သုံးရလွယ်ကူစေသည့် Link များ

ရုရှား နဲ့ ယူကရိန်းသမ္မတ တို့ကို ကုလအကြီးအကဲ သီးခြားစီတွေ့ဖို့ကမ်းလှမ်း


UNSG , Antonio Guterres at WEF
UNSG , Antonio Guterres at WEF

ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေး လမ်းစရှာနိုင်အောင် ရုရှားသမ္မတ Vladimir Putin ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးလိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကစာပေးပို့ အကြောင်းကြားလိုက်ပါတယ်။

ရုရှား နဲ့ ယူကရိန်းသမ္မတ တို့ကို ကုလအကြီးအကဲ သီးခြားစီတွေ့ဖို့ကမ်းလှမ်း

{{Zawgyi/Unicode}}
ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေး လမ်းစရှာနိုင်အောင် ရုရှားသမ္မတ Vladimir Putin ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးလိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကစာပေးပို့ အကြောင်းကြားလိုက်ပါတယ်။ Moscow နဲ့ Kyiv မြို့တော်တွေမှာ သီးခြားစီတွေ့ဆုံလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တွေထံ အင်္ဂါနေ့က စာပေးပို့ အကြောင်းကြားခဲ့တာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်တာပါ။

“ကြီးမားလှတဲ့ အန္တရာယ်နဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံနေရချိန်မှာ၊ ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိဖို့၊ ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာ ဥပဒေတွေကို အခြေခံတဲ့ နိုင်ငံစုံပါဝင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ့် အစီအစဉ်တွေကို အမြန်ဆုံး ဆွေးနွေးလိုကြောင်း အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။” လို့ ကုလသမဂ္ဂပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

Orthodox ခရစ်ယာန်တွေရဲ့ အီစတာပွဲတော် အခါသမယအဖြစ် အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ဖို့နဲ့ စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ယူကရိန်းမှာ စစ်ပွဲတွေ ၄ ရက်ကြာ ယာယီရပ်ဆိုင်းထားဖို့လည်း အင်္ဂါနေ့မှာပဲ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။

စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ တိုက်တွန်းတဲ့နေ့မှာပဲ ရုရှားက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲခဲ့တဲ့ အပေါ်မှာလည်း အတွင်းရေးမှူးချုပ်က ဝေဖန်ခဲ့တာပါ။

ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ပွဲဖြစ်တဲ့ ယူကရိန်းအပေါ် ရုရှားကျုးကျော်တိုက်ခိုက်မှုကြောင့် သေကျေထိခိုက်သူ ထောင်သောင်းချီရှိခဲ့သလို၊ စာနာမှု အကူအညီ လိုအပ်သူ ၁၂ သန်းကျော် ရှိနေကြောင်းလည်း ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................................................


{{Zawgyi/Unicode}}





XS
SM
MD
LG