚ အထူးစိုးရိမ္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္က ထပ္ေျပာပါတယ္။ အၾကမ္းဖက္မႈေတြနဲ႔ ဖိႏွိပ္မႈေတြ ခ်က္ျခင္းရပ္ဖို႔၊ လူ႔အခြင့္အေရး၊ အေျခခံလြတ္လပ္ခြင့္ေတြနဲ႔ လူထုရဲ႕ဆႏၵကို ေလးစားဖို႔၊ ျမန္မာႏိုင္ငံက အက်ဥ္းေထာင္ေတြမွာ မတရားဖမ္းဆီး ထားသူေတြကို ခ်က္ျခင္းျပန္လႊတ္ဖို႔လည္း ထပ္မံေတာင္းဆိုလိုက္ပါတယ္။” လို႔ အတြင္းေရးမွဴးခ်ဳပ္႐ုံး ေျပာခြင့္ရ Stephane Dujarric က နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္မွာ အဂၤါေန႔ သတင္းစာ ရွင္းလင္းပဲြအတြင္း ေျပာလိုက္တာပါ။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဒုတိယအႀကိမ္ အေရးေပၚ အေျခအေန သက္တမ္းတိုးေၾကာင္း ေၾကညာခဲ့ၿပီး ေနာက္တေန႔မွာပဲ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မိန္႔ခြန္းေျပာၾကားရာမွာေတာ့ ႏိုင္ငံေရး၊ စီးပြားေရး၊ က်န္းမာေရးနဲ႔ ၿငိမ္းခ်မ္းေရး ကိစၥေတြ အပါအ၀င္ တိုင္းျပည္ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ေျဖရွင္းမယ့္အေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္ (ILO) ကေတာ့ ကိုဗစ္ကပ္ေရာဂါ စတင္ခဲ့တဲ့ ၂ ႏွစ္ခဲြေလာက္နဲ႔ စစ္အာဏာသိမ္းၿပီး ၁ ႏွစ္ခဲြ ကာလအတြင္း ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္ လက္လြတ္ဆုံး႐ႈံးမႈေတြနဲ႔ အႀကီးအက်ယ္ ဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

စစ်ကောင်စီ အရေးပေါ် အခြေအနေ သက်တမ်းတိုးတဲ့အပေါ် ကုလအကြီးအကဲစိုးရိမ်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာအရပ်ရပ်ကို စစ်တပ်က ဆက်လက်ချုပ်ကိုင်ထားတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ် ကြေညာထားတာကို နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက ဇူလိုင်လ ၃၁ ရက်နေ့က ဆုံးဖြတ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက တုံ့ပြန်လိုက်တာပါ။

“ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားရေးဆိုင်ရာ အခွင့်အာဏာတွေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စစ်တပ်ကို ပေးအပ်ထားတဲ့အပေါ် အထူးစိုးရိမ်ကြောင်း အတွင်းရေးမှူးချုပ်က ထပ်ပြောပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ ချက်ခြင်းရပ်ဖို့၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေနဲ့ လူထုရဲ့ဆန္ဒကို လေးစားဖို့၊ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီး ထားသူတွေကို ချက်ခြင်းပြန်လွှတ်ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။” လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောလိုက်တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ် အရေးပေါ် အခြေအနေ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါအဝင် တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကတော့ ကိုဗစ်ကပ်ရောဂါ စတင်ခဲ့တဲ့ ၂ နှစ်ခွဲလောက်နဲ့ စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲ ကာလအတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် လက်လွတ်ဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG