သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲ ယာယီရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း 


UKRAINE-CRISIS/GUTERRES
UKRAINE-CRISIS/GUTERRES

ယူကရိန်းနိုင်ငံတွင်း ရုရှားရဲ့ စစ်ပွဲက အန္တရာယ်ကြီးတဲ့ အခြေအနေသစ် တရပ်ကို စတင်လာချိန်မှာဘဲ အော်သိုဒေါ့ ခရစ်ယာန်တို့ရဲ့ အီစတာ ပွဲတော်နဲ့ တိုက်ဆိုင်ပြီး ဒီသီတင်းပတ်အတွင်း ၄ ရက်ကြာ လူသားချင်း စာနာထောက်ထားမှုနဲ့ စစ်ပွဲ ယာယီရပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲ ယာယီရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံတွင်း ရုရှားရဲ့ စစ်ပွဲက အန္တရာယ်ကြီးတဲ့ အခြေအနေသစ် တရပ်ကို စတင်လာချိန်မှာဘဲ အော်သိုဒေါ့ ခရစ်ယာန်တို့ရဲ့ အီစတာ ပွဲတော်နဲ့ တိုက်ဆိုင်ပြီး ဒီသီတင်းပတ်အတွင်း ၄ ရက်ကြာ လူသားချင်း စာနာထောက်ထားမှုနဲ့ စစ်ပွဲ ယာယီရပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ ပန်ကြားလိုက်ပါတယ်။

လက်ရှိ တွေ့မြင်နေရတဲ့ အရပ်သား သေဆုံး ထိခိုက်မှုတွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ ရှေ့လျှောက် ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ် အဖြစ်ဆိုးတွေနဲ့ ယှဉ်ရင် မဆိုစလောက် ဖြစ်သွားနိုင်တယ်လို့လည်း ယူကရိန်း အရှေ့ပိုင်းဒေသအပေါ် ရုရှားရဲ့ ထိုးစစ်နဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။ လူပေါင်း သိန်းချီ ဒုက္ခရောက်ကြရမယ့် အခြေအနေမျိုး အဖြစ်မခံနိုင်ကြောင်းလည်း ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ အနေနဲ့ ပစ်ခတ်မှုတွေ ရပ်ပြီး အန္တရာယ်နဲ့ လက်ငင်း ကြုံတွေ့နေရသူတွေအတွက် ဘေးကင်းရာလမ်းကြောင်းတခု ဖော်ဆောင်ပေးဖို့ တောင်းဆိုကြောင်း၊ ၄ ရက်တာ အီစတာ ကာလဟာ ဆိုရင် အသက်ကယ်ဆယ်ရေးအတွက် ညီညွတ်ရမယ့် အချိန် ဖြစ်သလို ယူကရိန်းနိုင်ငံတွင်း ဒုက္ခတွေ အဆုံးသတ်ရေး ထပ်ပြီး ဆွေးနွေးသင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာပါ။

အော်သိုဒေါ့ ခရစ်ယာန် ပြက္ခဒိန်အရ Holy Thursday ဧပြီလ ၂၁ ရက်နေ့ကစလို့ အီစတာ ပွဲတော် ကျင်းပရာ ဧပြီလ ၂၄ ရက်နေ့အထိ တိုက်ပွဲတွေ ရပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပန်ကြားထားတာပါ။ ယူကရိန်းနဲ့ ရုရှား ပြည်သူတွေဟာ အဲဒီ ကာလမှာ အီစတာ ပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ခနတာ ရပ်ဆိုင်းမယ်ဆိုရင် မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွေကနေ ထွက်ခွာလိုတဲ့ အရပ်သားတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ လမ်းကြောင်းတွေ ဖွင့်ပေးနိုင်မှာ ဖြစ်သလို Mariupol ၊ Kherson ၊ Donetsk နဲ့ Luhansk အပါအဝင် စစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတဲ့ ဒေသတွေက လူထု အတွက် အကူအညီ ပေးနိုင်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ယူကရိန်းစစ်ပွဲ ယာယီရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

............................................................................


{{Zawgyi/Unicode}}





XS
SM
MD
LG